Тёмный

မန်ယူနဲ့ မြန်မာအသင်းအမာခံ အမေစန်း 

NewsWatch Myanmar
Подписаться 184 тыс.
Просмотров 10 тыс.
50% 1

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းကစားတဲ့ပွဲတိုင်း အထူးတန်းပွဲကြည့်စင်ကနေ အားမာန်အပြည့်နဲ့ အော်ဟစ်အားပေးနေတဲ့အသံ ထွက်ပေါ်လာရင် ပြေးမကြည့်နဲ့ အဲဒါဟာ အမေစန်းပဲ ဖြစ်ပါတယ်။ အမည်ရင်းက ဒေါ်စန်းစန်းဝေဖြစ်ပြီး ဘောလုံးအသိုင်းအဝိုင်းမှာတော့ “အမေစန်း”လို့ သိကြတဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးကြီးဖြစ်ပါတယ်။
“မြန်မာပြည်အနှံ့ အမေစန်းမရောက်ဖူးတဲ့ ဘောလုံးကွင်းဆိုတာ မရှိဘူူး”လို့ သူမက ဆိုပါတယ်။
သူမဟာ ရန်ကုန်ယူနိုက်တက်အသင်း Fan Club ဝင်တဦးလည်းဖြစ်သလို ပြည်ပကလပ်အသင်းတွေထဲမှာဆိုရင်တော့ Manchester United က သူမ အသည်းစွဲအားပေးတဲ့အသင်းဖြစ်ပါတယ်။
အမေစန်းဟာ ဒဂုံတက္ကသိုလ် ရုံးဝန်ထမ်းဘ၀ အသက် ၄၀ ဝန်းကျင်းအရွယ်ကတည်းက အခွင့်အရေးပေးသလောက် ဘောလုံးပွဲတွေနောက်လိုက်ခဲ့ပါတယ်။ ယခုနောက်ပိုင်း အငြိမ်းစားယူပြီးချိန်မှာတော့ စိတ်သွားတိုင်းကိုယ်ပါ ဘောလုံးပွဲတွေကို အဆက်မပြတ် ကြည့်ရှုအားပေးဖြစ်နေပါတယ်။
သူမရဲ့ စိတ်အားထက်သန်မှုနဲ့ အားပေးမှုကို တုံ့ပြန်တဲ့အနေနဲ့ ဘောလုံးသမားတွေက လက်ဆောင်အဖြစ်ပေးသွားတဲ့ ဂျာစီအိင်္ကျီတွေဟာ အမေစန်းရဲ့အိမ်မှာ ဘီဒိုတလုံးနဲ့ အပြည့်ရှိနေပါတယ်။ ဒီအထဲမှာ လူကြီးလူငယ် မြန်မာ့လက်ရွေးစင်ကစားသမားတွေသာမက နိုင်ငံခြားသားကစားသမားတွေနဲ့ နည်းပြအချို့ရဲ့ ဂျာစီတွေလည်း အပါအဝင်ဖြစ်ပါတယ်။
မြန်မာအသင်းနဲ့ YU အသင်းပွဲတိုင်မှာ သူမရှိနေပြီး ဘောလုံးကွင်းပွဲကြည့်စင်ထက်က ပရိသတ်များစွာကြားမှာ မိမိအသင်းအတွက် နိုင်လိုစိတ်ပြင်းထန်စွာနဲ့အားပေးလေ့ရှိတဲ့ ထူးထူးခြားခြား အမျိုးသမီး ဘောလုံးပရိသတ်တဦးပဲဖြစ်ပါတယ်။
#AmaySan #ManUtd #MyanmarFootball
#MyanmarFan #YangonUnited
#FootballFans

Опубликовано:

 

11 июн 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 26   
@YeYint-pk5es
@YeYint-pk5es Месяц назад
😅😅မန်ယူနဲ့ မြန်မာကို အားပေးရင်တော့ အသက်ရှည်မှာမဟုတ်ဘူး😅😅😅
@user-vp4dn1kg2s
@user-vp4dn1kg2s Месяц назад
😂😂
@yeminhtwe5040
@yeminhtwe5040 Месяц назад
အမေစန်းဟုခေါ်သည် မန်ယူဖန်အမေစန်း..❤️
@user-pb1kb1jg4s
@user-pb1kb1jg4s Месяц назад
ရှုံးရှုံး နိုင်နိုင် မြန်မာ လူမျိုးဆို ရှုံး/နိုင် အားပေးနေမာပါပဲ မြန်မာလူမျိုးတစ်ယောက် အစစ်ဆိုရင် ကိုယ့်မြန်မာအသင်းနိုင်ရင်တော့ အတိုင်းမသိပေါ့ဗျာ ကိုယ့်မြနမာအသင်းနိုင်လိုပ်တယ်ဆိုတော့လေ ရှုံးလည်း ကိုယ့်မြန်မာ နိုင်ငံရဲ့ ကိုယ်စားပြု ကစားသမားတွေပဲလေ စကားပုံလေးရှိတာပဲ ......လို့ မာန်လျော့ရတဲ့ သဘောပေါ့ သူတို့လည်း တတ်စွမ်းသမျှကြိုးစားကြတာပဲလေ ရှုံးလည်း အသိအမှတ်ပြုပေးရမယ် နိုင်လည်း ပိုပီး အသိအမှတ်ပြုပီး ပိုပီး ဂုဏ်ပြုပေးရမာ ပဲလေ မြန်မာ လူမျိုးတစ်ယောက်အနေနဲ့ ( ကျေးဇူးအများကြီးတင်ပါတယ် အန်တီ)
@toelay1328
@toelay1328 Месяц назад
ဘောလုံးသမားတွေတောင် အမေစန်းလောက်ကွင်းအစုံမကန်ဖူးလောက်ဘူး😂😂
@nawphaw4944
@nawphaw4944 Месяц назад
သနားတယ်အန်တီကြိပွဲတိုင်းရူံးနေလို့
@linnaingoomyanmar8308
@linnaingoomyanmar8308 Месяц назад
မန်ယူ နဲ့ မြန်မာအသင်းကိုအားပေပြီဆိုထဲက အဒေါ်ကိုသနားမိတယ် စိတ်ဒုက္ခတော်တော်ရောက်မှာသူတို့ကြောင့်အသက်ပါတိုတယ်😞
@ThantZinOo-ou4te
@ThantZinOo-ou4te Месяц назад
ဘရူနိုင်း လာအို တီမော တို့ကို ဖိတ်ပြီးပတ်လည်ကန်ခိုင်းပါလားဗျာ ပြည်တွင်းကစားမားတွေနဲ့ပဲမကန်ခိုင်းပါနဲ့ပြည်ပကစားတွေပါခေါ်ကန်ပါ မြန်မာ နိုင်တာလေးကြည့်ချင်လို့ပါ
@user-cj6lf5pi2w
@user-cj6lf5pi2w Месяц назад
❤❤❤❤❤
@user-xy1yi7mq1f
@user-xy1yi7mq1f Месяц назад
လေးစားတယ်
@ayeminn4005
@ayeminn4005 Месяц назад
😍😍😍
@hlaingminaung8660
@hlaingminaung8660 Месяц назад
ဒီအန်တီကြီးကမှငါထက်မြန်မာကစားသမားတွေနာမည်တွေသိသေးတယ်ငါဆို3/4ယောက်လောက်ပဲသိတာ
@user-rv7qk8yz5c
@user-rv7qk8yz5c Месяц назад
မြန်မာကကောင်တွေ ပရိသတ်ကို ပျော်ခွင့်ပေး မစ်ဆူဘီရှီဖလားမှာ နိုင်အောင်ကန်ကြ
@kophyo9759
@kophyo9759 Месяц назад
@aungnaingtun5043
@aungnaingtun5043 Месяц назад
🎉🎉🎉🎉🎉🎉🎉🎉🎉
@minthet977
@minthet977 Месяц назад
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ထဲက ရန်ကုန် ယူနိုက်တက် ပွဲတွေမှာတွေ့တယ်
@AuroraQueen-cn7df
@AuroraQueen-cn7df Месяц назад
မြန်မာ့စိတ်ဓာတ်ကိုနိုင်ငံတော်သီချင်းကြားရတဲ့အချိန်သိရတာပဲကိုနိုင်ငံကို့လူမျိုးကိုတန်ဖိုးထားတဲ့စိတ်ဓာတ်
@AungKyawPhyo-ux4ke
@AungKyawPhyo-ux4ke Месяц назад
နောက်တစ်ယောက်ရှိသေးတယ်သူကအဆဲလေးနဲနဲပါတယ်😂😂😂😂
@user-pu8qf3he4f
@user-pu8qf3he4f Месяц назад
😂😂😂
@GentleMan-mp6nv
@GentleMan-mp6nv Месяц назад
ချီးတွင်းထဲရောက်နေတဲ့မန်ယူကိုအားပေးတယ်ဆိုတော့ဒီဘွားတော်စာမတတ်လောက်ဘူး။
@nwenikyaw8073
@nwenikyaw8073 Месяц назад
အ့လိုတော့ မပြောပါနဲ့
@winmyint6746
@winmyint6746 Месяц назад
ဗမာအားကစား မြန်မာကိုလွှမ်းရမည်😅😅😅
@uchetfound1179
@uchetfound1179 Месяц назад
❤❤❤❤❤
@user-uy6su2wf5o
@user-uy6su2wf5o Месяц назад
အရင်းရှိမှအမြတ်ရှိမှာ😏😏😏
@nnss-wh5kv
@nnss-wh5kv Месяц назад
❤❤❤❤❤
Далее
Выпускаем трек? #iribaby
00:14
Просмотров 392 тыс.
Flo Rida - Whistle НА РУССКОМ 😂🔥
00:29
Просмотров 509 тыс.
СОБАКИ ГОЛОДАЮТ ИЗ-ЗА ЛЕРЫ 🥲
01:00
5 ဇူလိုင် 2024
10:05
Просмотров 16 тыс.