ယမ်းစိမ်းကို နိုက်ထိုဂျင်ကြွယ်ဝသော မြေကြီးမှ ရယူနည်း။
---------------------------------------------------
ယမ်းစိမ်း ပိုတက်ဆီယမ်နိုက်ထရိုတ် ကို နိုက်ထိုဂျင် များသော နွားချီးအဆွေး၊ ယုန်ချီး၊ ကြက်ချီး တိရိစ္ဆာန် အညစ်အကြေး သစ်ရွတ်၊မြက်၊ကောရိုး အဆွေးများမှ ထုတ်ယူရရှိနိုင်သည်။
လိုအပ်သောပစ္စည်းများ။
-------------------
၁ နွားချီးအဆွေး၊ ယုန်ချီး၊ ကြက်ချီး တိရိစ္ဆာန် အညစ်အကြေး သစ်ရွတ်၊မြက်၊
ကောက်ရိုး အဆွေးများ မှရရာ
၂ သစ်သားပြာ၊ (သို့) စက္ကူ ကပ်ထူ ပြာ
၃ ၅ ဂါလံဆန့် ရေပုံး (ပလပ်စတစ်၊ သံ၊ သစ်သား )ရရာပုံး
၄ ပိတ်ပါးစ ၂ စ ရေပုံး အောက်ခြေလုံ အောင်ကာနိုင်သောအရွယ်
၅ အပူခံနိုင်သော ရေဇလုံ ၅ဂါလံပုံး အောက်ခြေထက်ကျယ်ရမည်။
၆ မီးဖို တခု (လျှစ်စစ်၊ ဂစ်) ရရာ
၇ ရေနွေးတည်ရန် ရေအိုးတလုံး
ပြုလုပ်ပုံ အဆင့်ဆင့်
-----------------
၁ ၅ဂါလံဆန့် သံပုံးတပုံး ကို အတွင်းမှအပြင်သို့ အပေါက်ဖေါက်ပါ။
၂ အဝတ်ပါးတစကို ပုံးအောက်ခြေတွင်ခံပါ။
၃ သစ်သားပြာ များကို ပုံး အောက်ခြေ အဝတ်စပေါ်မှ ခင်းပီး အဝတ်နောက်
တစကို ပြာ ပေါ် မှ ထပ်ခင်းပါ။
၄ ပုံးထဲ ေမြ ကြီးများထည့်ပါ။
၅ မြေကြီးထည့်ထားသောပုံးကို ရေဇလုံ အပေါ် တင်ပါ။ သစ်သားခြောင်း၂ခြောင်းကို ရေဇလုံ နှင့်ပုံးကြားထားပီးတင်နိုင်သည်။
၆ ရေနွေးအိုးထဲရေထည့်ပီးဆူအောင်တည်ပါ။ ရေခွက်တခုဖြင့် မြေဆွေးများပါ် မှနည်းနည်းခြင်းလောင်းခြပါ။ ရေနွေးများပုံးအောက်ခြေအပေါက်မှထွက်လာပါမည်။
ရေအများကြီးတခါထဲလောင်းပါက ပုံးအောက် အပေါက်ပိတ်နိုင်ပါသည်။ လောင်းလိုက်သောရေနွေးများ အောက်ခြေဇလုံထဲရောက်လျှင် ရေအေးအောင်
၁နာရီ ၂နာရီခန့်စောင့်ပါ။
၇ ရေအေးလျှင် ဖြေးဖြေးချင်း ရေဇလုံတခုထဲပြောင်းထည့်ပါ။ အောက်ခြေ မှာအနည်ထိုင်နေသော မြေစေးများမပါအောင်ရယူပါ။
၈ ရေဇလုံကိုမီးပူပေါ် တင်ပီး နဂိုရှိသောရေပမာနထက် တဝက်ရအောင်ကျိုပါ။ တဝက်လောက်ရောက်လျှင် မီးဖိုမှခြပီးနာရီဝက်ခန့် အအေးခံပါ
(ဤနေရာတွင် ကျတော် မီးမပိတ်မိသောကြောင့်ရေခန်းသွားသည်)
၉ ရေအေးလျှင် ရေပမာနာခန့် ရှိ အရက်(သို့) အရက်ပြန် ထည့်ပီး စက္ကူပါးစဖြင့်စစ်ယူပါ။ စက္ကူပေါ် တွင်အဖြူရောင် ပုံဆောင်ခဲများတင်ကျန်ခဲ့ပါမည်။
ထိုပုံဆောင်ခဲများသည် ယမ်းစိမ်းခေါ် ပိုတက်စီယမ်နိုက်ထရိုတ်များဖြစ်ပါသည်။
၁၀ ပိုသန့်စင်ရန် ထိုပုံဆောင်ခဲများကို ရေနည်းနည်းဖြင့် ပြန်ဖျော်ပီး ရေဆူအောင်ကျိုပါ။ ရေမျက်နှာပြင်တွင်ပေါ် လာသောအမြှတ်များကို ဖယ်ပစ်ပါ။ စက္ကူပါးဇကာ
ဖြင့်စစ်ပီးရလာသောရေကို ရေခန်းသည်ထိတည်ပီး ခြောက်ခံပီးပါက သန့်ပီးသားယမ်းစိမ်း (ပိုတက်ဆီယမ်နိုက်ထရိုတ်) များကိုရရှိပါမည်။
9 май 2021