မြိုင်တို့ခြံထဲမှာ ဟင်းရွက်တွေများတော့လေ ဟင်းချက်ဖို့ဆို ထွေထွေထူးထူး စဉ်းစားစရာမလိုဘူးရယ်။ ခြံထဲမှာများနေတဲ့ အရွက်ကို ချက်လိုက်တာပဲ။
ဒီနေ့တော့ ချဉ်ပေါင်ခင်းလေးရှိနေတုန်း ချဉ်ပေါင်ကြော်လေးရယ်၊ ပဒက်စာဟင်းရည်လေးနဲ့ မြစ်ပုစွန်ထုပ်ဆီပြန်ဟင်းချက်စားဖြစ်တယ်ရှင်။ ပုစွန်ထုပ်ကတော့ စျေးကြီးတော့ ခွဲတမ်းနဲ့ပေါ့။
တူမလေးတွေက တောင်းဆိုတော့လည်း ဒီအဒေါ်ကစျေးပြေးရတာပေါ့။ ချဉ်ပေါင်ကတော့ ခြံထဲကရပါရဲ့ ဆင်ဖိုးထက်ချွန်းဖိုးကကြီးဆိုတာ အဲ့ဒါနေမှာ။
27 мар 2023