ရှားစောင်းလက်ပတ်ပင်လေးကို
အိုးထဲမှာထည့်စိုက်လဲရတယ်
မြေနေရာရှိရင်မြေကြီးမှာ
ထည့်စိုက်တာပိုကောင်းပါတယ်
ရှားစောင်းပင်လေးကိုအိုးထဲမှာစိုက်ရင်
ရေမဝပ်အောင်ဂရုပြုပေးပါ
ရေဝပ်ရင်အပင်ပုပ်တတ်လို့ပါ
ရှားစောင်းပင်လေးကနေရောင်ကိုကြိုက်ပါတယ်
ဒါပေမယ့်နေပူပြင်းကာလ မှာ
ရေလောင်းတာနည်းရင်တော့
အပင်ထိပ်ဖျား တွေဝါလာပါတယ်
အဲ့လိုဖြစ်ခဲ့ရင်ရေပုံမှန်လောင်းပြီး
မြေဆွေးထည့်ပေးရတယ်
အပင်တွေပြန်ကောင်းလာပါတယ်
ကိုယ်တိုင်စိုက်ထားသူမို့ကြုံတွေတာလေးကို
ထပ်ဆင့်ဝေမျှပေးလိုက်ပါတယ်နော်
အားလုံးကျန်းမာပျော်ရွှင်ပါစေနော်
29 авг 2024