Тёмный

ရမခ-တိုင်းမှူးနှင့်အဖွဲ့ကို MNDAA က ဖမ်းမိ... မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ်းက စစ်တပ်စခန်း KIA သိမ်း... 

Htet Aung Kyaw
Подписаться 86 тыс.
Просмотров 11 тыс.
50% 1

ရမခ-တိုင်းမှူးနှင့်အဖွဲ့ကို MNDAA က ဖမ်းမိ... မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ်းက စစ်တပ်စခန်း KIA သိမ်းပိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ
၅/၈/၂၀၂၄
လားရှိုးအခြေစိုက် ရမခ (အရှေ့မြောက်တိုင်းစစ်ဌာနချုပ်) ကို MNDAA (မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်) နဲ့ ပူးပေါင်းတပ်တွေကသိမ်းပိုက်စဉ် ရမခ-တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊ စကခ ၁ မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ ရမခ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး အပါအဝင် အရာရှိများကို လက်ရ ဖမ်းမိတယ်လို့ ဒေသတွင်းမီဒီယာ ရွှေဖီမြေက ဖော်ပြပါတယ်။
ရမခ ဌာနချုပ်ကို ဩဂုတ် ၃ ရက်မှာ သိမ်းပိုက် စဉ် မနက် ၉ ခွဲလောက်မှာ တိုင်းမှူးကို ဖမ်းမိတယ်၊ စကခ (၁) မှူးကိုတော့ အကျဉ်းထောင် ဘက်ကနေ တပ်ပြန်ဆုတ်လာချိန် အမြောက်တပ်ထဲမှာ ဖမ်းမိတယ်၊ စစ်ဦးစီးမှူးကို ဖမ်းမိတဲ့အချိန်တော့ အတိအကျ မသိရသေးဘူး။ ဖမ်းမိတဲ့ အရာရှိ အတော်များတယ်လို့ စစ်ဘက် သတင်းရပ်ကွက်က ပြောတယ်လို့ ဆိုပါတယ်။
လက်နက်ချတဲ့ ဦးရေကတော့ သြဂုတ် ၄ ရက်၊ နေ့လယ်ပိုင်းအထိ ၅ ထောင်နီးပါး (၄,၇၈၃) ဦး ရှိနေပြီလို့လည်း ဖော်ပြပါတယ်။ ဒါပေမယ့် အခုချိန်အထိ လက်နက်မချဘဲ ခုခံနေသူတွေလည်း ရှိနေဆဲလို့ ဆိုထားပါတယ်။
MNDAA ကတော့ ရမခ ကို လုံးဝ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သြဂုတ် ၃ ရက် ညနေပိုင်းမှာ ကြေညာပြီးတဲ့နောက် နောက်ဆက်တွဲ ကြေညာချက် မတွေ့ရသေးပါဘူး။ UWSA ၀ အဖွဲ့ လားရှိုး-ဆက်ဆံရေးရုံးကတော့... လားရှိုးရှိ ပြည်သူတွေ တယ်လီဖုန်းနဲ့ အင်တာနက်သုံးဖို့အခက်ခဲရှိရင် ဝ-ဆက်ဆံရေးရုံးကို လာပြီး ဂြိုဟ်တု WIFI အသုံးပြုနိုင်တယ်လို့ ထုတ် ပြန်ထားတာ တွေ့ရပါတယ်။
ဒါ့အပြင်...
- နောင်ချိုနဲ့ ကျောက်မဲ့မှာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက လေကြောင်းကနေတိုးမြှင့် တိုက်ခိုက်လာတယ်လို့ PSLF/ TNLA က သတင်းထုတ်ပြန်...
- မန္တလေးတိုင်း၊ စဉ့်ကူးမြိုနယ်မှာ တိုက်ပွဲမဖြစ်ပေမဲ့ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ကလေးငယ် ၂ ဦး အပါအဝင် အရပ်သား ၁၃ ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) PDF-MDY က သတင်းထုတ်ပြန်...
- မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ်းရှိ စစ်ကောင်စီစခန်းတွေကို ဩဂုတ် ၁ ရက်မှာ စတင် ထိုးစစ် ဆင်ပြီး စခန်းကြီးဖြစ်တဲ့ တီယန်ဇွပ် စခန်းကို ဩဂုတ် ၂ ရက်မှာ သိမ်းပြီးတဲ့နောက် ဩဂုတ် ၃ ရက်မှာ စခန်းငယ် အင်ဆွပ်ကို သိမ်းလိုက်တယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက BNN ကိုပြော...
- ကရင်နီမှာတော့ ဇူလိုင် တလတာ စစ်ဆင်ရေးမှာ စစ်ကောင်စီဘက်က ၅၀ ကျော် သေဆုံးပြီး လက်နက်မျိုးစုံ ၃၀ ကျော် သိမ်းမိတယ်လို့ KNDF (ကရင်နီအမျိုးသားများကာကွယ်ရေးတပ်) က သတင်းထုတ်ပြန်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ / burmanewsnetwork )

Опубликовано:

 

15 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 10   
@sawwin1429
@sawwin1429 Месяц назад
ကြားရတာဝမ်းသာစရာပါ
@kosan345
@kosan345 Месяц назад
မဂ်လာပါ တစ်ကိုယ်တော် only one
@AyeThin-c9v
@AyeThin-c9v Месяц назад
မဂ်လာညချမ်းလေးဖြစ်ပါစေ ကိုနေထူး BNN ရေမျှဝေတာကျေးဇူးပါနော် 👏👏⭐🤘💕ဂုဏ်ယူပါတယ်လေးစားပါတယ် MNDAA mdy pdfs kia kio kpdf kndf ချစ်သောများအားလုံးကျန်မာဘေးကင်းရန်ကွာကြပါစေအထိအခိုက်မရှိအောင်ပွဲအလီလီဆွတ်ခူးနိုင်ကြပါစေ 🙏🙏🙏⭐⭐🤘🤘တရားတဲ့ သူသာနိုင်ကြေးဟေ့ 💯💯💯♥♥♥💞💞
@KyawMyatLin-fz6ym
@KyawMyatLin-fz6ym Месяц назад
❤❤❤
@user1234utbe
@user1234utbe Месяц назад
ကောင်းလိုက်တဲ့သတင်း😂
@waiyanhtet-gj1dx
@waiyanhtet-gj1dx Месяц назад
တပ်မတော်ကသွားပြီထင်တယ်
@UOo-qr3jt
@UOo-qr3jt Месяц назад
ဘောမ တွေ သိစေရန် ပြည်ပ ကျူးကျော်စစ်မကလို့ ဂြိုလ်သားတွေကျူးကျော်လာတောင် ဂြိုလ်သားတွေနဲ့ပူးပေါင်းပြီး မင်းအောင်လှိုင်နဲ့ခွေးနောက်လိုက်တွေကိုတိုက်ထုတ်ရှင်းလင်းသွားမှာပါ ဘယ်တော့မှ ဘောမတွေ နဲ့ မပူးပေါင်းဘူး 😂😂
@LaMin-o4q
@LaMin-o4q Месяц назад
မင်းတို့ပြောချင်ရာပြော
@PyaeSone-qe1nk
@PyaeSone-qe1nk Месяц назад
အရှင်မိတဲ့စစ်ခွေးတွေကိုအကုန်သာရှင်းပြစ်လိုက်တာအကောင်းဆုံးပဲ
@aungtun5647
@aungtun5647 Месяц назад
ခဂျာပုကိုပူဇော်နေတဲ့သူတွေရှိသေးတယ်တဲ့လား၊ချိန်းဘရီးတွေ။
Далее
9월 15일 💙
1:23:23
Просмотров 1,1 млн