Тёмный

ဘောလုံးအင်္ကျီ ဗီရိုတလုံးအပြည့်နဲ့​ ဒေါ်စန်းစန်း​ဝေ (ခ) အမေစန်း 

NewsWatch Myanmar
Подписаться 238 тыс.
Просмотров 1,1 тыс.
50% 1

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းကစားတဲ့ပွဲတိုင်း အထူးတန်းပွဲကြည့်စင်ကနေ အားမာန်အပြည့်နဲ့ အော်ဟစ်အားပေးနေတဲ့အသံ ထွက်ပေါ်လာရင် ပြေးမကြည့်နဲ့ အဲဒါဟာ အမေစန်းပဲ ဖြစ်ပါတယ်။ အမည်ရင်းက ဒေါ်စန်းစန်းဝေဖြစ်ပြီး ဘောလုံးအသိုင်းအဝိုင်းမှာတော့ “အမေစန်း”လို့ သိကြတဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးကြီးဖြစ်ပါတယ်။
“မြန်မာပြည်အနှံ့ အမေစန်းမရောက်ဖူးတဲ့ ဘောလုံးကွင်းဆိုတာ မရှိဘူူး”လို့ သူမက ဆိုပါတယ်။
သူမဟာ ရန်ကုန်ယူနိုက်တက်အသင်း Fan Club ဝင်တဦးလည်းဖြစ်သလို ပြည်ပကလပ်အသင်းတွေထဲမှာဆိုရင်တော့ Manchester United က သူမ အသည်းစွဲအားပေးတဲ့အသင်းဖြစ်ပါတယ်။
အမေစန်းဟာ ဒဂုံတက္ကသိုလ် ရုံးဝန်ထမ်းဘ၀ အသက် ၄၀ ဝန်းကျင်းအရွယ်ကတည်းက အခွင့်အရေးပေးသလောက် ဘောလုံးပွဲတွေနောက်လိုက်ခဲ့ပါတယ်။ ယခုနောက်ပိုင်း အငြိမ်းစားယူပြီးချိန်မှာတော့ စိတ်သွားတိုင်းကိုယ်ပါ ဘောလုံးပွဲတွေကို အဆက်မပြတ် ကြည့်ရှုအားပေးဖြစ်နေပါတယ်။
သူမရဲ့ စိတ်အားထက်သန်မှုနဲ့ အားပေးမှုကို တုံ့ပြန်တဲ့အနေနဲ့ ဘောလုံးသမားတွေက လက်ဆောင်အဖြစ်ပေးသွားတဲ့ ဂျာစီအိင်္ကျီတွေဟာ အမေစန်းရဲ့အိမ်မှာ ဗီရိုတလုံးနဲ့ အပြည့်ရှိနေပါတယ်။ ဒီအထဲမှာ လူကြီးလူငယ် မြန်မာ့လက်ရွေးစင်ကစားသမားတွေသာမက နိုင်ငံခြားသားကစားသမားတွေနဲ့ နည်းပြအချို့ရဲ့ ဂျာစီတွေလည်း အပါအဝင်ဖြစ်ပါတယ်။
မြန်မာအသင်းနဲ့ YU အသင်းပွဲတိုင်မှာ သူမရှိနေပြီး ဘောလုံးကွင်းပွဲကြည့်စင်ထက်က ပရိသတ်များစွာကြားမှာ မိမိအသင်းအတွက် နိုင်လိုစိတ်ပြင်းထန်စွာနဲ့အားပေးလေ့ရှိတဲ့ ထူးထူးခြားခြား အမျိုးသမီး ဘောလုံးပရိသတ်တဦးပဲဖြစ်ပါတယ်။
#AmaySan #ManUtd #MyanmarFootball
#MyanmarFan #YangonUnited #footballfans
#NewsWatch #YokeshinTayKabyar

Опубликовано:

 

6 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 2   
@KoYanNaing-n6w
@KoYanNaing-n6w 2 месяца назад
Good အမေ❤❤❤❤
@LeoOliver-Grayson
@LeoOliver-Grayson 3 месяца назад
ဝါသနာကြီးပေသကိုး😊😊😊😊
Далее
PUBG MOBILE | Metro Royale: Fun Moments #4
00:16
Просмотров 173 тыс.