Тёмный

မိုးကုတ်က စစ်ကောင်စီစခန်း ၃ ခု TNLA သိမ်းပိုက်... မတ္တရာက ထွက်ပြေးလာတဲ့ စစ်သားတွေကို PDF ဖမ်းဆီး... 

BurmaNewsNetwork
Подписаться 21 тыс.
Просмотров 1,1 тыс.
50% 1

မိုးကုတ်က စစ်ကောင်စီစခန်း ၃ ခု TNLA သိမ်းပိုက်... မတ္တရာက ထွက်ပြေးလာတဲ့ စစ်သားတွေကို PDF ဖမ်းဆီး... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ
(၁၉ ၇ ၂၀၂၄)
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၂၄ ရက်မြောက်နေ့ ကျောက်မဲနဲ့ မိုးကုတ်မှာ တိုက်တွဲပြင်းထန်ပြီး မိုးကုတ် အရှေ့ပိုင်းက စစ်ကောင်စီစခန်း ၃ ခုကို သိမ်းပိုက်တယ်လို့ PSLF/ TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) ပြောခွင့်ရ လွေးယေဦးက BNN ကို ပြောပါတယ်။
စစ်ကောင်စီဘက်က ခလရ (၇၁၊ ၈၈) တပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးဘက်က TNLA နဲ့ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပြီး အခုလို စခန်းတွေ၊ လက်နက်တွေ သိမ်းလိုက်တာဖြစ်ပါတယ်။
ကျောက်မဲမှာတော့ ခမရ (၅၀၁၊ ၅၀၂) တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပြီး ကျောက်မဲ တိုးဂိတ်၊ အေးရှာဝေါ အနီးတဝိုက်မှာလည်း ညနေပိုင်းအထိ တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။
နောက်ဆက်တွဲ ထုတ်ပြန်ချက်ထဲမှာတော့ အပစ်ရပ်ထားတဲ့ ၄ ရက်တာအတွင်း
စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ဒဏ်ကြောင့် အရပ်သား ၁၈
ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။
မနေ့ ဇူလိုင် ၁၈ မှာလည်း မိုးကုတ် အရှေ့ပိုင်း ကုန်းမြင့်သာယာ၊
မင်းတံတားရပ်၊ ဖောင်တော်ဦးဘုရား၊ ဟက်ဖလားရပ်နဲ့ မြို့မ ရပ်ကွက်တို့မှာ
စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲတဲ့အတွက်
မယ်သီလရှင် ၃ ပါး အပါအဝင် အရပ်သား ၉ ဦးသေဆုံးပြီး ၁၀ ဦး
ထိခိုက်ဒဏ်ရာရပါတယ်။
တိုက်ပွဲကာလ ၂၄ ရက်မှာ အရပ်သား ၉၄ ဦး သေဆုံးပြီး ၁၃၁ ဦး
ထိခိုက်ဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင်...
ဗန်းမော်ကနေ မိုးမောက်ဘက်ကို တင့်ကား ၅ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့
စစ်ကောင်စီတပ်ကို KIA (ကချင်လွတ်လပ်ရေးတပ်မတော်) နဲ့ မဟာမိတ်တွေက
ကြားဖြတ် တိုက်ခိုက်လို့ အထိနာပြီး နောက်ပြန်ဆုတ်သွား...
မတ္တရာမြို့နယ် တိုက်ပွဲကနေ စခန်းစွန့်ခွာ ထွက်ပြေးတဲ့ စစ်ကောင်စီ
တပ်သားတွေကို ဒေသခံ တော်လှန်ရေးတပ်တွေက ဇူလိုင် ၁၈ မှာ
ကြားဖြတ်တိုက်တဲ့အတွက် ၂ ဦးကို လက်ရဖမ်းမိပြီး လက်နက် ၃ လက် ရရှိ...
တောင်သာမြို့နယ်၊ ကျွဲတလင်းရွာရှိ ပျူစောထီး စခန်းကို ဒေသခံ
တော်လှန်ရေး တပ်တွေက တိုက်ခိုက် သိမ်းပိုက်ပြီး ၄ ဦးကိုလက်ရဖမ်းမိ၊
လက်နက် ၁၀ လက် ရရှိ...
မင်းတပ်မြို့နယ်၊ တိုက်နယ် ၁၂ ဘက်မှာ စစ်ကောင်စီက လေယာဉ်နဲ့
ဗုံးကြဲတဲ့အတွက် အရပ်သားတဦး သေ၊ တဦး ဒဏ်ရာရ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ / burmanewsnetwork )
=====
BNN သတင်းဌာနသည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးကို အလေးထားပြီး မြန်မာပြည်သူတို့အတွက် သတင်းမှန် များကိုသာ တင်ဆက်ပေးသွား မည်ဖြစ်သည်။
Burma News Network

Опубликовано:

 

17 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 3   
@hanzarheinaung
@hanzarheinaung 3 месяца назад
GOOD MORNING BNN!! HAVE A NICE DAY!! That is good news for us.
@linyoungoo4172
@linyoungoo4172 3 месяца назад
စကစ စစ်ကြောင်းထိုးလဲရှုံး
@hanzarheinaung
@hanzarheinaung 3 месяца назад
❤❤❤❤
Далее
Webinar: AI Powered Tools for People Who Are Blind
1:04:07
Silent Hill 2 - Мульт Обзор
07:26
Просмотров 448 тыс.
Incredible Moments Caught on Camera
30:40
Просмотров 4,5 млн