Тёмный
No video :(

မတ္တရာမြို့အနီးက စစ်အုပ်စု စခန်းတွေကို နှစ်ဖက်ညှပ် တိုက်ခိုက်နေ၊ 

Mandalay Free Press - MFP
Подписаться 145 тыс.
Просмотров 34 тыс.
50% 1

တိုက်ပွဲတွေ မတ္တရာမြို့နဲ့ နှစ်မိုင်ကျော်သာ ဝေးတော့လို့ မြို့ခံအများစု စစ်ဘေးကြိုရှောင်၊
ထင်လင်း/ MFP ၊ ဇူလိုင် ၁၇
မန္တလေးတိုင်း၊ မတ္တရာမြို့အနီးက စစ်အုပ်စု စခန်းတွေကို တော်လှန်ရေးတပ်တွေက နှစ်ဖက်ညှပ် တိုက်ခိုက်နေပြီး တိုက်ပွဲတွေက မြို့နဲ့ နှစ်မိုင်ခွဲအကွာထိ ရောက်ရှိလာပြီမို့ မြို့ခံအများစု စစ်ဘေးလွတ်ရာ ကြိုတင် ထွက်ပြေး တိမ်းရှောင် နေကြတယ်လို့ မတ္တရာမြို့ခံတွေက MFP ကို ပြောပါတယ်။
မတ္တရာမြို့ရဲ့ မြောက်ဘက်၊ မတ္တရာ - စဉ့်ကူး ကားလမ်းပေါ်က မြို့နဲ့ နှစ်မိုင်ခွဲခန့်သာဝေးတဲ့ တံငါ(တောင်)ကျေးရွာ စစ်အုပ်စု စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက ဇူလိုင်(၁၆)ရက်မှာ တိုက်ခိုက် သိမ်းပိုက်ခဲ့သလို မတ္တရာမြို့ရဲ့ အရှေ့တောင်ဘက်၊ မန္တလေး - မတ္တရာ ကားလမ်းပေါ်က ကျောက်တံတားရွာ စစ်အုပ်စု စခန်းကိုလည်း ဇူလိုင်(၁၄)ရက်က စလို့ တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
“မတ္တရာမြို့နယ်အတွင်းရှိ ကျောက်တံတား တပ်စခန်းတွင်လည်း တိုက်ပွဲ ပြင်းထန်လျက် ရှိပြီး အပြီးသတ် သိမ်းပိုက် ရရှိရန် လုပ်ဆောင်လျက်ရှိသည်” လို့ MDY-PDF စစ်ဦးစီးအဖွဲ့က ဇူလိုင်(၁၆)ရက်မှာ ထုတ်ပြန်ပါတယ်။
အဲ့ဒီလို တိုက်ပွဲတွေ မြို့နဲ့ အလွန်နီးကပ်လာတာကြောင့် မတ္တရာမြို့ခံတွေ ကြိုတင် စစ်ဘေး တိမ်းရှောင်ကြပြီလို့ မတ္တရာမြို့ခံ တစ်ဦးက MFP ကို ပြောပါတယ်။
"တော်တော် များများတော့ ပြေးကုန်ကြပြီ။ (မြို့ပေါ်မှာ ဆက်လက်နေထိုင်သူ) မရှိတော့ဘူး သိပ်ပြီးတော့” ၊
"မန္တလေးလည်း ဝင်လို့ထွက်လို့ မရတော့ဘူး၊ အကုန်လုံး အောက်လမ်းကပဲ သွားရတော့တာ" ၊
စစ်အုပ်စုဟာ စခန်းသိမ်းခံထားရတဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်း တံငါတောင်ရွာနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ကျောက်တံတားကျေးရွာ ဝန်းကျင်ကို (Y-12) လေယာဉ်၊ တိုက်လေယာဉ်၊ (MI-35) တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် မတ္တရာမြို့ပေါ်က စစ်အုပ်စု တပ်စွဲထားတဲ့ နေရာတွေကနေ တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာတွေကို လက်နက်ကြီး ပစ်ကူတာလည်း ရှိတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
အဲဒီလို လက်နက်ကြီး ပစ်ကူတဲ့အတွက် မနေ့ ဇူလိုင်(၁၆)ရက် မနက်(၉)နာရီခွဲခန့်က မတ္တရာမြို့၊ ရန်ကင်းရပ်ကွက် အတွင်းရှိ လက်ဖက်ရည်ဆိုင်အနီး လက်နက်ကြီးကျည် တစ်လုံး ကျရောက်‌ပေါက်ကွဲကာ ကလေးတစ်ဦး အပါအဝင် လူသုံးဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့နဲ့ တဖြည်းဖြည်း နီးကပ်လာပြီး တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့အတွက် မတ္တရာမြို့ အနောက်ခြမ်းမှာလည်း စစ်ဘေးရှောင် ထောင်နဲ့ချီ တိုးလာပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသကာကွယ်ရေးတပ်‌တွေက ပြောပါ တယ်။
မတ္တရာမြို့က စစ်ဘေးရှောင်သူ အများစုဟာ တိုက်ပွဲတွေ ငြိမ်သက်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ နီးစပ်ရာ မြို့နယ်တွေ ဆီကို ထွက်ပြေးတိမ်းရှောင်နေကြတာလို့ မတ္တရာမြို့ခံတွေက ဆိုပါတယ်။
မတ္တရာကနေ မန္တလေးဘက်ဆီ စစ်ဘေးတိမ်းရှောင်လာကြသူတွေကို မန္တလေးမြို့အဝင် ရွှေကျင်တိုးဂိတ်မှာ စစ်အုပ်စုက မနက်ပိုင်း ခဏသာ ဖြတ်သန်းခွင့်ပေးပြီး တစ်နေကုန် ဖြတ်သန်းသွားလာခွင့် မပြုဘဲ ပိတ်ဆို့ ထားတယ်လို့လည်း မတ္တရာ မြို့ခံတွေက‌ ပြောပါတယ်။
အဆိုပါ မြို့အဝင်ဂိတ်ကို စစ်အုပ်စုက မနက် (၇)နာရီကနေ (၁၀)နာရီခန့်အထိသာ ဖွင့်လှစ် ဖြတ်သန်းခွင့်ပြုပြီး တစ်နေကုန် ပြန်ပိတ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီလို ပိတ်ဆို့ထားတဲ့အတွက် မန္တလေးနဲ့ မတ္တရာကြား ကျေးရွာတွေကနေ မန္တလေးကို သွားရောက် အလုပ်လုပ်ကိုင်ရသူတွေ သွားလာခွင့်မရတော့ဘဲ အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ္တရာမြို့နယ် ထိုးစစ်မှာ မန္တလေးနဲ့မတ္တရာမြို့ကြား၊ မန္တလေးနဲ့ (၁၀)မိုင်ဝန်းကျင်သာ ကွာဝေးတဲ့ Alpha ဘိလပ်မြေစက်ရုံ တပ်စခန်း၊ မတ္တရာနဲ့ နှစ်မိုင်ခွဲခန့်အကွာမှာရှိတဲ့ တောင်တံငါ တပ်စခန်း အပါအဝင် စစ်အုပ်စုရဲ့ တပ်စခန်း (၂၈)ခုထိ သိမ်းပိုက်ရရှိထားပြီလို့ MDY-PDF က မနေ့က ထုတ်ပြန်ထားပါတယ်။
#Mandalay_Free_Press_MFP

Опубликовано:

 

6 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 33   
Далее
Как дела перцы?
00:25
Просмотров 84 тыс.
Аруси Точики ❤️❤️❤️
00:13
Просмотров 233 тыс.
How to get Spongebob El Primo FOR FREE!
01:36
Просмотров 14 млн
Kyaw Myo Min (6.9.2024)
21:43
Просмотров 344 тыс.
Ong Bak | Fight Club Scene
15:05
Просмотров 72 млн
Как дела перцы?
00:25
Просмотров 84 тыс.