Тёмный
No video :(

ရွှေဘိုမြို့နယ်၊ ညောင်ပင်လှဘုန်းကြီးကျောင်းအနီးတွင် ပျူ ၄ ဦးကို တိုက်ခိုက်မှု ပျူခေါင်းဆောင်ပါ ၃ ဦး 

D Day News
Подписаться 43 тыс.
Просмотров 785
50% 1

D Day News
ဇူလိုင်လ ၂၀
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်လှရွာဘုန်းကြီးကျောင်းအနီးတွင် ပျူများကို စောင့်ကြိုပစ် ခတ်တိုက်ခိုက်ခဲ့ရာ ပျူခေါင်းဆောင်သန်းဇော်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး သေနတ် ၂ လက်နှင့်ခဲ ယမ်း များ သိမ်းဆည်းရရှိခဲ့ကြောင်း ဗိုလ်ဂျပန်ကြီး ရွှေဘို ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
ဇူလိုင်လ ၁၇ ရက် နံနက် ၆ နာရီခန့်က ညောင်ပင်လှပျူခေါင်းဆောင် သန်းဇော် ဦးဆောင်ပြီး ထွက် လာသော ပျူ ၄ ဦးကို ညောင်ပင်လှဘုန်းကြီးအနီးအရောက် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူ ခေါင်းဆောင် သန်းဇော်နှင့် နောက်လိုက် ပျူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“ထွက်လာတာက ၄ ဦးပါ၊ နှစ်ဦးက နောက်မှာ ကျန်ခဲ့တာ၊ သူတို့ဆောက်ထားတဲ့ ဘန်ကာထဲနေ ပြီး စောင့်ကြိုခဲ့တာ၊ ရှေ့တက်လာတဲ့ နှစ်ယောက်ကို မီတာ ၂၀ အကွာကနေ ပစ်တာ၊ ထိတာက ၃ ယောက် တစ်ယောက်က လက်နက်မကောက်နိုင်ခဲ့ဘူး။ ပျူခေါင်းဆောင် သန်းဇော်နဲ့ ထောက်ပို့ တပ်ကြပ်မင်းမင်းဆိုသူက တစ်ခါတည်း လဲကျသွားတာ၊ စစ်တပ်အထိုင်စခန်းနဲ့လည်း နီးနေတော့ ဝေးနေတဲ့ တစ်ယောက်ဆီကသေနတ်သွားမကောက်နိုင်ခဲ့ဘူး။” ဟု ဗိုလ်ဂျပန်ကြီး ရွှေဘို ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ဂျပန်ကြီးက ပြောကြားသည်။
သေဆုံးသွားသော ပျူများထံမှMA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ဘောက်ကျည် ၁၅ တောင့် ၊ G3 သေနတ် ၁ လက် ၊ ကျည်ဘောက် ၄ ဘောက် ကျည် ၁၇၃ တောင့် ၊ အီကွေးမန့် အသေး တစ်ခု
ဘေးလွယ်အိတ် တစ်လုံး ၊ သော့တစ်ချောင်း icon တစ်လုံး ၊ လက်ပစ်ဗုံး ၁ လုံး၊ ဖုန်းတစ်လုံး နှင့် ငွေ တစ်သောင်းကျပ် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ဂျပန်ကြီး ရွှေဘို ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ T Shwebo ပြည်သူ့ ကာ ကွယ်ရေးအဖွဲ့- ဗိုလ်ကျားရိုင်း - ရွှေဘို ပြည်သူကာကွယ်ရေးအဖွဲ့၊ ကိုကျော်ပွားအဖွဲ့၊ Speical Troop Of Anyar Revolution အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့ S.T.A.R နှင့် Bo Ba Tawအဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင် စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
နောင်များတွင်လည်းယခုထက်ပိုမိုကောင်းမွန်သော တိုက်ပွဲများကို ဆတ်လတ်ဖော်ဆောင်သွား မည် ဖြစ်ပြီး တိုက်ပွဲများဆတ်လက်ဖော်ဆောင်ရာတွင် လိုအပ်နေသော လက်နက်ခဲယမ်းများကို မိဘပြည် သူများမှ ဝိုင်းဝန်းကူညီပေးကြပါရန်နှင့် မိဘပြည်သူများအား ဒုက္ခအမျိုးမျိုးပေးနေသော စစ်သား၊ ရဲ၊ ပျူနှင့် အကြမ်းဖက်စစ်တပ်ထောက်တိုင်များကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေး ထားသည်။
Wesite Link -
Telegram Link - t.me/ddaynewsm...
Twitter Link - / ddaynews124968
နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို / ddaynews
RU-vid Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။
#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #RejectMilitaryCoupMyanmar #ရွှေဘိုမြို့နယ် #အကြမ်းဖက်စစ်တပ် #PDF #ddaynews

Опубликовано:

 

5 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 3   
Далее
August 24, 2024
5:04
Просмотров 8 тыс.