မဲဇာတောင်ခြေ
ပတ်ပျိုး
ရေး- ဦးမောင်ကလေး၊
ဆို- မစိမ်းစိမ်း၊
(မဲဇာတောင်ခြေ၊ စီးတွေတွေ၊ ရစ်သန်းသီတာရေ)၂။
(ပန်းမြိုင်ဘွေမှာလေ၊ ဆန်းထွေသည်က၊ ရွှေပြည်တော်
နန်းဆီသို့တ)၂။ (ဘိုးတော်ငယ် ပဝရ၊ တေဇငဲ့ညွန့်လူ၊
တည်ထားအဆူဆူ)၂။ (ဇမ္ဗူဆီမီး၊ ခြောက်ရောင်ရှင်၊
ဂူကြီးမြတ်ထွတ်တင်)၂။ ရွှေလင်းပင်၊ ခြင်္သေ့ဖျား၊ ထွေထွေ
လျှပ်နှယ်သား။ သည်ကားစေတီ၊ သည်ဆီရွှေနန်း၊ ရည်ရော်
စိတ်ကမှန်း။ [(နန်းရွှေပြည် ကွာဝေးလို့၊ ဆွေဗျာထုနှောင်)၃၊
ပွဲခါညောင် ရေစင်သုံး၊ မြတ်ဖျား ဂူတော်တောင်က၊ ရီမှောင်
ဝိုက်ကာဖုံး]၂။ (နှင်းငွေရီ အံ့မဆုံး၊ မိုးပေါက်ကရှုံး)၂။
[(တိမ်တိမ်ခြေ ဖုံးပါလို့၊ အုန်းခြိမ့်ခြိမ့်မှောင်)၃။ တည့်မွန်း
နေခြည် ဖြာမှနွေးတယ်လေး၊ ထွေးလုံတတ်ပေါင်]၂။
သဲသာသောင်မြေဝေးမှာ၊ လွမ်းဖေါ်မဲ့ဆွေး။ မြောက်လေပြေ
ဆော်သွေးတယ်၊ ချမ်းတုန်လို့အေး။
(သဖြန်)။ (လေသွေးရာချီ၊ ရွှေဖီကမွှေး)၂။ (ဝတ်ပန်းငုံခိုင်နှင့်၊
မဲဇာမြိုင် ဂနိုင်အုပ်မှာ၊ ရွှေဘုတ်ကကြွေး)၂။ ။
15 окт 2024