Тёмный

ယောဆရာတော်ဘုရားကြီး၏ အန္တရာယ်ကင်းပရိတ်တော်များ 

Nyein Aye Say Yar (Mindfulness)
Подписаться 2,3 тыс.
Просмотров 41
50% 1

Like & Subscribe လုပ်ပေးကြပါဦးခင်ဗျာ
@တိပိဋကဓရ-အဂ္ဂမဟာပဏ္ဍိတယောဆရာတော်ဘုရားကြီး ဘဒ္ဒန္တသီရိန္ဒာဘိဝံသ ရွတ်ဖတ်ပူဇော်တော်မူသော တော်မူသော အန္တရာယ်ကင်ပရိတ်တရားတော်များ
@အရှင် သိရိန္ဒာဘိဝံသည် အဖ ဦးရဲနိုင်၊ အမိ ဒေါ်တုတ်ခိုင် တို့မှ ၁၃၀၄ ခုနှစ်၊ တပေါင်း လပြည့်ကျော် ၆ ရက် သောကြာနေ့တွင် မကွေးတိုင်း ဂန့်ဂေါမြို့နယ် (ယောနယ်)၊ လက်ပံရွာ၌ ဖွားမြင်ခဲ့သော သားဦး ရတနာ ဖြစ်ပါသည်။ ၁၃၂၄ ခုနှစ်၊ ကဆုန် လပြည့်ကျော် ၂ ရက် စနေနေ့တွင် ဂန့်ဂေါ်မြို့နယ် ကန်တောရ ကျောင်းတိုက်တွင် ရဟန်း အဖြစ်သို့ ရောက်ရှိ ခဲ့ပါသည်။
ပါဠိ ပထမပြန် စာမေးပွဲ ငယ်၊ လတ်၊ ကြီးနှင့် ဓမ္မာ စရိယ စာမေးပွဲတွင် သာသန ဓဇသီရိပဝရ ဓမ္မာစရိယ ဘွဲ့ကို လည်းကောင်း၊ အဂ္ဂမဟာ အကျော်ဘွဲ့ကို လည်းကောင်း၊ ဝိနယ ပါဠိ ပါရဂူ ဘွဲ့နှင့် ပဋိသမႝိဒါမဂ္ဂ ပါဠိ ပါရဂူဘွဲ့ကို လည်းကောင်း၊ နိကာယ် စာမေးပွဲတွင် နိကာယုဇ္ဇောတက အတ္တဝိသာရဒ မူလအာဘိ ဓမ္မိကဘွဲ့၊ ဓမ ္မဝိသာရဒ မဇ္ဈိမ အာဘိဓမ္မကဘွဲ့၊ အတ္တဝိသာရဒဒီဃဘာဏက ဘွဲ့ကို လည်းကောင်း၊ မန္တလေး သကျသီဟ ဓမ္မာ စရိယ ဘွဲ့ကို လည်းကောင်း၊ ရန်ကုန် စေတီယင်္ဂဏ ဓမ္မာ စရိယ ဘွဲ့ကို လည်းကောင်း၊ တိပိဋက ရွေးချယ်ပွဲတွင် (၂၃) ကြိမ်မြောက်၌ ဝိနယဓရဝိနယ ကောဝိဒ ဘွဲ့ကို လည်းကောင်း၊ (၂၄) ကြိမ်မြောက်၌ အဘိဓမ္မာ၊ ပထမပိုင်း ငါးကျမ်း အာဂုံကို လည်းကောင်း၊ (၂၇) ကြိမ်မြောက်၌ အဘိဓမ္မာ ပထမပိုင်း ငါးကျမ်း သဘော ရေးဖြေကို လည်းကောင်း၊ (၂၉) ကြိမ်မြောက် အာဘိဓမ္မိက အဘိဓမ္မကောဝိဒ ဘွဲ့ကို လည်းကောင်း၊ (၃၁) ကြိမ်မြောက်၌ ဒီဃဘာဏက ဘွဲ့နှင့် တိပိဋကဓရ ဘွဲ့ကို လည်းကောင်း ရရှိ အောင်မြင် ခဲ့ပါသည်။
၁၃၄၆ ခုနှစ်၊ (၄၇) ကြိမ်မြောက် တိပိဋကဓရ ရွေးချယ်ပွဲတွင် သုတ္တန္တဋကဒီဃနိကာယ သုံးကျမ်း (သဘော ရေးဖြေပွဲ) ကို အောင်မြင်တော် မူသောကြောင့် ဒီဃနိကာယ ကောဝိဒ ဘွဲ့တံဆိပ်တော်နှင့် ၎င်းအောင်လက်မှတ် တို့ကို ရရှိ ခဲ့ပါသည်။ အရှင် သိရိန္ဒာဘိဝံသသည် သင်ရိုး ပိဋကတ် သုံးပုံကို ပြီးဆုံး အောင်မြင်ပြီး ဖြစ်သဖြင့် တိပိဋကဓရ တိပိဋက ကောဝိဒ ဘွဲ့တံဆိပ်တော်၊ ၎င်းအောင်လက်မှတ်နှင့် အရိုးဝါကနက္ကဒဏ် ထီးဖြူတော် သုံးလက် တံဆိပ် ပါရှိသော သာသနာ့ အောင်လံတော်ကို ခံယူ ရရှိခဲ့ပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရက လှူဒါန်းသော ကုန်း၊ ရေ၊ လေ သုံးဌာန၌ ခရီး သွားလာခွင့် အခလွတ် အမြဲတမ်း အထက်တန်း လက်မှတ် တို့ကိုလည်း ရရှိ ခဲ့ပါသည်
#အန္တရာယ်ကင်းတရားတော်
#လာဘ်လာဘကောင်းကျိုးချမ်းသာရစေသာပရိတ်
#ပရိတ်တော်များ
#ယောဆရာတော်ရွတ်ဖတ်ပူဇော်မူသောပရိတ်တရား
#အန္တရာယ်ကင်းပရိတ်တော်ကြီး
#အန္တရာယ်လာဘ်ရွှင်ပရိတ်တော်ကြီး
#လာဘ်ရွှင်ကျန်းမာပရိတ်တော်ကြီး

Опубликовано:

 

8 июл 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
Wait for the BOWLING BALL! 👀
00:38
Просмотров 26 млн
Wait for the BOWLING BALL! 👀
00:38
Просмотров 26 млн