#ပရိတ်ကြီး၁၁သုတ်၊ကမ္မဝါ 🙏🙏🙏#မင်းကွန်းဆရာတော်ဦးဝိစိတ္တသာရာဘိဝံသ#GoldenMonkeyChannel
Golden Monkey Channel ကိုလာလည်ကြသူတွေအားလုံးကျန်းမာချမ်းသာကျပါစေလို့ဆုတောင်းမေတ္တာပိုသပါတယ်။
😘😘😘🙏🙏🙏ကျေးဇူးပါ။🙏🙏🙏😘😘😘
==============================================
ပရိတ်ကြီး (၁၁) သုတ်ရွတ်ဖတ်ခြင်း၏အကျိုးကျေးဇူးများ
၁ ။ မင်္ဂလသုတ် = လိုက်နာကျင့်သုံးပါလျှင် ရန်သူတို့အပေါ်မိမိက အောင်နိုင်ခြင်း၊ အရပ်ဒေသတိုင်း၌ ချမ်းသာစွာ နေရခြင်း။
၂ ။ ရတနသုတ် = ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် ရောဂါဘေး၊ ဘီလူးဘေး၊ ငတ်မွတ်ခေါင်းပါးဘေးတို့မှ ကင်းလွတ်နိုင်ခြင်း။
၃ ။ မေတ္တသုတ် = ရွတ်ဖတ် လိုက်နာခြင်းဖြင့် ဘီလူး၊ သရဲစသောမကောင်းဆိုးဝါးတို့က ကြောက်မက်ဖွယ် အာရုံကို မပြနိုင်ခြင်း၊ ချမ်းသာစွာအိပ်ရ၊ နိုးရခြင်း စသောအကျိုး ၁၁ ပါး ရရှိနိုင်ခြင်း။
၄ ။ ခန္ဓသုတ် = ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် သတ္တဝါ အားလုံးတို့၏ပြင်းထန်သောအဆိပ်နှင့်ဘေးရန် အမျိုးမျိုးတို့ကို ပပျေက်စေနိုင်ခြင်း။
၅ ။ မောရသုတ် = ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် မင်းဘေး စသောဘေးရန် အပေါင်းတို့မှ လွတ်ကင်းနိုင်ခြင်း။
၆ ။ ဝဋ္ဋသုတ် = ရွတ်ဖတ်ပူဇော်ခြင်းဖြင့် မီးမလောင်နိုင်ခြင်း၊ မီးဘေးမှ ကင်းလွတ်နိုင်ခြင်း။ မှန်ကန်စွာ သစ္စာပြုခြင်း၏ အစွမ်းထက်ပုံနှင့် ကိုယ်တိုင်လည်း လိုက်နာ ကျင့်ကြံပါက ဘေးရန်လွတ်ကင်း
နိုင်ခြင်း။(ဥပမာ တောင်ဖီလာဆရာတော်ကြီး၏သစ္စာအစွမ်းကြောင့်ဓါးမ သည် မြစ် တစ်ဖက်ကမ်းသို့ ကူးခတ် သွားခြင်းသည် သစ္စာ၏အစွမ်းပင်ဖြစ်ပါသည်။)
၇ ။ ဓဇဂ္ဂသုတ် = စိတ်ထဲတွင် ဆင်ခြင်အောက်မေ့ရုံမျှဖြင့် ကောင်းကင်၌ မြေပြင်အလား ရပ်တည်နိုင်ခြင်း၊ထိတ်လန့်ကြောက်ရွံ့ခြင်းမှ ကင်းလွတ်နိုင်ခြင်း။
.
၈ ။ အာဋာနာဋိယသုတ်= ပွားများရွတ်ဖတ်ခြင်းဖြင့် နတ်ကြမ်း၊ဘီလူးကြမ်းတို့က မညှင်းဆဲ မနှိပ်စက်နိုင်ခြင်း။
၉ ။ အင်္ဂုလိမာလသုတ် =ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် ကိုယ်ဝန်ဆောင် မိခင်များ လွယ်ကူစွာသားဖွားနိုင်ခြင်း၊ မိခင်ရောကလေးပါ ကျန်းမာချမ်းသာခြင်း။
၁၀။ ဗောဇ္ဈင်ဂသုတ် = ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ ဗောဇ္ဈင် (၇) ပါးအတိုင်းလိုက်နာကျင့်ကြံ ပွားများခြင်းဖြင့် နာမကျန်းဖြစ်၍ ဆင်းရဲဒုက္ခရောက်သူကို ဆင်းရဲလွတ်ကင်းစေခြင်း၊ မာရ်စစ် သည်ကို နှိမ်နင်း ချေဖျက်နိုင်ခြင်း၊ သံသရာမှ လွတ်မြောက်နိုင်ခြင်း၊ ဇာတိ၊ဇရာ၊ မရဏဘေးတို့မှလွတ်ရာနိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ခြင်း။
၁၁။ ပုဗ္ဗဏှသုတ် =ပွားများရွတ်ဖတ်ပါက မကောင်းသော အတိတ်နိမိတ်များ၊ မကောင်းသောအမင်္ဂလာ ဟူသမျှ ငှက်ဆိုးသံ၊ပါပဂြိုလ်၊ မကောင်းသော အိပ်မက်ဆိုးများ ပျောက်ကင်းနိုင်ခြင်း
အစရှိသော အကျိုးအာနိသင်များကို အသီးသီး ရရှိနိုင်ပါသည်။
============================
🌹သတ္တဝါခပ်သိမ်း တရားကိန်း
🌹အေးငြိမ်းချမ်းသာရှိပါစေ...
🌹အားလုံးသတၱဝါ ေဘးရန္ကြာ
🌹ချမ်းသာကိုယ်စိတ်မြဲပါစေ...
🌹မိမိရည်မှန်း မဂ်ဖိုလ်ပန်း
🌹ဆင်မြန်းနိုင်ပါစေ...
🌹သက်ရှည်ကျန်းမာ ဘေးရန်ကွာ
🌹သာသနာပြုနိုင်ကြပါစေ...
🌹ပစ္စည်းလေးဖြာ ဒါယကာ
🌹ချမ်းသာကိုယ်စိတ်မြဲပါစေ...
🌹ဝေယျာဝေစ္စ ပြုကြပေတာ များသူငါ
🌹ချမ်းသာကိုယ်စိတ်မြဲပါစေ...
🌹ဥပါဒ်ရန်ဘေး ကင်းစင်ဝေး
🌹ငြိမ်းအေးချမ်းသာ ရှိပါစေ...
==============================
Golden Monkey Channel Link: / @goldenmonkeychannel8878
Please Subscribe အနီရောင်ကို တစ်ခါနှိပ်ထားပါ!! (နှိပ်ပြီးရင် ထပ်နှိပ်စရာမလိုပါ)
Thank you.
Golden Monkey Channel
2 окт 2024