Тёмный

ရေလိုတယ် Thandar Oo MRTV 1991 

U Sann Aung
Подписаться 84 тыс.
Просмотров 8 тыс.
50% 1

Опубликовано:

 

15 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 15   
@USannAung
@USannAung 2 года назад
နည်းနည်းပြောပါရစေ အားလုံးကိုကျေးဇူးတင်ပါတယ် သီချင်းတစ်ပုဒ်ကိုကြိုက်တယ်ဆိုတာ အဲဒီသီချင်းစာသား တီးလုံး နဲ့ဆိုသူကိုကြိုက်တာလို့နားလည်ပါတယ် ကျွန်တော်ဒါတွေကိုတင်နေတာရှင်းပြပါရစေ ဒီဗီဒီယိုတွေ ကြည့်ရင်ခဏလေးပြီးသွားတာဟုတ်ပေမဲ့ ဖြစ်လာဖို့ကမလွယ်ပါဘူး ပထမတေးရေး သူက တစ်ပုဒ်လုံးမပြောနဲ့ တစ်ပုဒ်ကိုတောင် တစ်နှစ်အတွင်း သူကြိုက်ချင်မှကြိုက်လိမ့်မယ် ပြီးချင်မှပြီးလိမ့်မယ် တီးတဲ့သူတွေရော တစ်ချို့သီချင်းတွေဆို တစ်ပတ် တစ်လ ကြာတတ်ပါတယ် တခါ ဖမ်းတဲ့သူတွေ မစ်စင် ရီကောဒင်း လုပ်တာတွေ ကြာပါတယ် သီချင်းတစ်ပုဒ်က ငါးမိနစ် ဒါပေမဲ့ ဖမ်းတာ မစ်စင် လုပ်တာ ငါးနာရီထက်ကြာတတ်ပါတယ် နောက် ဆိုတဲ့သူတွေရော ? ငါးရက်ထက် လေ့လာဆိုကြည့်ရပါတယ် တခါ တေးထုတ်လုပ်သူလည်း ငါးလ ထက်ကြာတတ်ပါတယ် တခါ အမ်မာတီဗီက စီစဉ်ထုတ်လုပ်သူတွေရော ငါးမိနစ်အတွင်း ဘယ်လိုမှ မပြီးပါဘူး ဒါတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ရတနာတစ်ပါးအနုပညာတွေပါပဲ လေထဲမှာပဲပျောက်မသွားစေချင်လို့ကျွန်တော်ဒါတွေကို ကျွန်တော်တတ်သလောက်လေ့လာထားသလောက် နဲ့ ကျွန်တော့် အချိန် မိသားစုအချိန် အထဲကနေ လုပ်ပြီး ယူကျူ့ပေါ်မှာတင်ပါတယ် နောက် အနှစ်တစ်ရာမပြောနဲ့ နောက်တနေ့ဆိုရင်တောင် မသေချာတဲ့အနိစ္စသဘောနဲ့ ကျွန်တော် သေသွားနိုင်ပါတယ် တေးတွေနဲ့ပါတ်သက်သူတွေရော သေသွားတဲ့သူတွေရှိသလို ရှိနေသူတွေလည်းသေသွားနိုင်ပါတယ် ဒါကြောင့်အသက်ရှင်တုန်းမှာ ကိုယ်လုပ်တတ်တာလုပ်နိုင်တာလေးနဲ့ အကျိုးရှိပြီးအကျိုးပြုသွားကြပါ ကျွန်တော် ဒါတွေကို လွယ်လွယ်လေးမလုပ်ပါဘူး တိတ်ခွေအဟောင်းတွေရှာရပါတယ် စုရပါတယ် ပြီးတော့ မှိုဆေးရပါတယ် တစ်ချို့တိတ်သားဆန့်နေတာတွေကို ရေခဲသေတ္တာအအေးခန်းထဲထည့်ရပါတယ် မဖွင့်တာကြာနေလို့ ခဏခဏ စက်ထဲထည့်ပြီး ရစ်ရပါတယ် ပြီးတော့မှ ကွန်ပျူတာနဲ့ဖမ်းယူရပါတယ် ကင်မရာထောင်ရိုက်ရပါတယ် အသံရော? ရိုးရိုးမဖမ်းပါဘူး မစ်ဆာထဲထည့် အီကွေလစ်ဇာဖြတ်အသံမြှင့်ပြင်ရပါတယ် ဗီဒီယိုအက်ဒစ်အထဲမှာလည်း အသံဂိန်းပြည့်အောင် အိုဗာလုပ်မဖြစ်အောင်ညှိရပါတယ် တခါ မူလတိတ်ထဲကအသံက တော်တော်ပျက်နေရင် ၇၀၈၀၉၀ အဖွဲ့သားတွေကို အကူအညီတောင်းရပါတယ် သူတို့လည်း မအားကြပါဘူး ကျွန်တော်က သူတို့ဆီက အမ်ပီသရီးဖောမက်နဲ့ မလိုချင်လို့ Raw Wave file လှမ်းတောင်းရပါတယ် ကျွန်တော့်ဗီဒီယိုအရုပ်တွေကပျက်စီးနေပေမဲ့ကျွန်တော်ကအသံကိုတော့ wave 32 bit အမြင့်ဆုံး 192000 Hz frequency 12288 kbps bit rate နဲ့ ဖမ်းထားတဲ့ အသံဖိုင်တွေကိုပဲသုံးပါတယ် အဲဒီအသံဖိုင်တွေကို အရုပ်ဗီဒီယိုအဆိုတော်နှုတ်ခမ်းနဲ့ကိုက်အောင် ညှိပါတယ် ပြီးတော့ တိတ်ခွေကာဗာတွေသီချင်းစာအုပ်တွေကိုလည်း ၇၀၈၀၉၀ အဖွဲ့သားတွေကိုပဲတောင်းရပါတယ် စာသားတွေကိုကွန်ပျူတာမှာရိုက်ရပါတယ် သီချင်းစာသားမရတဲ့အချိန်တွေမှာ သီချင်းကိုပဲပြန်ပြန်နားထောင်ပြီးရေးရပါတယ်အသံအရုပ်ရပြီဆိုမှ ကွန်ပျူတာပေါ်မှာ ဗီဒီယိုလုပ်ရပါတယ် အသံအရုပ်ကွာလတီအမြင့်ဆုံးလုပ်ပါတယ် အဲဒီတော့ တချို့သီချင်းတွေဆို တရက်ထက်ပိုကြာအောင်စောင့်ရပါတယ် ယူကျူ့ပေါ်အပ်လုပ်မတင်ရသေးခင်ကို တရက်နှစ်ရက်ကြာသွားတတ်ပါတယ် မကြိုက်သေးရင်ပြန်ပြင်ပါတယ် ယူကျု့ပေါ်မှာ တင်ရင်လည်းချက်ချင်း ပါတ်ဗလစ်မရှဲသေးပါဘူး ပရိုက်ဗိတ်လင့်လေးနဲ့ ထပ်ခါတပ်ခါစစ်ပါတယ် ၇၀၈၀၉၀ အဖွဲ့သားတွေဆီလင့်ပို့ပေးပြီး သူတို့ကို အချက်အလက်တွေ စာသားတွေ စစ်ပြီး အားလုံးမှန်မှ ပါတ်ဗလစ်ရှဲတာပါ ဘယ်လောက်ကြာသလည်းဆိုတာပြောပြတာပါ နောက်တစ်ခုသတိထားမိပါသလား ကျွန်တော် ဘယ်တော့်မှ ကျွန်တော့်ဗီဒီယိုတွေကို (ကြိုက်ပေးပါ subscribe လုပ် ပေးပါ ရှဲပေးပါ ) လို့ မတောင်းပါ မတောင်းခဲ့ဘူးပါ တောင်းလည်းတောင်းမှာမဟုတ်ပါ ဒါပေမဲ့ လုပ်ပေးတဲ့သူတွေကို ရင်ထဲကနေ လေးစားပါတယ် ကျေးဇူးတင်ပါတယ် ကျွန်တော်မသေခင် လုပ်နိုင်သလောက် တိုင်းပြည်ရဲ့ရတနာတစ်ပါး အနုပညာတွေကို မှတ်တမ်းတင်ခဲ့ပါရစေ ဆက်ကြိုးစားသွားပါ့မယ် မူလမာစတာတိတ်အသံပြောင်းကိုကျော်ခိုင်ကို အထူးကျေးဇူးတင်ပါတယ် သူသည်လည်း လွယ်လွယ်ပြောင်းရတာမဟုတ်ပါ ခွန်အား အချိန် ငွေကြေးများစွာ အသုံးပြုခဲ့ရပါကြောင်း။
@galaxyapartment7728
@galaxyapartment7728 2 года назад
နားလည်သဘောပေါက် ကိုယ်ချင်းစာနာ ချီးကျုးအသိအမှတ်ပြုပါတယိ ကျေးဇူးများစွာပါရှင်။
@hlwanmoesoungscollection9848
@hlwanmoesoungscollection9848 2 года назад
နားလည်ပါတယ် ဆရာ 🙏🙏🙏 ကျနော် တစုံတစ်ယောက်သီချင်းရှာဖွေစုဆောင်းနှစ်ဆယ်ချီပါပြီ ကက်ဆက်ခွေဆိုင်ပြေးရ တခြားမြို့တွေဖုန်းခေါ်မေးရနဲ့ ရှားပါးသီချင်းရဖို့ခက်ခဲပါတယ်။ အချိန်တွေစောင့်ပေးရသလို ရလာချိန်တန်ဖိုးထားပြီးသိမ်းဆည်းသလို ပြန်လည်ဝေမျှလျှက်ပါ။ ဆရာတင်ခဲ့သလိုသာ ရှားပါးတွေအတွက် တွေးကြည့်တာနဲ့ကိုဘယ်လောက်အချိန်တွေယူ တန်ဖိုးထားခက်ခဲစွာဝေမျှနေရမယ်ဆိုတာ သိရှိနားလည်ပါတယ်ဆရာ။ လေးစားတန်ဖိုးထားလျှက်ပါ ဆရာ...🙏🏻🙏🏻🙏🏻
@nobleignore1114
@nobleignore1114 2 года назад
Thank you so much to you. Those let me recall my teenage memory.
@thanzaw3259
@thanzaw3259 2 года назад
ရှားပါးသွားခဲ့တဲ့ တေးသီချင်းကောင်းတွေကို ကြိုးစားပြီး ရှာဖွေတင်ဆက်ပေးတဲ့အတွက် အန်ကယ် ဦးစန်းအောင်ကို အများကြီး ကျေးဇူးတင်ပါတယ်ခင်ဗျာ 😊😊😊
@JamesLee-on1yb
@JamesLee-on1yb Год назад
I love those days watching VHS tape quality content. Please share more thanks!
@gitahmuemyatmin8436
@gitahmuemyatmin8436 Год назад
အဟောင်းလေးတွေကြည့်ရလို့ကျေးဇူးတင်ပါတယ် လင်းဇာနည်ဇော်ရဲ့မျက်ဝန်းထဲမှာလေးလဲကြည့်ချင်ပါတယ်
@Ronaldocarey1
@Ronaldocarey1 2 года назад
Great effort 👌
@USannAung
@USannAung 2 года назад
Thank you so much.
@nobleignore1114
@nobleignore1114 2 года назад
I like vocalist Thandar Oo, but long time no see her come on the TV screen. Is she healthy?
@chitoothu7551
@chitoothu7551 2 года назад
Facebook မသုံးတော့ဘူးလားခင်ဗျ လွှမ်းမိုးMTVမတင်ရတာလေးတွေရှိရင် မြင်ဖူးချင်ပါတယ်ခင်ဗျာ
@USannAung
@USannAung 2 года назад
မသုံးဖြစ်ပေမဲ့ ယူကျု့မှာကြိုးစားတင်ပေးနေပါတယ် ကိုလွှမ်းမိုးပါတဲ့တိတ်ခွေဆေးနေတာစောင့်ပေးပါ
@chitoothu7551
@chitoothu7551 2 года назад
@@USannAung ကျေးဇူးပါဦး
@USannAung
@USannAung 2 года назад
( ဤသီချင်းများ တခွေလုံးကို တရားဝင်ဝယ်ယူခြင်းအားဖြင့် သင်ချစ်မြတ်နိုးသော တေးရေးတေးဆိုတီးဝိုင်းသမားများနှင့်အသက်ရှင်ကျန်ရစ်နေသောမိသားစုများကိုထောက်ပံ့ကြပါစို့ ပြည်တွင်းမှ အနုပညာသမားများ၏ခွင့်ပြုချက်အရ မူပိုင်လုပ်ပိုင်ခွင့်အကျိုးခံစားခွင့်ရရန်အကူအညီပြုပေးနေသည့် thetzaw.mb@gmail.com ထံသို့ဆက်သွယ်၍ ဝယ်ယူအားပေးကြပါရန်လေးစားစွာမေတ္တာရပ်ခံပါသည် )
@USannAung
@USannAung 2 года назад
( ဤသီချင်းများ တခွေလုံးကို တရားဝင်ဝယ်ယူခြင်းအားဖြင့် သင်ချစ်မြတ်နိုးသော တေးရေးတေးဆိုတီးဝိုင်းသမားများနှင့်အသက်ရှင်ကျန်ရစ်နေသောမိသားစုများကိုထောက်ပံ့ကြပါစို့ ပြည်တွင်းမှ အနုပညာသမားများ၏ခွင့်ပြုချက်အရ မူပိုင်လုပ်ပိုင်ခွင့်အကျိုးခံစားခွင့်ရရန်အကူအညီပြုပေးနေသည့် thetzaw.mb@gmail.com ထံသို့ဆက်သွယ်၍ ဝယ်ယူအားပေးကြပါရန်လေးစားစွာမေတ္တာရပ်ခံပါသည် )
Далее
Yone Par Yin Thoe Toe Wave Sae Par Khaing (Live)
4:16
Просмотров 2,7 тыс.
Madi - Danaryi (Official Music Video)
5:57
Просмотров 2,2 млн