Тёмный

မုန်တိုင်းနဲ့ ရေကြီးရေလျှံမှု ဖြစ်စဉ်တွေအတွက် ကြိုတင်ပြင်ဆင်ထားရမယ့် အချက်တွေ 

Mandalay Free Press - MFP
Подписаться 167 тыс.
Просмотров 671
50% 1

မြန်မာနိုင်ငံရဲ့ မိုးကြိုကာလ ဖြစ်တဲ့ ဧပြီနဲ့ မေလဝန်းကျင်၊ မိုးလွန်ကာလ ဖြစ်တဲ့ အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ မုန်တိုင်း ကျရောက်လေ့ ရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဆိုင်ရာ အချက်အလက်တွေမှာ ဖော်ပြပါတယ်။
အဲ့ဒီ ကာလတွေမှာ မုန်တိုင်း အန္တရာယ်အပြင် မိုးသည်းထန် ရွာသွန်းတာ၊ ရေကြီးရေလျှံတာ၊ မြေပြိုတာ တွေလည်း ဖြစ်လေ့ရှိပြီး အသက်ဆုံးရှုံးမှုနဲ့ တခြား ထိခိုက်ပျက်စီးမှုတွေ ကြုံရတတ်ပါတယ်။
ဒါကြောင့် မုန်တိုင်းအန္တရာယ်နဲ့ မိုးရွာ၊ ရေကြီး၊ မြေပြိုတဲ့ အန္တရာယ်တွေကနေ ရှောင်ရှားနိုင်ဖို့ အကြံပြုချက် တချို့ကို ဝေမျှလိုက်ပါတယ်။
မုန်တိုင်းနဲ့ ရေကြီးရေလျှံမှု ဖြစ်စဉ်တွေအတွက် ကြိုတင်ပြင်ဆင်ထားရမယ့် အချက်တွေ
၁။ ရေ၊ ကြာရှည်ခံ အစားအစာ နဲ့ တစ်ကိုယ်ရည် လိုအပ်တဲ့ ဆေးဝါးတွေကို ကြိုတင်စုဆောင်းထားပါ။
၂။ လက်နှိပ်ဓာတ်မီး၊ ဖုန်း၊ ရေဒီယို စတဲ့ လျှပ်စစ်ပစ္စည်းတွေကို အားအပြည့်သွင်းထားပါ။
၃။ အရေးကြီးတဲ့ စာရွက်စာတမ်းနဲ့ ငွေသားတွေကို ရေစိုခံအိတ်နဲ့ထည့်ပြီး အဆင်သင့်ဆောင်ထားပါ။
၄။ မိုးလေဝသနဲ့ ဇလဗေဒ ဌာနလိုမျိုး သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ ရာသီဥတုဆိုင်ရာ သတိပေးချက်တွေကို အချိန်နဲ့ တပြေးညီ စောင့်ကြည့်ပြီး လမ်းညွှန်ချက်တွေကို လိုက်နာပါ။ (ကောလဟာလနဲ့ သတင်းမှား အန္တရာယ်ကို သတိပြုပါ၊ မှန်ကန်တဲ့ အသတင်းအချက်အလက်တွေကို နီးစပ်သူတွေထံ မျှဝေပါ။)
မုန်တိုင်း သတိပေးချက် ရတာနဲ့ တပြိုင်နက် ဆောင်ရွက်ရမယ့် အချက်တွေ
၁။ မိမိနေထိုင်ရာ အဆောက်အဦးရဲ့ ကြံ့ခိုင်မှုနဲ့ အန္တရာယ်ဖြစ်နိုင်တဲ့ ပတ်ဝန်းကျင် အခြေအနေတွေကို စစ်ဆေးပါ။ အန္တရာယ်ကျရောက်နိုင်ပါက တခြားနီးစပ်ရာ လုံခြုံတဲ့ အဆောက်အဦးကို ပြောင်းရွှေ့ပါ။
၂။ မုန်တိုင်း တိုက်ခတ်ချိန်နဲ့ မိုးသည်းထန်စွာ ရွာသွန်ချိန်တွေမှာ သစ်ပင်၊ သစ်ကိုင်း ကျိုးတာ၊ အပင်လဲတာ၊ ချောင်းဘေး၊ မြောင်းဘေး၊ မြေနိမ့်ဒေသတွေမှာ မြေပြိုတာနဲ့ ရေကြီးတာ စတဲ့ အန္တရာယ်တွေ ဖြစ်ပေါ် နိုင်တဲ့အတွက် ဘေးကင်းလုံခြုံတဲ့ နေရာတွေကို ချက်ခြင်းပြောင်းရွှေ့ပါ။
၃။ အရေးပေါ် အစားအသောက်၊ အသုံးအဆောင်နဲ့ စာရွက်စာတမ်းတွေကို မိမိနဲ့အတူ ထားရှိပါ။
၄။ မုန်တိုင်းအတွင်း မိသားစုဝင်တွေ ကွဲကွာသွားပါက ပြန်လည် ဆက်သွယ်ရမည့် နေရာနဲ့ အချိန်းအချက်တွေကို မိသားစုထဲမှာ သတ်မှတ် အသိပေးထားပါ။
၅။ မုန်တိုင်းနဲ့ အတူ ပါလာတတ်တဲ့ မိုးသည်းထန်စွာ ရွာသွန်းတာ၊ ရေကြီး ရေလျှံတာနဲ့ မြေပြိုတဲ့ ဖြစ်စဉ်တွေ ကိုလည်း သတိပြု ကာကွယ်ပါ။
၆။ မုန်တိုင်း အန္တရာယ် ကင်းရှင်းကြောင်း သက်ဆိုင်ရာက ထုတ်ပြန်တဲ့အချိန်ထိ ဘေးကင်း လုံခြုံတဲ့ နေရာမှာသာ နေထိုင်ပါ။
ရှောင်ရှားရမယ့် အချက်တွေ
၁။ မလိုအပ်ဘဲ အိမ်အပြင်ထွက်တာ၊ ပင်လယ်၊ မြစ်ကမ်းဘေး၊ ရေကြီး၊ မြေပြိုနိုင်တဲ့ နေရာတွေကို သွားရောက်တာနဲ့ ရေကူးတာတွေ မလုပ်ပါနဲ့။
၂။ တိရစ္ဆာန်တွေကို မလိုအပ်ဘဲ ချည်နှောင်မထားပါနဲ့။
၃။ ပြိုကျ ပျက်စီးနေတဲ့ အဆောက်အအုံတွေ၊ သစ်ပင် သစ်ကိုင်းတွေ၊ အန္တရာယ်ရှိနိုင်တဲ့ ဓာတ်တိုင်နဲ့ ဓာတ်ကြိုးတွေ အနီးဝန်းကျင်ကို မသွားပါနဲ့။
၄။ မသန့်ရှင်းတဲ့ရေကို မသောက်သုံးပါနဲ့။ (ဘေးကင်းသန့်ရှင်းတဲ့ သောက်သုံး‌ရေ၊ ကျိုချက်ထားတဲ့ ရေ ဒါမှမဟုတ် ရေသန့်စင်ဆေးပြား ခတ်ထားတဲ့ ရေကိုသာ သောက်သုံးရေအဖြစ် သုံးစွဲပါ။)
ကိုးကား - လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ NUG
#Mandalay_Free_Press_MFP

Опубликовано:

 

15 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
معنویت در زندگی‌ یک آتئیست
20:42
آمیش ها چه اعتقاداتی دارند؟
22:09
WFW x KGAL - Sustainable Aviation Fuels (SAF) Event
3:23:30