Тёмный

ရန်ကုန်မှာ ကာလဝမ်းရောဂါ ဖြစ်ပွားနေ 

The Irrawaddy News
Подписаться 917 тыс.
Просмотров 23 тыс.
50% 1

ရန်ကုန်မှာ ကာလဝမ်းရောဂါ ဖြစ်ပွားနေ (ရုပ်/သံ)
ယဉ်မွန်၊ ဇူလိုင် ၈၊ ၂၀၂၄
ရန်ကုန်မြို့ မှာ ဝမ်းပျက် ဝမ်းလျော ရောဂါ ဖြစ်ပွားနေသူတွေရှိနေပြီး အဲဒီအထဲကမှ ကာလဝမ်းရောဂါ ပိုးတွေ့ရှိသူ ၅ ဦး တွေ့ရှိရတယ်လို့ စစ်ကောင်စီနဲ့ မြေပြင်မှာ ကယ်ဆယ်ရေး လုပ်ဆောင်နေကြတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ တွေက ပြောပါတယ်။
ရောဂါပိုး စတင်ကူးစက်ခံရတဲ့ သာကေတမြို့နယ်နဲ့ ဒေါပုံမြို့နယ်တွေမှာတော့ ရပ်ကွက်ထဲ ပိုးသပ်ဆေးဖြန်းတာတွေ၊ သောက်သုံး ရေကန်တွေကို ကလိုရင်း ခပ်ပေးတာတွေကို လူမှုကယ်ဆယ်ရေးအသင်းတွေက လိုက်လံဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
သာကေတနဲ့ ဒေါပုံမြို့နယ်တွေရဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ယာယီကျန်းမာရေး ဆေးပေးခန်းတွေ ဖွင့်လှစ်ထားပြီး ရာသီ ဝမ်းပျက် ဝမ်းလျော ရောဂါ လက္ခဏာတွေကို ကုသမှု ပြုလုပ်ပေးနေတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေက ဆိုပါတယ်။
လက်ရှိတော့ ကူးစက်ခံထားရတဲ့ ပိုးတွေ့လူနာ ၅ ဦးဟာ ရန်ကုန်ဆေးရုံကြီးနဲ့ ဝိတိုရိယဆေးရုံကြီးတွေမှာ ဆေးဝါးကုသမှု ဆက်လက်ခံယူနေဆဲဖြစ်တယ်လို့ သိရပါတယ်။
#ဧရာဝတီ #ကာလဝမ်းရောဂါ #ရန်ကုန် #ဒေါပုံ #ငွေအေးရပ်ကွက်

Опубликовано:

 

14 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 20   
@kooo-h2l
@kooo-h2l 3 месяца назад
စာသင်ကျောင်းတွေခနပိတ်ပေးရင်ကောင်းမယ် ကလေးတွေစိတ်ပူရတယ်
@yuwarirungsri4117
@yuwarirungsri4117 3 месяца назад
စာမေးပွဲ နီးနေပြီ ဒုက္ခ ပဲ
@thidaaye2489
@thidaaye2489 3 месяца назад
မြန်မာပြည်သူ​တွေအားလုံးသတိထားကြပါ.အဲဒါလည်းကပ်တခုပါ.ဘုရားရှိခိုးတိုင်းမြန်မာပြည်သူ​တွေရန်သူမျိုးငါးပါးအန္တရာယ်ကကင်း​ဝေးပြီကပ်ကြီး၃ပါးက​နေ​ကျော်လွှားနိုင်ပါ​စေလို.ဆု​တောင်းပါ.​ကျေးဇူးပါ.🙏🙏🙏🙏🙏🕯🕯🕯🌷🌷🌷🍃🍃🍃
@nyogyi6862
@nyogyi6862 3 месяца назад
ကိုဗစ် ကာလမှာလို သန့်ရှင်းဖို့ လိုတယ် အဓိက ဘတ်စ်ကားတွေပေါ်မှာ လူပေါင်းစုံ ကိုင်ထားတဲ့ နေရာတွေ သန့်ရှင်းဖို့လိုတယ် ..
@UNYEINGMAUNG
@UNYEINGMAUNG 3 месяца назад
မင်းဆိုးမင်းးညစ်လက်ထက်တွင် ပြည်သူတွေကာလာနာ တိုက်ပြီ
@TecnoMobile-j1t
@TecnoMobile-j1t 3 месяца назад
ရန်ကုန် ကာလနာတိုက်ပြီ ကာလနာဆိုတာ ကပ်ရောဝါအဆင့်ထိရောက်တတ်တယ် သတိကြီးကြီးထားကြပါ
@ImobilePhone-o2x
@ImobilePhone-o2x 3 месяца назад
ဗိုက်အောက့်နေရင်းကြည့်နေတာ😢😮😅
@alwanalwan-g4f
@alwanalwan-g4f 3 месяца назад
ကိုယ်ဒစ် ၁၉ ဖြစ်နေကြတာပါ
@chineselanguagesharing2945
@chineselanguagesharing2945 3 месяца назад
Taunggyi မှာနေရတာပဲ အစစအရာရာ Safe ဖြစ်ပါတယ်လေ😌
@SarLarX
@SarLarX 3 месяца назад
အိမ်ကသမီးလေးတောင်မှုကျိုမပို့နိင်တော့ဘူး ဖျားနေလို့
@aungsu754
@aungsu754 3 месяца назад
စစ်ကိုင်းမှာလဲပ၃လုံးရောဂါအတော်အခြေနေဆိုးနေပီလေအဲ့တာကျမတင်ဆက်ဖူးလား
@MaungKyawNing-ol6oh
@MaungKyawNing-ol6oh 3 месяца назад
Said you are sister 😭😭😭😭😭
@Mingalarpar3
@Mingalarpar3 3 месяца назад
ထူးခန့်ကျော်ဆီ သွားကုပါလား😂
@casssia7762
@casssia7762 3 месяца назад
ကလေးကို မူကြိုကောပို့လို့ဖြစ်ပါ့မလား
@ShweYotelwar-l1c
@ShweYotelwar-l1c 3 месяца назад
Up dateသတင်းလေးတွေ တင်ပေးပါ
@Ayeaye-oz9zc
@Ayeaye-oz9zc 3 месяца назад
ကပ်ဆိုက်နေပြီး
@dawtinmyintwin3
@dawtinmyintwin3 3 месяца назад
😂😂😂
@ChanNyein-fl3vf
@ChanNyein-fl3vf 3 месяца назад
လူမှုကြောက်ဖားအဖွဲ့တွေ
@sunshine8563-x5l
@sunshine8563-x5l 3 месяца назад
မင်္ဂလာပါဧရာဝတီ
Далее
А я с первого раза прошла (2024)
01:00
А я с первого раза прошла (2024)
01:00