မဟာဂီတအခြေခံကြိုးသီချင်းအမှတ်စဉ် (၁၃)
ရွှေဘုန်းရွှေဘုန်း (ဘုန်းတော်ဘွဲ့)
သားနိုးပျော်ဖွယ်ကြိုး
ရေး- မြဝတီမင်းကြီးဦးစ
စန္ဒရားမောင်နွေနှောင်းမန္ဒကီ
ဆို- ချစ်သုသုဟန်
စာသား (lyrics)
(ရွှေဘုန်း ရွှေဘုန်း တော်လေတည့်မှ၊ လွန်ကဲ စည့် ထွန်းပေါ်)၂။ (သက်တော် ရာကျော် လျှမ်းမျှမျှ၊ ရွှေနန်းမှာ စံကာသာ၊ ရှည်ပင်သာ ရှည်ကြောင်း ပါ့ပါ့လေး)၂။ (တောင်ဇမ္ဗူ ကျွန်းပတ်ကုံး၊ ထီးတစ်ရာ မင်းညွတ်ရုံး)၂။ (ကျုံး သစ္စာ ခံလေတည့်မှ၊ ကျိုးညွတ်ကာနွံ)၂။ နိုင်ငံ ကြေညာ လင်းပွင့်ပွင့်၊ သာယာစည်ပင် ပွားဆင့်ဆင့်။ (သံသရာ ဝဲခနောင်း၊ နောင်မသွေဘဲ ကူးကြောင်း)၂။ (ရုံးပေါင်း ညွတ်ပျောင်း၊ ထပ်လောင်း ကျွန်တစ်တွေ)၂။ ရှည်ရှည်တိုင်း၊ ကြာကြာတိုင်း၊ ငြိမ်းလေလေ၊ ချမ်းလေလေ၊ သွေမည်ဘဲမို့၊ နိဗ္ဗာန် ရွှေပြည်ပွဲကိုလ၊ နွှဲစံပျော် လေလေတည့် နွှဲစံပျော်။
11 сен 2023