Тёмный

မိုးကုတ် မြို့သိမ်းတိုက်ပွဲ ဆက်လက် ပြင်းထန်၊ 

Mandalay Free Press - MFP
Подписаться 145 тыс.
Просмотров 34 тыс.
50% 1

တစ်မြို့လုံး ထိန်းချုပ်နိုင်ဖို့ စစ်စခန်း လေးခု သိမ်းဖို့ကျန်ဟု TNLA ပြော၊
ဇူဇူး(Newsland)၊ ဇူလိုင်-၁၃
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ တော်လှန်ရေး တပ်တွေက ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မနေ့က စလို့ မိုးကုတ် အရှေ့ပိုင်းမှာ တိုက်ပွဲ အပြင်းအထန် ဖြစ်နေတယ်လို့ သတင်း ရရှိပါတယ်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)အဖြစ် ဇွန်(၂၅)ရက်က စတင်ကာ မိုးကုတ်မြို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မိုးကုတ်မြို့ အနောက်ပိုင်း၊ ကျပ်ပြင်ကို သိမ်းပိုက်ထားပြီးဖြစ်ကာ မြို့လုံးကျွတ် ထိန်းချုပ်နိုင်ဖို့အတွက်တော့ မိုးကုတ် အရှေ့ပိုင်းမှာ စစ်စခန်း လေးခု ကျန်ရှိနေသေးတယ်လို့ တအာင်း အမျိုးသား လွတ်‌မြောက်ရေး တပ်မတော် - TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ လွေးယေဦးက ပြောပါတယ်။
"မိုးကုတ်မြို့ တစ်မြို့လုံး ထိန်းချုပ်နိုင်ဖို့ ဆိုရင်တော့ ကျွန်မတို့က ဒီ အရှေ့ပိုင်း (မိုးကုတ်အ‌ရှေ့ပိုင်း)မှာ စစ်ကောင်စီ တပ်စခန်းတွေ ကျန်ပါသေးတယ်၊ အဲ့မှာ တပ်စခန်းဆိုရင် လေးခုလောက်တော့ ကျန်ပါသေးတယ်၊ အဲ့ကြောင့်မို့ လက်ရှိမှာ ကျွန်မတို့ ဒီစခန်းတွေ သိမ်းနိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်"
မိုးကုတ်အနောက်ပိုင်း၊ ကျပ်ပြင်ကို အပြည့်အဝ ထိန်းချုပ်ထားပြီး ဒေသခံ ပြည်သူတွေ ပုံမှန်အတိုင်း သွားလာ လှုပ်ရှား၊ ရောင်းဝယ် ဖောက်ကားနေတဲ့ ပုံတွေကို TNLA က ဇူလိုင်(၅)ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
"မိုးကုတ်မြို့ အနောက်ပိုင်းကိုတော့ ကျွန်မတို့ TNLA တပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းပြီးတော့မှ ထိန်းချုပ် ပြီးသား ဖြစ်တယ်၊ လက်ရှိမှာတော့ ဒေသခံတွေက ဈေးတွေ ခင်းတာမျိုး၊ ဈေးရောင်းဝယ် နေတာမျိုး တခြားသူတွေက နေရပ် ပြန်လာတာမျိုးလည်း ကျွန်မတို့ ‌တွေ့ရှိရပါတယ်" လို့ TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ လွေးယေဦးက ပြောပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းက စစ်အုပ်စုရဲ့ လက်ကျန်စခန်းတွေကို တော်လှန်ရေး တပ်တွေက ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေတာလို့ မိုးကုတ်တိုက်ပွဲမှာ ပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) MDY-PDF သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုအော်စမွန်က ပြောပါတယ်။
"မိုးကုတ်မှာရှိတဲ့ လက်ကျန် တပ်စခန်းတွေကို တော်လှန်ရေး အင်အားစုတွေ၊ တော်လှန်ရေး တပ်ဖွဲ့တွေ ဘက်က ဝိုင်းရံ ပိတ်ဆို့ ထားတယ်"
ဇူလိုင်(၁၂)ရက် မနေ့က စလို့ မိုးကုတ်မြို့အရှေ့ပိုင်းက စစ်အုပ်စု တပ်စွဲထားတဲ့ မင်းတံတားရပ်ကွက်၊ လျှပ်စစ်ရုံးနဲ့ ပန်းမထိပ် ရပ်ကွက်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး လက်နက်ကြီး ကျရောက် ပေါက်ကွဲလို့ နေအိမ် မီးလောင်တာ၊ ပျက်စီးတာတွေ ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
"မင်းတံတား(ရပ်ကွက်) EPC ရုံး(လျှပ်စစ်ရုံး)ဝင်းထဲ၊ အုပ်ဆောင်းတောင်ဘက်၊ ပန်းမထိပ်၊ ပေါ်တော်မူဘုရား နားတွေမှာ စကစ တွေ ရှိတယ်လို့တော့ ကြားတယ်" လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့တွင်း လူနေရပ်ကွက်တွေထဲ စစ်အုပ်စုက တပ်စွဲကာ နေရာယူထားခဲ့ပေမယ့် လက်ရှိမှာတော့ ဗျူဟာကုန်းမှာပဲ အင်အား သွားစုနေပြီလို့ ယူဆရကြောင်း ဒေသခံ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။
မိုးကုတ်မြို့ အရှေ့ပိုင်းမှာ စစ်အုပ်စုရဲ့ ဗျူဟာကုန်း၊ ရဲစခန်းနဲ့ ထွေအုပ်ရုံးတွေ တည်ရှိပါတယ်။ မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ မိုးကုတ် အနောက်ပိုင်း ကျပ်ပြင်ဟာ ခုနှစ်မိုင် ဝန်းကျင် ကွာဝေးပြီး တိုက်ပွဲစဖြစ်တဲ့ ဇွန်(၂၅)ရက် ကစလို မိုးကုတ် အရှေ့ပိုင်းနဲ့ အနောက်ပိုင်း ကူးသန်းသွားလာတဲ့ လမ်းကို စစ်အုပ်စုက ပိတ်ဆို့ ထားပါတယ်။
ဇွန်(၂၅)ရက်က စတင်တဲ့ မိုးကုတ်မြို့သိမ်း တိုက်ပွဲတွေအတွင်း သိန်းနဲ့ချီတဲ့ ပြည်သူတွေ ပိတ်မိနေပြီး လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်ကာ ကုန်စည်စီးဆင်းမှု မရှိလို့ ဒေသခံတွေ စားသောက်ရေး အခက်ကြုံ နေရပါတယ်။
ဒါ့အပြင် မိုးကုတ်မြို့မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း စစ်အုပ်စုက လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီး ထုတာတွေကြောင့် သံဃာအပါအဝင် မြို့ခံပြည်သူ (၁၃)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ (၁၈)ဦး ရှိပြီး သာသနိက အဆောက်အဦးတွေ အပါအဝင် အိုးအိမ် (၂၁)လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
TNLA အနေနဲ့ တိုက်ပွဲအတွင်း ပြည်သူတွေ မထိခိုက်စေဖို့အတွက် အလေးထား ဆောင်ရွက်နေတယ်လို့ လွေး‌ယေဦး က ပြောပါတယ်။
"တကယ်လို့ တိုက်ပွဲကာလအတွင်းမှာ ဆိုရင် ဒေသခံလူထုတွေ ထိခိုက်မှု မရှိစေအောင်၊ ထိခိုက်မှု လျော့နည်းသွားအောင် ကျွန်မတို့သည် စစ်ဆင်ရေးကို ဖော်ဆောင်နေတဲ့ ဦးဆောင်နေတဲ့ စစ်ဦးစီးမှူးကနေ တဆင့် အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီးတော့မှ၊ တွက်ချက်ပြီးတော့မှ ကျွန်မတို့ ဒီစစ်ဆင်ရေးကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်"
မိုးကုတ်မြို့သိမ်း တိုက်ပွဲတွေအတွင်း တအာင်းတပ်မတော် - TNLA နဲ့အတူ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF၊ မိုးကုတ်ဗျူဟာ၊ PDF (၅၁၃)တပ်ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ (မိုးကုတ်) တို့လည်း ပူးပေါင်း ပါဝင် တိုက်ခိုက်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
#Mandalay_Free_Press_MFP

Опубликовано:

 

6 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 26   
Далее
when you have plan B 😂
00:11
Просмотров 8 млн
Ong Bak | Fight Club Scene
15:05
Просмотров 72 млн
5 Times TikTokers Messed With The Wrong Cartels
23:46
when you have plan B 😂
00:11
Просмотров 8 млн