Тёмный

မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင် 

သံစဉ်မြို့တော် The city of melodies
Просмотров 117 тыс.
50% 1

"မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်"
တေးရေး --- တက္ကသိုလ်စိုး
တေးဆို --- ဝိုင်းလမင်းအောင်၊ဘုန်းသစ်၊ပန်တလျှံ ဧကရီ၊သွယ်သွယ်သိမ့်
တန်ဆောင်မုန်းလသည် မြန်မာ(၁၂)လရာသီတွင် ၈ လ မြောက်(အဋ္ဌမမြောက် လ)ဖြစ်ပြီး တန်ဆောင်မုန်းလ၏ ရာသီပန်းမှာ ခဝဲပန်း ဖြစ်သည်။ တန်ဆောင်မုန်းလအား မိုးတွင်းကာလ ကုန်ဆုံးသည့်အချိန် ဖြစ်၍ “မိုးလအဆုံး-တန်ဆောင်မုန်း”ဟူ၍ ဆိုလေ့ရှိကြသည်။
တန်ဆောင်မုန်းလနှင့် ကထိန်ပွဲ
တန်ဆောင်မုန်းလ၏ ထင်ရှားသော ပွဲတော် တစ်ခု ဖြစ်သည့် ကထိန်ပွဲခင်းခြင်း(ဝါ) ကထိန် သင်္ကန်း ကပ်လှူသည့် ကထိန်ပွဲများအား နိုင်ငံ အနှံ ၊ မြို့အနှံ ခြိမ့်ခြိမ့်သဲ စည်ကားစွာ ကျင်းပ ဆင်နွှဲကြသည်ကို မြင်တွေ့ရပါသည်။ ကထိန်ပွဲ ပြုလုပ်ခြင်းကို ကထိန်ခင်းသည် ဟုဆိုကြပြီး သီတင်းကျွတ် လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်း လပြည့်နေ့ အထိ သတ်မှတ်သော ကာလဒါန အဖြစ် ကထိန်သင်္ကန်း အလှုဒါနများ ပြုလုပ်ကြသည်။
မြန်မာဗုဒ္ဓဘာသာဝင်တို့သည် “ဘုရားမှာ စိန် ၊ ကျောင်းမှာ သိမ် ၊ သင်္ကန်းမှာ ကထိန်”ဟူ၍ ဆိုရိုးပြုကာ ၊ “ ကထိန်သင်္ကန်း ကပ်လှူခြင်း”ကို အထွဋ်အမြတ် ထားလေ့ ရှိကြပြီး “ကထိန်” ဟူသော ဝေါဟာရသည် ပါဠိဘာသာ စကား“ကထိန” မှ ဆင်းသက်လာပြီး “မြဲမြံခိုင်ခန့်ခြင်း” ဟူသော အနက်ရှိသည်။
တန်ဆောင်မုန်းလနှင့် မသိုးသင်္ကန်း
ကထိန်ခင်းခြင်းနှင့် အတူ မသိုးသင်္ကန်း ရက်လုပ်၍ လှူသော အလှူပွဲကို တန်ဆောင်မုန်း လတွင် ပြုလုပ်ကြကာ အထင်ကရ စေတီတော်ကြီးများတွင် မသိုးသင်္ကန်းယက်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ကာ ၊ ရရှိလာသော သင်္ကန်းတော်ဖြင့် စေတီတော်မှရုပ်ပွားတော်မြတ် ဗုဒ္ဓဘုရားရှင်အား နေ့မကူးမီ ပူဇေါ်လှူဒါန်းလေ့ရှိကြသည်။
တန်ဆောင်မုန်းလပြည့်နေ့ မှ နောက်တစ်ရက်မကူးမီအချိန်ထိ ယက်လုပ်ချုပ်ငင်ရသော သင်္ကန်းကို “မသိုးသင်္ကန်း”ဟု ခေါ်ဆိုခြင်း ဖြစ်သည်။
ပထမဆုံး မသိုးသင်္ကန်းကို အဇာတသတ်မင်းကြီးက ဂေါတမဘုရားရှင်အား စတင်ကပ်လှူ ပူဇော်ခဲ့ခြင်း ဖြစ်ပါသည်။ အဇာတသတ်မင်းကြီးသည် မြတ်စွာဘုရား ဟောကြားတော်မူသော သာမညဖလသုတ်တော်ကို နာကြားရပြီးနောက် မိဘတို့၏ကျေးဇူးကို ဦးထိပ်ပန်ဆင်ကာ ယက္ကန်းစင် ၂၈ စင်ပေါ်တွင် နေ့မကူးစေပဲ ယက်လုပ်စေခဲ့ခြင်းကြောင့် မသိုးသင်္ကန်းဟု ခေါ်တွင်ခဲ့ခြင်းဖြစ်ပါသည်။
တန်ဆောင်မုန်းလနှင့် တန်ဆောင်တိုင်
တန်ဆောင်မုန်းလ၏ အဓိပ္ပါယ်မှာ“မီးရှူး၊ မီးတိုင် ၊ဆီမီးများထွန်းလင်းစေသောလ (ဝါ) အမိုက်အမှောင်ကို မီးအလင်းရောင်ဖြင့် ပျောက်လွင့်စေသောလ” ဟုဆိုကြပြီး “တန်ဆောင်တိုင်” ဟူသည် “အလင်းရောင်ကို ဆောင်ယူသောတိုင်(ဝါ) မီးရှူးတိုင် ၊ အလင်းတိုင်” ကို ခေါ်ဆိုခြင်းဖြစ်ပြီး တန်ဆောင်တိုင် မီးထွန်း ပွဲတော်များ ကျင်းပ ဆင်နွဲကြသည်။

Опубликовано:

 

29 июл 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 10   
@thanseinyawgimyanmar
@thanseinyawgimyanmar Год назад
သက်ရှည် ကျန်းမာကြပါစေ၊ သာဓု သာဓု သာဓုပါ။
@dawsan-xz7sr
@dawsan-xz7sr 8 месяцев назад
မဂ်လာအပေါင်းခညောင်းပါစေ🙏🙏🙏
@ukyaw3171
@ukyaw3171 Год назад
မကေါင်းသူပယ် ကေါင်းသူကယ်အံ့ အပြစ်ရှိသူ ခံကြရမည် ကောင်းမူ့တစ်ခုနေ့တိုင်းပြုလော့
@kiyzay8933
@kiyzay8933 Год назад
🙏🙏🙏🌷🌷🌷
@ngenge5711
@ngenge5711 Год назад
🌷🌷🌷🌷🌷🌷🌷🌷🌷🌷
@oppababy4726
@oppababy4726 Год назад
ပျော်ကြမြိုးကြ တန်ဆောင်တိုင် လက်ယက်ကုန်းနှဲ့ အနန်းပါ တမျိုးရင်ဆိုင်
@koung9712
@koung9712 Год назад
မဂ်လာရှိလိုက်တာ
@ukyaw3171
@ukyaw3171 Год назад
ပိုရယ် တွေ့ချင်တယ် သတိရ လွမ်း ၂၆ ၁၁ ၂၀၂၂
@user-hy4bb6vt3u
@user-hy4bb6vt3u 8 месяцев назад
*လူတွေ* ပြောင်းလဲချိန်မှာ ဟောင်းသွားခဲ့တဲ့ အတွေးအခေါ်တွေ အစား ပြတ်တောက်မှုဟာ အားကောင်းကောင်းနဲ့ အမှားအယွင်း မဟုတ်တာကိုမှ --- ကြက်ချေခတ်ချင်ကြတယ်။
@ukyaw3171
@ukyaw3171 Год назад
ဒီနှစ်တန်ဆောင်တိုင် နွှဲပျော်ကြစို့ ပိုနှမ ကြန့်ခိုင်စိတ်ထား မြင့်မြတ်ထား
Далее
Угадай МОБА 1 🥵 | WICSUR #shorts
01:00
Просмотров 2,7 млн
Как вам наш дуэт?❤️
00:37
Просмотров 1,2 млн
ေရႊဝယ္သူ
3:50
Просмотров 64 тыс.