သရုပ်ဆောင် ခိုင်နှင်းဝေ က ဒီကနေ့ ၊ ဩဂုတ်လ (၂၂) ရက်နေ့က ရန်ကုန်၊ စွယ်တော် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း မှာ သံဃာတော်များအား ဝါဆိုသင်္ကန်းကပ် နှင့် ဆွမ်းဆန်စိမ်းလောင်း အလှူ ကျင်းပခဲ့ပါတယ်။
အလှူပွဲ ကျင်းပနေချိန်မှာ ကလေးမိခင် တစ်ဦးက ကျန်းမာရေး မကောင်းဘူး ဆိုတဲ့ အကြောင်း ပြချက်ဖြင့် မိခင် ကိုယ်တိုင် ကလေးကို ခိုင်နှင်းဝေ ထံ လာရောက် အပ်နှံ ပေးအပ်ခဲ့ပါတယ်။
"စောင့်ရှောက်ရမယ့် ကံပါလာတယ် ဆိုတော့ ဒုက္ခရောက်တဲ့ သူကို ကယ်ပေးမှာပါ။ စိတ်မကောင်းစွာ နဲ့ လက်ခံပေးရမှာပါ။ အခုခေတ်မှာ ကိုယ်မမွေးနိုင် ၊ မကျွေးနိုင်ရင် ကလေးမယူကြတာ ကောင်းပါတယ်" လို့ ခိုင်နှင်းဝေ က ပြောခဲ့ပါတယ်။
Myanmar Celebrity TV Update: Actress Khine Hnin Wai accepted a child at her donation event. #KhinHninWai #MyanmarActress #KhineHninWaiFoundation
21 авг 2020