Тёмный

မိုးကုတ်မြို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်၊ 

Mandalay Free Press - MFP
Подписаться 167 тыс.
Просмотров 11 тыс.
50% 1

လက်နက်ကြီး ထိလို့ တစ်နေ့တည်း ပြည်သူ(၁၀)ဦးထက်မနည်း သေဆုံး၊
တေဇ/MFP ၊ ဇူလိုင် - ၁၉
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး စစ်အုပ်စုက ထုတဲ့ လက်နက်ကြီးတွေ နေအိမ်ထဲ ကျရောက် ပေါက်ကွဲလို့ မနေ့က တစ်နေ့တည်း မြို့ခံပြည်သူ (၁၀)ဦး ထက်မနည်း သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဇူလိုင်(၁၈)ရက် မနေ့က စလို့ မိုးကုတ်မြို့ အရှေ့ပိုင်းက ကုန်းမြင့်သာယာ၊ တောင်ကချင်၊ ပန်းမထိပ်၊ ညောင်လေးပင်၊ ပတ္တမြား စေတီ အပေါ်ကုန်း၊ ချမ်းမြေ့သာယာ၊ ဗမွန်၊ စည်ပင်သာယာ၊ မင်းတံတား၊ ဟပ္ဖလား၊ ရေပူ၊ ညောင်သုံးပင်၊ စစ်တန်းကုန်း စတဲ့ ရပ်ကွက်တွေနဲ့ ဗျူဟာကုန်းအနီးတဝိုက် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတာလို့ ဆိုပါတယ်။
မနေ့က တိုက်ပွဲတွေ ပြင်းထန်နေချိန် စစ်အုပ်စုက ထုတဲ့ လက်နက်ကြီးကျည်တွေ နေအိမ်ထဲ ကျရောက် ပေါက်ကွဲလို့ ကုန်းမြင့်သာယာ ရပ်ကွက်မှာ အမျိုးသား လေးဦး၊ မင်းတံတားရပ်ကွက်မှာ အမျိုးသားနှစ်ဦး၊ စည်ပင်သာယာ ရပ်ကွက်မှာ အသက်ကြီးပိုင်း နှစ်ဦး၊ ရွှေပြည်ဟိန်း ကားဂိတ်မှာ အမျိုးသားကြီး တစ်ဦး၊ စုစုပေါင်း ကိုးဦး သေဆုံးပြီး အလောင်း မကောက်နိုင်သေးသူနဲ့ စာရင်း မရသေး သူတွေလည်း ကျန်ရှိတယ်လို့ ဆိုပါတယ်။
“ဒီကနေ့ မနက် အစောပိုင်း ကတည်းက တိုက်ပွဲတွေ အရမ်း ပြင်းထန်နေပါတယ်။ အခု အချိန်ထိကိုပါ။ သိရသလောက် လက်နက်ကြီးကြောင့် သေဆုံးသူ ပြည်သူ(၁၀)ယောက် ကျော်ပါတယ်။ တိုက်ပွဲ ဖြစ်ပွား နေတာကတော့ နေရာအစုံပဲ။ ကုန်းမြင့်သာယာ ရပ်ကွက်၊ တောင်ကချင်၊ ပန်းမထိပ်ရပ်ကွက်၊ ညောင်လေးပင် ရပ်ကွက်၊ ပတ္တမြားစေတီ အပေါ်ကုန်း၊ ချမ်းမြေ့သာယာရပ်ကွက်၊ ဗမွန်ရပ်ကွက်၊ စည်ပင်သာယာ ရပ်ကွက်၊ မင်းတံတား ရပ်ကွက်၊ ဟပ္ဖလားရပ်ကွက်၊ ရေပူရပ်ကွက်၊ ညောင်သုံးပင်ရပ်ကွက်၊ စစ်တန်းကုန်းရပ်ကွက် အဲ့နေရာတွေ မှာ ထိတွေ့ တိုက်ပွဲ ပြင်းထန်နေတာပါ” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
သေဆုံးသူတွေဟာ စစ်အုပ်စုရဲ့ လက်နက်ကြီးတွေကြောင့် ထိမှန်သေဆုံးကြတာလို့ မြို့ခံတွေက ပြောပါတယ်။
“တိုက်ပွဲတွေက မြို့ရဲ့အစွန်၊ မြို့ပြင်အစပ် နေရာတွေမှာ ဖြစ်တာပါ။ အဲ့တာကို စကစ က တောင်ထိပ်တွေပေါ်မှာ နေရာယူပြီး တိုက်ပွဲဖြစ်တဲ့ နေရာတွေဘက် လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အခါမှာ လက်နက်ကြီးတွေက မြို့ထဲကို ကျတဲ့အခါ မြို့ထဲက အိမ်တွေမှာ နေထိုင်တဲ့ ပြည်သူတွေကို ထိမှန်ပြီး ပြည်သူတွေ သေကြေကြရတာပါ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဇွန်(၂၅)ရက်က စတင်တဲ့ မိုးကုတ်မြို့သိမ်း တိုက်ပွဲတွေအတွင်း လက်နက်ကြီး ထိမှန်တာနဲ့ လေကြောင်း ဗုံးကြဲခံရလို့ သေဆုံးတဲ့ ဒေသခံ အရပ်သားပြည်သူ (၃၀)နီးပါး ရှိပြီ ဖြစ်ပါတယ်။ မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သာမဏေ တစ်ပါး အပါအဝင် ဒေသခံ (၁၀)ဦးကျော် သေဆုံးခဲ့ပြီး ယခု မိုးကုတ်အရှေ့ပိုင်း တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ထိခိုက်သေဆုံးမှု ဆက်လက် မြင့်တက်နေတာ ဖြစ်ပါတယ်။
မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်ကို အပြီးသတ် သိမ်းပိုက် ထိန်းချုပ်ထားပြီ ဖြစ်ကြောင်း တအာင်းတပ်မတော် - TNLA က ဇူလိုင်(၅)ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဇူလိုင်(၁၈)ရက်မှာ မိုးကုတ်မြို့ အရှေ့ပိုင်းက ရေကန်တောင်စခန်း၊ တာဝါတိုင်စခန်း၊ ပတ္တမြားစေတီစခန်း၊ ညောင်သုံးပင်စခန်း၊ ဖောင်တော်ဦး အနီးရှိ စခန်းတို့ကို သိမ်းပိုက်နိုင်ပြီး လက်နက်ခဲယမ်းတချို့ သိမ်းပိုက် ရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
မိုးကုတ် အရှေ့ပိုင်းမှာ စစ်အုပ်စုရဲ့ ဗျူဟာကုန်း အပါအဝင် စစ်စခန်းတချို့ ကျန်ရှိနေသေးပြီး စစ်အုပ်စုက ဆက်လက် ခုခံနေတာ ဖြစ်ပါတယ်။
မိုးကုတ်မြို့သိမ်း တိုက်ပွဲတွေအတွင်း တအာင်းတပ်မတော် - TNLA နဲ့အတူ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF၊ မိုးကုတ်ဗျူဟာ၊ PDF (၅၁၃)တပ်ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ (မိုးကုတ်) တို့လည်း ပူးပေါင်း ပါဝင် တိုက်ခိုက်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
#Mandalay_Free_Press_MFP

Опубликовано:

 

15 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 21   
Далее
小丑调戏黑天使的后果#short #angel #clown
00:16
Bon Jovi - Livin' On A Prayer
4:09
Просмотров 1
小丑调戏黑天使的后果#short #angel #clown
00:16