Тёмный

မိုးကုတ်က စစ်ရှောင်တွေ လမ်းမှာ ပိတ်မိနေပြီး မန္တလေးကို မရောက်သေး၊ 

Mandalay Free Press - MFP
Подписаться 167 тыс.
Просмотров 6 тыс.
50% 1

မကျန်းမာသူနဲ့ ကလေးငယ်တွေ ပါလို့ တိုက်ပွဲရပ်ပြီး လမ်းဖွင့်သွားခွင့်ရဖို့ မျှော်လင့်၊
ထင်လင်း/MFP ၊ ဇူလိုင် - ၁၁
မန္တလေးတိုင်း မိုးကုတ်မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင် လာရသူတွေ လမ်းခရီးမှာ ပိတ်မိနေတာ (၁၂)ရက်ကြာပြီး ဖြစ်ပြီး မန္တလေးအထိ ရောက်အောင် သွားလို့ မရသေးဘူးလို့ ကိုယ်တိုင် ကြုံနေရသူတွေက MFP ကို ပြောပါတယ်။
စစ်ဘေးရှောင်အများစုဟာ ဇွန်(၃၀)ရက် ကတည်းက မိုးကုတ်မြို့ကနေ မန္တလေးမြို့ဘက်ကို တိမ်းရှောင်လာကြ တာဖြစ်ပြီး မိုးကုတ်-မန္တလေး လမ်းတလျှောက် တိုက်ပွဲတွေ ဖြစ်ပွားနေလို့ သပိတ်ကျင်းနယ်က ဇရပ်ကွင်းနဲ့ လိပ်ကျရွာ၊ စဉ့်ကူးနဲ့ မတ္တရာနယ်စပ်က ရွှေပြည်နဲ့ ညောင်ဝန်းရွာတွေမှာ ပိတ်မိနေတာ ဖြစ်ပါတယ်။
လမ်းမှာ ပိတ်မိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေထဲ ကျန်းမာရေး မကောင်းသူတွေ၊ မီးဖွားပြီးစ မိခင်တွေနဲ့ ကလေးငယ်တွေလည်း ပါဝင်နေတာကြောင့် တိုက်ပွဲတွေ ခေတ္တရပ်နားပြီး ရက်အနည်းငယ်ခန့် ကားလမ်း ပြန်ဖွင့်ပေးစေလိုတယ်လို့ စစ်ဘေးရှောင်သူတွေက ပြောပါတယ်။
#Mandalay_Free_Press_MFP

Опубликовано:

 

15 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 5   
Далее
ТИПИЧНОЕ ПОВЕДЕНИЕ МАМЫ
00:21
Просмотров 1,4 млн