သရုပ်ဆောင် / လူရွှင်တော် လန်ဒန် က အစ်ကို ဖြစ်သူ နှင့် ပူးပေါင်းပြီး “ရွှေထိပ်တန်း” မြန်မာထမင်းဆိုင် ကို ဒီကနေ့၊ ဇန်နဝါရီလ (၂၃) ရက်နေ့တွင် အမှတ် (၅၅)၊ ခရေပင်လမ်း၊ မင်္ဂလာဒုံ ဥယျာဉ် ပန်းခြံရှေ့၊ ဒဂုံ ဂေါက်ကွင်းဘေး၊ မင်္ဂလာဒုံ မြို့နယ် မှာ ဖွင့်လှစ်ခဲ့ပါတယ်။
“လူမျိုး မရွေး၊ ဘာသာ မရွေး အဆင့်အတန်း မခွဲဘဲ စားသုံး နိုင်အောင် စေတနာ သန့်သန့်၊ စျေးနှုန်း ချိုသာစွာနဲ့ ရောင်းချပေးနိုင်ပါတယ်။ တစ်ခါပြင် (၁၅၀၀) နဲ့ အဝ စားလို့ ရပါတယ်။ လာစားသူတိုင်း လျှာလည်သွားစေရမယ်” လို့ လူရွှင်တော်/ သရုပ်ဆောင် လန်ဒန် က ပြောပါတယ်။
Myanmar Celebrity TV Update: London opens “Shwe Htate Tan” Burmese Restaurant. #MyanmarComedian #London #လန်ဒန်
20 окт 2024