ဒီသီချင်းက ဖာပွန်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၁)၊ Drone သင်တန်းအပတ်စဉ်(၁)ရဲ့ သင်တန်းဆင်းပွဲမှာရေးခဲ့တာပါ။
ဖော်ညွှန်းချင်တဲ့ရည်ရွယ်ချက်ကတော့
"လေ့ကျင့်ရေးမှာ ချွေးထွက်များမှ
စစ်မြေပြင်မှာ သွေးထွက်နဲမယ်" ဆိုတဲ့လေ့ကျင့်ရေးဆောင်ပုဒ်ကိုလည်း မမေ့လျော့ပဲတော်လှန်ရေးအောင်ပန်းမဆွတ်ခူးနိုင်သေးခင် အချိန်တွေမှာ စိတ်ဓာတ်ကြံခိုင်ဖို့၊ သတ္တိရှိဖို့၊ ရဲရင့်ဖို့နဲ့ ရဲဘော်အားလုံးရဲ့စိတ်ကိုမြှင့်တက်စေလိုတာကြောင့်ပါ။
ပြည်သူတွေကိုပြောချင်တာကတော့
ကျနော်တို့ရဲ့ချွေးတစက်ဆိုတာ အမှန်တရားရဲ့လက်နက်ပဲလို့ပြောချင်တယ်။ ပြီးတော့ ကျနော်တို့ဟာ အာဏာရှင်ကို အဆုံးထိတော်လှန်သွားမယ်ဆိုတဲ့ ခိုင်မာတဲ့ သစ္စာအဓိဌာန်တွေနဲ့ တိုက်ပွဲဝင်နေတာဖြစ်လို့ ဒီတော်လှန်ရေးဟာ သေချာပေါက် အောင်ပွဲဆင်နိုင်မယ့်အကြောင်း သိစေချင်ပါတယ်။
မှတ်ချက်။ ။ ဒီသီချင်းဖြစ်မြောက်လာအောင် ရေးဖို့တိုက်တွန်းပေးခဲ့တဲ့ ဗိုလ်လေးက KNU က ဖြစ်တာကြောင့် သီချင်းစာသားထဲမှာ "တက် ခီ သဲ့ လွီး" ထည့်ရေးခဲ့တာပါ
#click
#pcf
#cmq
#click
#cmq
#clickmequick
#pcf
#Maung
#maung
#MAUNG
#peopleclickforce
7 май 2023