#ချီးမွမ်းမကုန် #Sangpiofficial #စံပီး
ချီးမွမ်းမကုန် @ Chee Mwan Ma Kone
___________________
Word and melody - Nau Kap
Artist - Sangpi , Mee Mee Khel
Keys - Mung Pi ( Music House )
Acoustic Guitar - Sangpi
Mixing - Aung Doo ( Studio D )
SP Production
လာမယ့် June 13 ဟာ မီးမီးခဲ ရဲ့ မွေးနေ့ ဖြစ်ပါတယ်....( ကျွန်တော့်ထက် ၆ လပိုကြီးပါတယ် 😁)
ကျွန်တော်တို့ YC မှာ စပြီး ခင်ခဲ့ကြတော့ အသက် ၁၆ နှစ်ဝန်းကျင်က ဆိုတော့ အနှစ် ၂၀ ရှိခဲ့ပါပြီ။
သူငယ်ချင်း မိတ်ဆွေတွေကြား ရင်းနှီး ခင်မင်မှု ဟာ
ခဏမဟုတ်ပဲ နှစ်ပေါင်းများစွာ အဓွန့်ရှည်ခြင်းက
အလွန်တန်ဖိုးရှိပါတယ်။
ဒီသီချင်းလေးကို နောက်တစ်ပတ် မီးမီးခဲ ရဲ့ မွေးနေ့ အကြို အမှတ်တရဖြစ်ဖို့ တင်ပေးလိုက်ပါတယ်။
// Lyrics //
[ Verse 1 ]
မနက်ခင်းအလင်းတန်းလေးနဲ့ အတူ
ကိုယ်တော်ဘုရားရဲ့ကောင်းကြီးတွေ
ပြည့်လျှံနေ ကျွန်ုပ်ဘဝ အသက်တာထဲ
နေ့တိုင်းစားသောက်ခွင့်ပေးတယ်
ကိုယ်တော်ဘုရားရဲ့ ကျေးဇူးတွေ
ချီးမွမ်း မကုန်နိုင်ဘူး
[ Chorus ]
မှားယွင်းမှုနဲ့ ပြည့်နေတဲ့ ဘဝထဲ
ကိုယ်တော် သနားတယ်
အပြစ်နဲ့ ပြည့်တဲ့ ကျွန်ုပ်ရဲ့ အသက်တာကို
အားနည်းချက်နဲ့ ပြည့်နေတဲ့ ဘဝထဲ
ကိုယ်တော် ကယ်နှုတ်တယ်
ဘာမှ မရှိတဲ့ ကျွန်ုပ်ရဲ့ အသက်တာကို
( လမ်းပြပေးတဲ့ ကျွန်ုပ်ရဲ့ အသက်တာကို )
[ Verse 2 ]
မှောင်မိုက်သော ကျွန်ုပ်၏လမ်းခရီးကို
ကိုယ်တော်ဘုရားရဲ့ မေတ္တာနဲ့ လမ်းပြနေ
ကျွန်ုပ်ဘဝ အသက်တာထဲ
မျှော်လင့်ခြင်းမဲ့ခဲ့တဲ့ နေ့တွေ
မျှော်လင့်ခြင်းများ ပြည့်စေတယ်
ကျွန်ုပ်ဘဝ အနာဂတ်ထဲ
Copyright @ 2020 music by Sangpi
4 июн 2020