Тёмный
No video :(

မြင်းခြံ တိုက်ပွဲမှာ ဗိုလ်မှူး အပါအဝင် စစ်အုပ်စု (၄၀) သေ၊ ရုရှားပြန် ဗိုလ်မှူး အပါ ငါးယောက် ဖမ်းမိ၊ 

Mandalay Free Press - MFP
Подписаться 145 тыс.
Просмотров 32 тыс.
50% 1

တိုက်ပွဲမှာ အထိနာတဲ့ စစ်အုပ်စုက ရွာတွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်၊
MN/MFP ၊ ဇွန်-၂၆
မန္တလေးတိုင်း၊ မြင်းခြံခရိုင်ထဲ ဇွန်(၂)ရက်က စလို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ဗိုလ်မှူးအဆင့် အပါအဝင် စစ်အုပ်စု (၄၀)ကျော် သေကာ ရုရှားပြန် ဗိုလ်မှူး တစ်ဦးအပါ ငါးယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း အများအပြား သိမ်းဆည်း ရမိတယ်လို့ မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း - Natogyi People Defence Force (NPDF) တာဝန်ရှိသူက MFP ကို ပြောပါတယ်။
ဇွန်(၂)ရက်ကနေ (၂၅)ရက်အထိ မြင်းခြံခရိုင်ထဲက မြင်းခြံနဲ့ နွားထိုးကြီးနယ်ထဲ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့ဖို့ ကြိုးစားတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ(၁၂)ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီ တိုက်ပွဲတွေအတွင်း ဗိုလ်မှူးအဆင့်တစ်ယောက်၊ နှစ်ပွင့်ဗိုလ်တစ်ယောက်နဲ့ တပ်ကြပ်အဆင့် အပါအဝင် စစ်အုပ်စု (၄၀)ကျော် သေပြီး ရှရှားနိုင်ငံမှာ သုံးနှစ်ကျော် ပညာသင်ခဲ့တယ်ဆိုတဲ့ ဗိုလ်မှူးအဆင့် တစ်ယောက် အပါအဝင် စစ်အုပ်စု ငါးယောက် သုံ့ပန်းအဖြစ် ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း ငါးကြင်းမြီး(MA-15) တစ်လက်၊ (RPG-7) တစ်လက်၊ (45MM) စိန်ပြောင်း တစ်လက်၊ (MA-1) လေးလက်၊ (MA-2) တစ်လက်၊ (MA-3) လေးလက်၊ (G-3) ငါးလက်၊ အူဇီ နှစ်လက်၊ (MA-5) ပစ္စတို နှစ်လက်၊ ကျည်မျိုးစုံ (၃၀၀၀) ကျော် အပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း - NPDF က ထုတ်ပြန်ပါတယ်။
“ပထမဆုံး ထိတွေ့တိုက်ပွဲမှာက သူတို့(စစ်အုပ်စု)ဘက်က မြင်းခြံဘက်ကနေ စစ်ကြောင်းထိုးလာတာ။ အဲဒီမှာ စဖြစ်တယ်။ အဲဒီ တိုက်ပွဲမှာ သူတို့ဘက်ကနေ စစ်သုံ့ပန်း တစ်ဦးနဲ့ သေနတ်တစ်လက်၊ လက်နက်ကြီးနဲ့ တခြား ခဲယမ်း ပစ္စည်းတွေ သိမ်းဆည်း ရမိလိုက်တယ်။ အဲဒီနောက်မှာ သူတို့ဘက်က စစ်ကြောင်း ထပ်ထိုးတယ်။ ကျွန်တော်တို့ ဘက်ကတော့ စောင့်ကြို တိုက်ခိုက်တာပေါ့။ တစ်ရွာနဲ့တစ်ရွာ အကူးမှာ။ ဝက်လူးရွာ ရဲစခန်းကနေ ထွက်လာတဲ့ စစ်ကြောင်းကို ကျွန်တော်တို့ဘက်က စောင့်ကြိုတိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲမှာ သူတို့ဘက်က အထိအခိုက် အသေအဆုံး များသွားတယ်။ သေတဲ့အထဲမှာ ဗိုလ်မှူးတစ်ယောက် ပါသွားသလို အရှင်မိလိုက်တဲ့ အထဲမှာလည်း ဗိုလ်မှူးတစ်ယောက် ပါလာတယ်ဗျ။ အရှင်မိလိုက်တဲ့ ဗိုလ်မှူးက ရုရှားမှာ သုံးနှစ် ပညာတော်သင် သွားလာတဲ့ ဗိုလ်မှူးပါ။ အဲဒီ ဗိုလ်မှူးတွေ ဖမ်မိတာနဲ့ ကျဆုံးသွားတဲ့ တိုက်ပွဲတွေက ဇွန်လ (၂) ရက်၊ (၄) ရက်နဲ့ (၅) ရက်နေ့ တိုက်ပွဲတွေမှာ ဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ အရှင်ဖမ်းဆီးရမိထားတဲ့ ဗိုလ်မှူးက ဂျူနီယာပေါ့။ ကျသွားတဲ့ ဗိုလ်မှူး ကတော့ သူ့ရဲ့အထက်က စီနီယာလို့ ကျွန်တော်တို့ သိရပါတယ်။ တိုက်ပွဲတွေထဲ (စစ်အုပ်စုဘက်က) ကျသွားတဲ့ အထဲမှာ နှစ်ပွင့်ဗိုလ် ပါသလို တပ်ကြပ်အဆင့် ရှိသူတွေလည်း ပါပါတယ်။ လက်နက်ခဲယမ်းတွေ အများဆုံး သိမ်းဆည်းရမိတာကလည်း အဲဒီအချိန် တိုက်ပွဲတွေအတွင်း ဖြစ်ပါတယ်။ တိုက်ပွဲတွေ အတွင်းမှာ ကျွန်တော်တို့ တော်လှန်ရေး အဖွဲ့တွေဘက်ကတော့ ရဲဘော် သုံးဦး မစိုးရိမ်ရ ဒဏ်ရာပဲ ရရှိခဲ့ပါတယ်။ ကျဆုံးတာ မရှိပါဘူးဗျ”လို့ မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း - NPDF တာဝန်ရှိသူက MFP ကို ပြောပါတယ်။
မြင်းခြံနယ်က တိုက်ပွဲတွေအတွင်း ထိခိုက်၊သေဆုံးတဲ့ စစ်အုပ်စုဟာ မန္တလေး နန်းတွင်း အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) လက်အောက်ခံ တပ်တွေဖြစ်တဲ့ ခြေလျင်တပ်ရင်း (ခလရ) - ၉၅ နဲ့ အရန်တပ်တွေ အပါအဝင် ကျောက်ဆည်နဲ့ မိတ္ထီလာဘက်က တပ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မြင်းခြံနဲ့ နွားထိုးကြီးနယ် တိုက်ပွဲတွေအတွင်း အထိနာ အသေများတဲ့ စစ်အုပ်စုက ကျေးရွာ(၁၀)ရွာ ထက်မနည်းကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးသလို ဒေသခံပြည်သူတချို့ကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စု မီးရှို့ ဖျက်ဆီးလို့ ကျေးရွာ(၁၀)ရွာကျော်က အိမ်ခြေ(၅၀၀)ကျော် မီးလောင်ပျက်စီးပြီး မီးလောင်ပျက်စီးမှု အသေးစိတ် အချက်အလက်နဲ့ သတ်ဖြတ်ခံရတဲ့ ပြည်သူ အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ မြင်းခြံခရိုင် တပ်ရင်း(၄) - NPDF တာဝန်ရှိသူက ပြောပါတယ်။
“ရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ဓားစာခံ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေတော့ ရှိတယ်ဗျ။ မြင်းခြံ နယ်ထဲမှာရော နွားထိုးကြီး နယ်ထဲမှာပါ ရှိပါတယ်။ ဖမ်းဆီ သတ်ဖြတ်ခံရတဲ့ ပြည်သူတွေရဲ့ စာရင်း အတိအကျတော့ မသိရသေးဘူး။ မြေပြင်မှာကလည်း စစ်ကြောင်းက ရှိနေသေးတော့။ ထပ်ပြီးတော့လည်း ထိတွေ့ တိုက်ပွဲတွေကလည်း ဖြစ်နိုင်တဲ့ အခြေအနေ ရှိနေသေးတော့။ အဲဒီ ဟာတွေကိုလည်း ကျွန်တော်တို့ တိတိကျကျ ထုတ်ပြန်သွားဖို့ ရှိပါတယ်ဗျ”
လက်ရှိမှာ တိုက်ပွဲတွေနဲ့ စစ်အုပ်စု ရန်ကြောင့် မြင်းခြံနယ် ကျေးရွာ(၁၂)ရွာက ထောင်နဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေး တိမ်းရှောင် နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မြင်းခြံနယ် ရက်(၂၀)ကျော်ကြာ တိုက်ပွဲတွေကို မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ မန္တလေးခရိုင် အမှတ်(၃) တပ်ရင်း - People’s Defense Force Mandalay (MDY-PDF)၊ မြင်းခြံမြို့နယ် (ပကဖ)၊ နွားထိုးကြီးမြို့နယ် (ပကဖ)၊ တံတားဦးမြို့နယ် (ပကဖ)၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့၊ နယ်စည်းမခြား နွားထိုးကြီးသားများနဲ့ မြင်းခြံခရိုင် အတွင်းရှိ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
#Mandalay_Free_Press_MFP

Опубликовано:

 

6 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 22   
@shaweba9261
@shaweba9261 2 месяца назад
မီးရှို့နေတဲ့ခွေကိုအလိုဆော်တာအားရတယ်...good news.👍👍👍
@thandaraung3900
@thandaraung3900 2 месяца назад
ဘေးကင်းပါစေ pDF
@yupawadi7330
@yupawadi7330 2 месяца назад
❤❤❤❤❤❤မအလ မကြာခင် ဒိုးရတော့မှာ
@kyaw-m7j
@kyaw-m7j 2 месяца назад
သတင်းကောင်း
@munhtoiawngnlam9698
@munhtoiawngnlam9698 2 месяца назад
L.L ကိုင်တဲ့ ရဲဘော်ရေ ဂရုစိုက်နော် LLကိုင်တာကို.. ကျည်ဘောက်လှည့်တာတွေကိုဂရုစိုက်....ဒိထက်ပိုပြီးအောင်မြင်ပါစေ ဗျာ
@user-gv4ky2jh7h
@user-gv4ky2jh7h 2 месяца назад
ပြည်သူ့သားတွေဘေးကင်းကြပာစေ
@ထီးဖြူဆောင်းမင်းသာအလိုရှိသည်
ပြည်ချစ်သားတွေဘေးကင်းပါစေ❤❤❤ စစ်မိစ္ဆာတွေ ကိုယ့်အကုသိုလ်နဲ့ကိုယ်သွားး😂😂😂 ပြည်သူ့ဘက်တော်သားများအောင်ပွဲအလီလီရပါစေ 🎉🎉🎉🎉🎉
@AungMinHtet-ck1ko
@AungMinHtet-ck1ko 2 месяца назад
လက်နက်လက်နက်ခြင်းတိုက်တော့ ပြန်မြင်ရတာက ဝဠ်ပြန်လည်နေသလိုဘဲနော် ဝဠ်ဆိုတာမသေခင်ပြန်လည်တတ်တယ်
@user-tf9gi8xh3c
@user-tf9gi8xh3c 22 дня назад
သီတာယုမွန်ကိုအရင်ရှင်ပါ စစ်တပ်ထက်ဆိုနေတာက သီတာယုမွန်ဆိုတဲ့ဖာသယ်မကို
@naylinnaylin4134
@naylinnaylin4134 2 месяца назад
မြင်းခြံခရိုင်PDFပူးေပါင်းတပ်ဖွဲ့ဝင်များအားလုံးေဘးရန်ကင်းပါေစတိုက်ပွဲတိုင်းမှာ အထိအခိုက်မရှိေအာင်နိုင်ပါေစ
@munhtoiawngnlam9698
@munhtoiawngnlam9698 2 месяца назад
ဘာလည်းဟ..ခွေးတွေက Drop bomb ချခံလိုက်တာနဲ့ ဖင်ပူးနေကြတာလားဟ😁
@MobileBest-ww7no
@MobileBest-ww7no Месяц назад
မဂ်လာပါ။❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
@user-ht4qm4jx9q
@user-ht4qm4jx9q 2 месяца назад
အကုန်​တာသတ်ပြစ်ပါကွာ စစ်ခွေးရဲ​ခွေးဆိုတကောင်မှမမြင်ချင်ပါ
@user-pk8gp2rg1s
@user-pk8gp2rg1s 2 месяца назад
ကြိတ်.
@munhtoiawngnlam9698
@munhtoiawngnlam9698 2 месяца назад
အီနာဂါ မှာ ဘောသီးများများထည့်ပေးပါ
@LinMon-gh6xp
@LinMon-gh6xp 2 месяца назад
လူနာတင်ကားပေါ်ကဆရာတော်ပစ်သတ်တဲ့ ပျူတွေကို အသေတာရှင်းပေးပါ
@user-xr6dd5oc2t
@user-xr6dd5oc2t 2 месяца назад
❤❤❤❤PDF တွေဘေးကင်းကြပါစေ
@tai842
@tai842 2 месяца назад
မအလမိစ္ဆာ မျိုးကန်းပြီကွ
@uaunghtay4965
@uaunghtay4965 13 дней назад
ရုရှားကပြေးနည်းသင်မပေးလိုက်ဘူးထင်တယ်
@KoKaung-jq1ge
@KoKaung-jq1ge 2 месяца назад
စစ်တပိက လကိနက်မပါဘူးထင်တယ်နောိ ပြန်ပစိတာလည်းမတွေ့ဘူး
@user-cy7gs7tw6z
@user-cy7gs7tw6z 12 дней назад
ဖင်ကုန်းနေတာ ဖင်ချင်သ ပူနေ့စကတော့ တွေ့တယ်
@AYarPhyo-bu9yi
@AYarPhyo-bu9yi 2 месяца назад
ခွေးအတွေသေတာပဲမြင်ရတယ်😂😂😂😂စောက်ပိန်းပိတ်တွေသွားလိမ်
Далее
Cute kitty gadget 💛💕
00:23
Просмотров 6 млн
3d printed demon core vs real
00:24
Просмотров 7 млн
Kyaw Myo Min (6.9.2024)
21:43
Просмотров 344 тыс.
Kyaw myo min
16:58
Просмотров 487 тыс.