ယခုရက်သတ္တပါတ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်လာနိုင်ပြီး မုန်တိုင်းငယ်အဆင့်ကနေ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကိုရောက်ရှိလာနိုင်ကြောင်း နိုင်ငံတကာ မိုးလေဝသအေဂျင်စီတွေက ခန့်မှန်းထားကြပါတယ်။ လက်ရှိအနေအထားအရ
သင်္ချာပုံစံများအပေါ် အခြေခံပြီး ခန့်မှန်းချက်တွေထုတ်ပြန်နေပေမယ့် မုန်တိုင်းလမ်းကြောင်း၊ မုန်တိုင်းရဲ့ပြင်းထန်နိုင်မှုနဲ့ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်မယ့်ဒေသတွေကို ခန့်မှန်းရာမှာ အပြောင်းအလဲတွေ ရှိနိုင်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက မိုးဇလပညာရှင်တွေရဲ့ အကူအညီနဲ့ မုန်တိုင်းအနေအထားပြောင်းလဲမှုတွေကို စဉ်ဆက်မပြတ်စောင့်ကြည့်လျက်ရှိပြီး ပြောင်းလဲမှုရှိတိုင်း ထပ်မံထုတ်ပြန်အသိပေးသွားမှာဖြပ်ပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုင်ကလုန်းမုန်တိုင်းနဲ့နောက်ဆက်တွဲဖြစ်ပေါ်နိုင်တဲ့အန္တရာယ်တွေနဲ့စပ်လျဉ်းတဲ့
ဆောင်ရန်/ရှောင်ရန်တွေကို အကြံပြုတင်ပြပါရစေရှင် -
- ဆိုင်ကလုန်းမုန်တိုင်းနဲ့စပ်လျဉ်းတဲ့ တိကျသော မိုးလေဝသခန့်မှန်းချက်သတင်းတွေကို ပုံမှန်ကြည့်ရှုနားထောင်ပါ။
- မုန်တိုင်းသက်ရောက်နိုင်တဲ့အဝန်းအဝိုင်းထဲမှာရှိပါက မိမိနေအိမ်ရဲ့ အမိုး၊အကာတွေကို ကြံ့ခိုင်အောင်ပြုလုပ်ပါ။
- မြေနိမ့်ဒေသ၊ ဒီရေတက်နိုင်တဲ့နေရာတွေမှာနေထိုင်ပါက မုန်တိုင်းမကျရောက်မီ ကုန်းမြင့်ပြီး လုံခြုံတဲ့နေရာတွေဆီသို့ အချိန်မီပြောင်းရွှေ့ပါ။
- တန်ဖိုးကြီးပစ္စည်းတွေ၊ အရေးပေါ်ဆေးဝါး၊ စားစရာ၊ရေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို စနစ်တကျထုတ်ပိုးပြီး ပြောင်းရွှေ့မယ့်နေရာသို့ ကိုယ်နှင့်မကွာယူဆောင်ပါ။
- နေအိမ်မှာချန်ထားခဲ့တဲ့ပစ္စည်းတွေထဲမှာ ရေစိုမခံတဲ့ပစ္စည်းတွေပါဝင်ခဲ့ရင် ရေလုံအောင်ထုတ်ပိုးပြီး ရေလွတ်တဲ့ အမြင့်မှာသိမ်းဆည်းထားပါ။
- လက်ကိုင်ဖုန်းတွေ၊ ဓါတ်မီးတွေနဲ့ Power Bank တွေကို ကြိုတင်အားသွင်းထားပါ။
- ကျွဲ၊နွား၊တိရစ္ဆာန်တွေကို ၎င်းတို့ရဲ့ အစားအစာနဲ့အတူ ကုန်းမြင့်နေရာတွေဆီသို့ ကြိုတင်ပြောင်းရွှေ့ထားပါ။
- မုန်တိုင်းနဲ့ဆက်စပ်ပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ဒီရေတက်ခြင်း၊ လှိုင်းကြီးခြင်း၊ ကမ်းပါးပြိုခြင်း၊ သစ်ကိုင်းကျိုးကျခြင်း၊ ဓါတ်ကြိုးပျက်ကျခြင်းနဲ့ ဓါတ်လိုက်ခြင်းတို့ဖြစ်ပေါ်နိုင်တာကို ဂရုပြုပါ။
- မုန်တိုင်းအရှိန်ကြောင့်မိုးများနိုင်တဲ့အတွက် တောင်ကုန်းတွေ၊ ကုန်းမြင့်တွေမှာ မြေပြိုခြင်းအန္တရာယ်ကို သတိပြုရှောင်ရှားပါ။
- မုန်တိုင်းမျက်စေ့ဖြတ်နေချိန်မှာ နာရီဝက်ခန့်လေငြိမ်သွားတတ်ပေမယ့် အဲဒီ့နောက်မှာ လေပြင်းတွေပြန်လည်တိုက်ခတ်လာနိုင်တယ်ဆိုတာကို သတိချပ်ပါ။
- မြစ်ချောင်းတွေအတွင် ငါးဖမ်းထွက်ခြင်း၊ ကွင်းပြင်ထီးထီးမှာအလုပ်လုပ်ခြင်းနဲ့ အကာအကွယ်မရှိတဲ့နေရာတွေမှာ နေထိုင်ခြင်းတို့ကို ရှောင်ရှားပါ။
- ကောလာဟလသတင်းတွေကို ဖြန့်ဝေခြင်းနဲ့ မလိုလားအပ်ဘဲ အများပြည်သူကို အထိတ်တလန့်ဖြစ်အောင်ပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ပါ။
#pvtv
#weatherforecast
8 май 2023