Тёмный

မိုးမိတ် ရွှေသာယာစခန်းကို TNLA သိမ်းပိုက်... လွိုင်ကော်မှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ ... 

Htet Aung Kyaw
Подписаться 92 тыс.
Просмотров 13 тыс.
50% 1

မိုးမိတ် ရွှေသာယာစခန်းကို TNLA သိမ်းပိုက်... လွိုင်ကော်မှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(5-7-2024)
၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၀)ရက် မြောက်နေ့မှာ မိုးမိတ်မြို့က ရွှေသာယာ တပ်စခန်းကို TNLA/ PSLF တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က သိမ်းပိုက်ပြီး နောင်ချိုမြို့က ဒုံးတပ် (၆၀၆) မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
မိုးမိတ်မြို့က ရွှေသာယာ တပ်စခန်းသိမ်းပွဲမှာ TNLA၊ နဲ့အတူ PDF (မိုးကုတ်ဗျုဟာ) ပါဝင်တယ်လို့ ဖေါ်ပြပါတယ်။ နောင်ချိုက ဒုံးတပ် (၆၀၆)ကိုတော့ TNLA နဲ့အတူ DPLA၊ (ဓနုအမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ MDY-PDF မန္တလေးတိုင်း PDF တပ်တွေက ပူးတွဲ တိုက်ခိုက်နေတာဖြစ်ပါတယ်။
စစ်ကောင်စီဖက်ကလည်း လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေနဲ့ အသေအလဲ ခုခံနေပြီး တရက်တည်းမှာတင် လေယာဉ်က ၁၅ ကြိမ် ဗုံးကြဲတယ်လို့ဆိုပါတယ်။
တချိန်တည်းမှာပဲ သီပေါမြို့နယ် ဒုဌဝတီ တံတားအနီးရှိ စစ်ကောင်စီတပ်စခန်းကို ညနေပိုင်းမှာ TNLA က ဝင်ရောက်တိုက်ခိုက်ပြီး မိုင်းရယ်နဲ့ တန့်ယန်းမြို့နယ်မှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ ဖေါ်ပြပါတယ်။
လားရှိုးမြို့မှာလည်း တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီး ဒဏ်ကြောင့် နောက်ထပ် အရပ်သား (၆) ဦး ထပ်မံသေဆုံးပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရတယ်လို့လည်း ဖေါ်ပြထားပါတယ်။
ဒါ့အပြင်...
လားရှိုးက စစ်ကောင်စီ တပ်စခန်းတွေကို MNDAA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက ဆက်ပြီး ထိုးစစ်ဆင်နေ...
မန္တလေး-မိုးကုတ် လမ်းပေါ်က လက်ပန်လှ ရွာကို စစ်ကောင်စီလေယာဉ်က ဗုံးကြဲလို့ အရပ်သား ထိခိုက်မှုရှိ...
လွိုင်ကော်မြို့ မှာ ဇူလိုင် ၄ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲပြန်ဖြစ်နေ...
ဇွန်လအတွင်း တိုက်ပွဲပေါင်း (၁၂၀) ကျော် ဖြစ်ပွားပြီး စစ်ကောင်စီဖက်က (၆၀) ကျော်သေဆုံး၊ ၁၉ ဦး ဒဏ်ရာရတယ်လို့ KNLA - တပ်မဟာ (၅) က ထုတ်ပြန်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ / burmanewsnetwork )

Опубликовано:

 

16 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 7   
@SaiPhoeZaw-kb4ii
@SaiPhoeZaw-kb4ii 3 месяца назад
မင်္ဂလာပါ
@ArKaHtetArKaHtet
@ArKaHtetArKaHtet 3 месяца назад
ရှောက်ပြောနေတာ တိုင်း ၇ တိုင်း ပြည်နယ် ၇ ပြည်နယ်ရှိတယ် အဲဒီထဲကမုီုတော်ကိုသီမ်းနိုင်မှ ရတယ်လို့ခေါ်တာ
@MyammarPyi
@MyammarPyi 3 месяца назад
l l l llllllll
@pauluslumyothit6444
@pauluslumyothit6444 3 месяца назад
😮
@yewintthu55555
@yewintthu55555 3 месяца назад
Mingalarpar
Далее
Israeli Army Special Forces
1:00:36
Просмотров 585 тыс.
Incredible Moments Caught on Camera
30:40
Просмотров 4,5 млн