#ThereIsARiver #Sangpi #Dominic #စံပီး #SangpiNewSong #မြစ်တစ်မြစ်ရှိသေးတယ်
မြစ်တစ်မြစ်ရှိသေးတယ် (There Is A River)
Composer - Dominic
Artist - Sangpi
The Band
Lead Guitar - Ah Lin
Keys - Mungpi
Bass - Ah Van
Drum - Mar Tu
Studio - Music House Studio & SP Studio
Sound Engineer - Lianpi
Mixing and Mastering - Chit San Maung
Produced by SP Production
Lyric Video - Wonderful
Graphic Design (Cover Art) - Khaingpwee
Verse 1
မြစ်တစ်မြစ်ရှိသေးတယ်
ပိုင်ဆိုင်တာတွေအားလုံးပျောက်ကွယ်သော်လည်း
ဘယ်တော့မှ မရပ်တန့်ဘူး
ရေဆာသူကို အားဖြည့်ပေးချင်သူက
ကန္တာရ အလယ်ထဲ
ပူလောင်ခြောက်သွေ့လောင်မြိုက်တဲ့အခါ..
အကြင်နာမေတ္တာစမ်း ရေကြည်တစ်ပေါက်လို ချစ်ခြင်းများနဲ့
Chorus
အားအင်တွေ ကုန်ခမ်းကုန်ပြီ မျှော်လင့်စရာဆို
ဘာတစ်ခုမှမရှိတော့အချိန်မျိုးမှာ
အားတွေဖြည့်ဆည်းပေးဖို့ မျက်ရည်တွေ
ခြောက်ခမ်းကုန်ပြီ ခိုကိုးစရာဆို ဘာတစ်ခုမှ
မရှိတဲ့အချိန်မှာ ...အနားဖြေရာ..
မြစ်တစ်မြစ်ရှိသေးတယ်..
Verse 2
မျှော်လင့်ချက်ရှိသေးတယ်
ယုံကြည်ရာတွေအားလုံးပျက်ပျယ်ကုန်လည်း
ဘယ်တော့မှ မစွန့်ပစ်ဘူး တွေဝေသူကို
ဖေးမ ပေးလိုသူက..
မှုံရီမိုးအမှောင်ထဲ ကြယ်ရောင်ပျောက်လို့
မမြင်တော့တဲ့အခါ..စေတနာဖိတ်စာကမ်း
ကြိုဆိုဧည့်ခံ ချစ်ခြင်းများနဲ့..
Chorus
မှတ်တိုင်တွေ ယိုင်နဲ့ကုန်ပြီ မျှော်ကြည့်စရာဆို
ဘာတစ်ခုမှမရှိတော့အချိန်မျိုးမှာ
အလင်းရောင်ဖြည့်ဆည်းပေးဖို့..
ကျောက်ဆောင်တွေပြိုလဲကုန်ပြီ
မှီတွဲစရာဆိုဘာတစ်ခုမှ မရှိတဲ့အချိန်မှာ
ခိုကိုးစရာ ခွန်အားပေးသူရှိတယ်...
Bridge
မြစ်တစ်မြစ်ရှိသေးတယ်
မျှော်လင့်ချက်ရှိသေးတယ်
အိပ်မက်တို့ကွယ်ပျောက်လည်း
အချစ်နဲ့တည်ထားတယ်
မြစ်တစ်မြစ်ရှိသေးတယ်
မျှော်လင့်ချက်ရှိသေးတယ်
အနာဂါတ် သွေ့ခြောက်သွားလည်း
Verse 3
မြို့တစ်မြို့ရှိသေးတယ်
ခင်တွယ်ရာတွေ အားလုံးအဆုံးတိုင်သော်လည်း
ဘယ်တော့မှ တံခါးမပိတ်ဘူး
ဆာလောင်သူကိုတံခါးဖွင့်ပေးနေသူက
ရည်ရွယ်ချက်တွေမဲ့ အလိုလိုဒူးထောက်ပြိုလုဆဲမှာ..
ကိုယ်တိုင်ဖေးကူမဲ့ စာနာသနား ထိုမျက်ဝန်းများနဲ့
Chorus
နှလုံးအိမ်တွေ အက်ကွဲကုန်ပြီ ခံစားနိုင်တာ
ဘာတစ်ခုမှ မရှိတော့အချိန်မျိုးမှာ
အသစ်ပြန်ဖန်ဆင်းပေးဖို့ တေးသံတွေရပ်ဆိုင်းကုန်ပြီ
ဆိုငြီးစရာဆို ဘာတစ်ခုမှ မရှိတော့အချိန်မျိုးမှာ
သင့်အနားမှာ ဖန်ဆင်းသောအရှင်ရှိတယ်
မြစ်တစ်မြစ် ရှိသေးတယ်...
Copyright@2021 Music By Sangpi
30 июн 2021