Тёмный

ရခိုင်စစ်ရေး ဘယ်ကို ဦးတည်နေလဲ - ဘူးသီးတောင်အပါအဝင် ရခိုင်မြောက်ပိုင်း အခြေအနေတွေ အပေါ် ဆန်းစစ်ခြင်း 

BBC News မြန်မာ
Подписаться 1,8 млн
Просмотров 246 тыс.
50% 1

ရခိုင်ထဲ ပိုပြီး ပြင်းထန်လာတဲ့ တိုက်ခိုက်မှုတွေကို အနီးကပ် စောင့်ကြည့်နေပြီး၊ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တာမျိုး ရှိ မရှိ ဆန်းစစ် နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား ဒဗယ်အိုင်ဒဗယ်အမ် IIMM အဖွဲ့က ကြေညာပါတယ်။
သူတို့ စောင့်ကြည့် မှတ်တမ်းတင်တာတွေထဲ ဘူးသီးတောင် မြို့နယ်ထဲမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်ဖြစ်ရပ်တွေနဲ့ မီးရှို့မှုတွေကြောင့် အထူးသဖြင့် ရိုဟင်ဂျာ အရပ်သားတွေ အများအပြား နေရပ်ကနေ ပြောင်းရွှေ့ရတာတွေ၊ ရခိုင်နဲ့ ဟိန္ဒူ အရပ်သားတွေ အပေါ်မှာလည်း သက်ရောက် ရိုက်ခိုက် ခံနေရတာတွေ ပါဝင်တယ်လို့ IIMM အဖွဲ့က ဆိုပါတယ်။
ခုတစ်ပတ်မှာတော့ ဘူးသီးတောင် အပါအဝင် ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်၊ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေနဲ့ အာရက္ခတပ်တော် အေအေတို့ကြား ပေါ်ပေါက်နေတဲ့ စစ်ရေး အခြေအနေတွေနဲ့ နောက်ခံ ဖြစ်ရပ်တွေ အကြောင်း အသေးစိတ်ဆွေးနွေး သွားဖို့ ရှိသလို၊ ရခိုင်စစ်ရေးမှာ တရုတ် အပါအဝင် နိုင်ငံတကာရဲ့ ကြားဝင် ဟန့်တားမှု ရှိလာနိုင်လား .... ရခိုင်စစ်ရေး ဘယ်ကို ဦးတည် နေသလဲ ... စတာတွေကို ကျယ်ကျယ်ပြန့်ပြန့် ကြားကြရဖို့ ရှိနေပါတယ်။
ခုတစ်ပတ် ပါဝင်ဆွေးနွေးကြသူတွေကတော့ နိုင်ငံတကာ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေး နည်းလမ်းတွေ အကြံပြုဖို့ ဖွဲ့ထားတဲ့ ဘရပ်ဆဲလ်စ်မြို့ အခြေစိုက် International Crisis Group အဖွဲ့က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အရေး ဆိုင်ရာ အကြီးတန်း အကြံပေး သောမတ်စ် ကီးန်နဲ့ ပြည်သူ့ရေးရာ မူဝါဒတွေ အကြောင်း အထူးပြု လေ့လာထားပြီး၊ မြန်မာ့ စစ်ရေး၊ နိုင်ငံရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ လူမှု အသိုင်းအဝိုင်းများကြား ဆက်ဆံရေး ဆိုင်ရာ ကိစ္စတွေ အကြောင်း နိုင်ငံတကာ မီဒီယာတွေ အထက် ဆန်းစစ် ရေးသားနေသူ နိုင်ငံရေး အကဲခတ် ကိုကျော်လင်းတို့ ဖြစ်ပါတယ်။
ဘီဘီစီသတင်းထောက် ကိုဝေဖြိုး စီစဥ် တင်ဆက်ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း

Опубликовано:

 

7 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 456   
Далее
Нарвался на сотрудника ФСБ⚡️
01:00
НЕДОВОЛЬНА УСЛУГОЙ #shorts
00:27
Просмотров 32 тыс.
Я ж идеальный?😂
00:32
Просмотров 73 тыс.
Нарвался на сотрудника ФСБ⚡️
01:00