ဆင်လို့ပြောလိုက်တာနဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ မျက်စိ၊ စိတ်နှလုံးအာရုံထဲ အရင်ဆုံးပေါ်လာတာက ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်မှ ဆင်မကြီး မိုမိုပါ။ မိုမိုဟာ လက်ရှိအချိန်မှာတော့ အသက် ၆၄ နှစ်ရှိပြီဖြစ်ပြီး ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်လို့ခေါ်တဲ့ သူ့ရဲ့ကမ္ဘာငယ်လေးထဲမှာ အပေါင်းအသင်းမိသားစုတွေနဲ့ ပျော်မွေ့နေဆဲပါ။
.
သင့်ရဲ့ငယ်ဘ၀အမှတ်တရတွေထဲက တစ်ခုဖြစ်တဲ့ ဆင်မကြီးမိုမိုရဲ့ ဘ၀အဆစ်အချိုး၊ အစိတ်အပိုင်းတွေဟာ ဘာတွေများဖြစ်မလဲ? မိုမိုဆိုတဲ့ နာမည်လေးဟာ ဘယ်လိုဖြစ်လာသလဲ? မိုမိုဘယ်ကရောက်လာသလဲ? မိုမိုရဲ့ လျှို့ဝှက်ချက်တွေက ဘာတွေများလဲ? မိုမို့ရဲ့ ရီဝေေ၀မျက်လုံးတွေဟာ တစ်နေရာရာကိုများ လွမ်းမောတမ်းတနေသလား?
.
ဒါဟာမိုမို့ကိုချစ်ခင်ကြတဲ့ မြန်မာနိုင်ငံသားများအတွက် ရည်ရွယ်သလို၊ အောက်တိုဘာလ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ ကျင်းပမယ့် မိုမိုရဲ့ ၆၄ နှစ်ပြည့် မွေးနေ့ပွဲတော်ကြီးအတွက်လည်း ဂုဏ်ပြုခြင်း ဖြစ်ပါတယ်။
.
မိုမို သက်တော်ရာကျော်ရှည်ပါစေ.... ဘ၀ထဲက အခိုက်အတန့်လေးတွေထဲမှာ မိုမိုနဲ့ပတ်သက်ပြီး အမှတ်တရတွေရှိခဲ့ဖူးမယ်ဆိုရင်လည်း ပြောခဲ့ပေးနိုင်ပါတယ်။
11 сен 2024