" ဦးလေးအရင်းမှ မသန်စွမ်းတူမလေးကို အဓ္ဓမကျင့်ပြီးသိန်းနှစ်ရာလျော်ကြေးပေးကာ ကျေအေးပေးဖို့ ၊ လျော်ကြေးယူကာမြို့နယ်မှ ထွက်သွားပေးဖို့တောင်းဆိုခဲ့ပေမယ့် ပိုးမွေးသလို မွေးခဲ့တဲ့သမီးအတွက် ငွေလုံးဝမယူဘဲ အမှုရင်ဆိုင်ပြီးဖြေရှင်းခဲ့တယ်။ အလားတူအဖြစ်ပျက်မျိုးများစွာရှိပေမယ့် အများအားဖြင့်နှုတ်ဆိတ်သွားကြတာတွေရှိတယ်။အကြောင်းအမျိုးမျိုးကြောင့်ပေါ့"
"ဒီလိုမိခင်ကိုအတုယူပြီး ပမာပြပြီး စိတ်ဓါတ်တွေကိုရဲရင့်စေချင်တယ်။ရင်ဆိုင်စေချင်တယ်အချို့ကလည်းဒါကို Comment တွေမှာနစ်နာသူရဲ့အကြောင်းကို လိုင်းပေါ်တင်အရှက်ခွဲတာလား ဝေဖန်ကြပေမယ့်လည်း ကျွန်တော့်အထင် ဒီလိုအမြင်တွေဟာ အမှန်တရားကိုဖုံးကွယ်မှုလို့ပဲမြင်ပါတယ်"
ဦးလေးအရင်းမှ သားမယားပြု ကျင့်ခဲ့တဲ့ မသန်စွမ်း မိန်းမပျိုလေး၏ ဘဝကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပေးခဲ့သည့် အာဂမုဆိုးမမေမေ အကြောင်းကို ပြောပြလာသည့် ဝိုင်းဝန်းကူညီသူ ရပ်မိရပ်ဖများ
#STUN_Magazine #စတန်းမဂ္ဂဇင်း #STUN #Program_Interview #ဒိုက်ဦး #ရပ်မိရပ်ဖများ
16 сен 2024