Тёмный

မုန့်လက်ကောက်ကြော် (ဆီလုံးဝမပေါက်ပဲ အရမ်းစားကောင်းအောင်ကြော်နည်း) 

Ei San's homemade Inspiration
Подписаться 47 тыс.
Просмотров 187 тыс.
50% 1

မုန့်လက်ကောက်ကြော် (ဆီလုံးဝမပေါက်ပဲ အရမ်းစားကောင်းအောင်ကြော်နည်း)
Stay At Home, Show your Cooking Skill! ကဲ ဒီတခါအိမ်မှာနေပြီး လက်စွမ်းပြဖို့အတွက် မုန့်လက်ကောက်ကြော်ကို ဆီမပေါက်အောင်ကြော်တဲ့နည်းလဲလာပါပြီ။
မုန့်လက်ကောက်ကြော်ဆိုတာကတော့ မြန်မာလူမျိုးတွေမကြိုက်တဲ့သူမရှိသလောက်ပါပဲ။ ကောက်ညှင်းမှုန့်ကိုအဓိကထားလုပ်တဲ့မုန့်တမျိုးဖြစ်ပြီး သရည်စာအဖြစ်စားသုံးကြပါတယ်။ အဲ့မုန့်လက်ကောက်ကြော်ကို အိမ်မှာကြော်ရစားရင် ဆီမပေါက်အောင်ဘယ်လိုလုပ်ရတယ်ဆိုတာကတော့ တကယ့်အဓိကကျတာပါပဲ။
ဆီမပေါက်အောင်ဆိုရင်
၁။ အဓိကအနေနဲ့ ဆီကိုမီးအလယ်အလတ်နဲ့ပဲထားပြီးကြော်ရပါတယ်။ မီးအရမ်းပြင်းရင် ဆီပေါက်မှာအသေချာပဲ။
၂။ မုန့်သားကို ညက်နေအောင်နယ်ရပါတယ်။
၃။ မုန့်သားကို ရေခဲသတ္တာထဲမှာ အသားကျအောင်နှပ်ရပါတယ်။
အဲ၃ချက်နဲ့ကြော်ရင် ဘယ်တော့မှ ဆီပေါက်မှာမဟုတ်ပါဘူး။ အားလုံးပြည့်ပြည့်စုံစုံလေးသိရအောင်လို့ ဒီVideo လေးကို အစအဆုံးကြည့်ကြည့်နော်။
ပါဝင်သောပစ္စည်းများ
မုန့်လက်ကောက်အတွက်
၁။ မွှေး ကောက်ညှင်းမှုန့် - ၂ ခွက် (သို့) ထမင်းစားဇွန်း ၃၂ ဇွန်း
၂။ ဆန်မှုန့် (ဆန်စိမ်းမှုန့်) - ထမင်းစားဇွန်း ၈ ဇွန်း (သို့) ခွက်တဝက်
၃။ baking soda - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၄။ ဆား - လက်ဖက်ရည်ဇွန်း တဝက်
၅။ ရှာလကာရည် - ထမင်းစားဇွန်း ၂ ဇွန်း
၆။ ဆီ - ထမင်းစားဇွန်း ၁ ဇွန်း
၇။ ရေနွေး - ၁ ခွက် နှင့် ထမင်းစားဇွန်း ၃ ဇွန်း
ထန်းလျက်ရည်အတွက်
၁။ ထန်းလျက် - အဝက်သား
၂။ ဆား - လက်ဖက်ရည်ဇွန်း ၈ ပုံတပုံ
၃။ ရေ - ၁ ခွက် (သို့) ၂၅၀ ml
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml)
(ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml)

Опубликовано:

 

10 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 35   
Далее
BeastMasters Hawk just had enough #ti13
00:30
Просмотров 203 тыс.
Мой телеграмм: v1ann
00:14
Просмотров 45 тыс.
BeastMasters Hawk just had enough #ti13
00:30
Просмотров 203 тыс.