Тёмный

ရူးချင်ယောင်ဆောင်မနေနဲ့ • ရဲရဲ(1994) 

Подписаться
Просмотров 2,6 тыс.
% 0

ရူးချင်ယောင်ဆောင်မနေနဲ့သီချင်းကို ညီညီစံရေးစပ်ခဲ့ပုံက ဒီလိုဗျ...
မြို့ထဲအသွား ဘတ်စ်ကားစီးရင်း သူစီးတဲ့ဘတ်စ်ကားရှေ့မှာ ဟိုကွေ့မလို ဒီကွေ့မလိုလုပ်နေတဲ့ တက္ကစီကားတစ်စီးကို ဘတ်စ်ကားဒရိုင်ဘာကြီးက မြည်တွန်တောက်တီးလိုက်တဲ့ "ရူးချင်ယောင်ဆောင်နေပြန်ပြီကွာ" ဆိုတဲ့စကားကို ကြားပြီး သီချင်းစပ်ဖို့ အာရုံရလာခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုနဲ့ ကျွန်တော်တို့ အခုနားဆင်ရမယ့် Rock N' Roll သီချင်းတစ်ပုဒ်ဖြစ်လာတယ်ပေါ့ဗျာ။
မူရင်း အဆိုရှင်က ဦးဗစ်တာခင်ညိုရဲ့သား၊ ရဲရဲ ရဲ့ ပထမဆုံး အယ်လ်ဘမ်မှာ ပါဝင်ခဲ့ပေမယ့် လေးဖြူသီဆိုတဲ့အချိန်မှာတော့ ပေါက်သီချင်းဖြစ်သွားခဲ့ပါတော့တယ်။
#ရူးချင်ယောင်ဆောင်မနေနဲ့
#ရဲရဲ
တေးရေး #ညီညီသွင်
#သီချင်းတို့ရဲ့မင်း
Album Released 1994
Music Aurora
Studio May
Other Recordings
လေးဖြူ
ကမ္ဘာသစ်တေး (1996)
ထူးအိမ်သင်၊ အောင်ရင်၊ ဘိုဘို၊ ညီပုလေး၊ ဖိုးဖန်
ငြိမ်းချမ်းပါစေ (1998)
ကိုးကား။ ။ ညီညီစံ (irrawaddy.org)
Lyrics:
ရိုးသားလွန်းတဲ့သိုးဟာ
ကောက်ကျစ်တတ်တဲ့မျက်နှာနဲ့
နူးညံ့လွန်းတဲ့အကြည့်မှာ
ရက်စက်တတ်တဲ့အရိပ်တစ်ခုနဲ့
ယုံကြည်တာတွေကို
မြောင်းထဲလွင့်ပစ်ဖို့မကြံနဲ့
အေးစက်လွန်းတဲ့အပြုံးဟာ
သချိုင်းကုန်းကြီးတစ်ခုလိုပဲ
ရိုင်းစိုင်းလွန်းတဲ့အသည်းကို
မီးရှို့ပစ်ဖို့ကြိုးစားဆဲ
ယိုနေတာတွေကို
လက်ပိုက်ပြီးတော့ကြည့်မနေနဲ့
ရူးချင်ယောင်ဆောင်မနေနဲ့
ရူးချင်ယောင်ဆောင်မနေနဲ့
ရူးချင်ယောင်ဆောင်မနေနဲ့
မင်း ရူးချင်ယောင်ဆောင်မနေနဲ့
မာယာတွေပေါ်မှာသွေးပျက်ပြီးတော့
အိပ်မနေနဲ့

Видеоклипы

Опубликовано:

 

17 янв 2023

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 2   
@Need4Breezy
@Need4Breezy 5 месяцев назад
ဒီချန်နယ်ကိုအရမ်းကြိုက်တယ်ဗျာ
@yeaung9393
@yeaung9393 Год назад
ဗစ်တာခင်ညို ရဲ့ သား