Тёмный

မြင်းခြံတောင်ရှေ့တိုးဂိတ်နှင့်စစ်ကူစစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃၄ ဦး သေဆုံး 

D Day News
Подписаться 46 тыс.
Просмотров 4 тыс.
50% 1

D Day News
ဇူလိုင်လ ၁၇
မန္တလေးတိုင်း၊ မြင်းခြံခရိုင် မြင်းခြံမြို့နယ်နှင့်တောင်သာမြို့နယ်အစပ်ရှိ တောင်ရှေ့တိုး ဂိတ်နှင့် စစ် ကူ စစ်ကြောင်းတို့ကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၄ ဦးသေဆုံး ခဲ့ကြောင်း Myingyan Black Tiger - MBT တပ်ဖွဲ့နှင့် မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲအမှတ် (၁၈၄၈) တပ်ဖွဲ့ တို့ထံမှ သိရသည်။
ဇူလိုင်လ ၉ ရက်နေ့က မြင်းခြံမြို့နယ်နှင့်တောင်သာမြို့နယ်အစပ်ရှိ တောင်ရှေ့ဂိတ်ကို ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ရဲ ၂၇ ဦး သေဆုံးခဲ့ကြောင်း၊ ထို့အပြင်မြင်းခြံမြို့မှ စစ်ကူလာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို လမ်း ကြောင်းဖြတ်တောက်ရေးအဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဇူလိုင်လ ၁၀ ရက်နေ့၌ မြင်းခြံ မြို့နယ်၊ ကွမ်းစိုက်ရွာနှင့် တောင်ရှေ့ရွာကြားသို့ ထွက်လာ သော အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“မိုင်းဆွဲခဲ့တာက လက်ဝဲရွာကို မီးရှို့တဲ့ စခစစ်ကြောင်းပဲ၊ တောင်ရှေ့ဂိတ်ကို တိုက်ခိုက်ခဲ့တာက စခ ၂၇ ဦးသေတာ၊ ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေက စိုးရိမ်စရာမရှိပါဘူး၊ လက်ရှိအနေအထားမှာ တပ်ဖွဲ့လိုအပ်ချက်တွေ အများကြီးရှိသေးလို့ မိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာ ရပ်ခံချင်ပါတယ်” ဟု Myingyan Black Tiger - MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ တိုက်ခိုက်မှုများအတွင်း တောင်ရှေ့ ဂိတ်တိုက်ပွဲတွင် MBT တပ်ဖွဲ့မှ ရဲဘော်တစ်ဦးနှင့် အခြား မဟာမိတ်တပ်ဖွဲ့များမှလည်း ထိခိုက်မှု အချို့ရှိခဲ့သော်လည်း စိုးရိမ်စရာမရှိကြောင်း Myingyan Black Tiger - MBT တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့ ၊ မြင်းခြံခရိုင်အမှတ်(၁)တပ်ရင်း၊ မြင်း ခြံခရိုင်အမှတ် (၂)တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် (၈)တပ်ရင်း၊ တောင် သာမြို့နယ် ပကဖ ၊ မြင်းခြံမြို့နယ်ပကဖ ၊ မလှိုင်မြို့နယ်ပကဖ ၊ နွားထိုးကြီးမြို့နယ်ပကဖ ၊ ဗိုလ်စား ပျောက်ကြားတပ်ဖွဲ့နှင့် စွန်ရဲပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
Wesite Link -
Telegram Link - t.me/ddaynewsm...
Twitter Link - / ddaynews124968
နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို / ddaynews
RU-vid Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။
#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #RejectMilitaryCoupMyanmar #မြင်းခြံမြို့နယ် #အကြမ်းဖက်စစ်တပ် #PDF #ddaynews

Опубликовано:

 

14 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 11   
@DawMoe-bs5cx
@DawMoe-bs5cx 3 месяца назад
ချကွာ မေ့သားကြီးတို့
@ThweThweOo-vp7fu
@ThweThweOo-vp7fu 3 месяца назад
ဒို့ညီနောင်မြင်းခြံသားပါ🎉🎉🎉🎉🎉🎉❤❤❤❤❤❤❤❤
@ChitHsu-lo7rb
@ChitHsu-lo7rb 2 месяца назад
ချသာချ ပုဇွန်ခေါင်း နဲ့ လူတွေ
@tayza2225
@tayza2225 2 месяца назад
ခွေးတွေဂေါင်းထဲးချိးပဲးရှိတယ် ချသားကြိးတို့
@thomasyang7077
@thomasyang7077 3 месяца назад
❤❤❤❤❤❤❤
@Sos-o8e
@Sos-o8e 3 месяца назад
❤❤❤❤❤👏👏👏👏👏👏👏👏
@KoNaySoe-c4v
@KoNaySoe-c4v 2 месяца назад
တောင်သာ ဇရပ်ကြီးရွာ အခြေနေလေးသိပါရစေ😢😢
@kolay-t4v
@kolay-t4v 6 дней назад
ကွမ်းစားတောင်မပျက်ဘူးဆရာသမားတေ
@laynaingmyo2318
@laynaingmyo2318 2 месяца назад
❤❤❤❤❤
@khinsan5735
@khinsan5735 2 месяца назад
❤❤❤❤❤❤❤❤❤❤❤❤❤🎉🎉🎉🎉🎉🎉🎉🎉မောင်းလေးတိုဘေးကင်းပါစေ့မမဆုတောင်းလှိုက်ပါးတယ်းကဂုပ်စိုးပ်ပါး
Далее
When Royal Guards Fight Back!
8:08
Просмотров 6 млн
မြဝတီ လမ်းဟောင်း!!!
5:11