“ခရစ်ယာန်ဘာသာဝင် ဖြစ်ပေမယ့် လွန်ခဲ့တဲ့ (၄) နှစ် ကတည်းက ဗုဒ္ဓဘာသာ နဲ့ ရင်းနှီး ကျွမ်းဝင်ခဲ့တယ်။ ငယ်ငယ်တုန်းက ရဟန်းငယ်တွေ နဲ့ ကျားတွေကို အိပ်မက် မက်လေ့ရှိခဲ့တယ်။ ကိုယ့်ကိုယ်ကို သီလရှင် အဖြစ်နဲ့ မြင်တွေ့ရတာက တန်ဖိုးကြီးတဲ့ အရာတစ်ခုလို့ မြင်တယ်” လို့ ပြောလာတဲ့ အသက် (၂၃) နှစ်၊ အီတလီနိုင်ငံသူ ဆရာလေး ဂေါတမီရတနာ နှင့် ခဏတာ။
ဆရာလေး ဂေါတမီရတနာ ဟာ မြန်မာနိုင်ငံ ကို (၁) လကြာ လာရောက်ခဲ့ပြီး၊ ရန်ကုန်၊ လှည်းကူးမြို့နယ်ရှိ မဂ္ဂဖလဝိဟာရ အပြည်ပြည်ဆိုင်ရာ ဝိပဿနာ တောရရိပ်သာ ကျောင်းမှာ သီလရှင်ဝတ် တရား အားထုတ်ခဲ့ပါတယ်။
@MyanmarCelebrity Update: Martina, Gotami Yadanar from Italy entered the nun-hood in Yangon. #ဂေါတမီရတနာ #GotamiYadanar #Martina #BuddhistNun #MyanmarBuddhism #MyanmarBuddhistNun
9 июл 2024