Тёмный

လားရှိုးမြို့ကို ပိတ်ဆို့ထားပြီး တပ်တချို့ မြို့ထဲထိ ရောက်နေပြီလို့ MNDAA ပြော၊ 

Mandalay Free Press - MFP
Подписаться 167 тыс.
Просмотров 25 тыс.
50% 1

ရှမ်းမြောက်ဒေသ၊ လားရှိုးမြို့ကို ကိုးကန့်တပ် (MNDAA) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက ဝိုင်းပတ်ပိတ်ဆို့ ထားပြီး လားရှိုးမြို့ထဲ ထိအောင် ရောက်ရှိနေပြီလို့ MNDAA တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။
"မြို့ပတ်ပတ်လည်ကို ဝိုင်းထားပြီးပြီ။ ၅ ရက်နေ့နဲ့ ၇ ရက်နေ့က မြို့ကို ဝင်သွားတာပါ။ MNDAA တပ်တွေ အနေနဲ့ မြို့ထဲကို ရောက်နေပါပြီ"
MNDAA တပ်တွေအနေနဲ့ လားရှိုးမြို့ အနီးတဝိုက်နဲ့ မြို့တွင်းကို ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် တပ်ဖွဲ့ဝင်တွေ အနေနဲ့ စစ်မြေပြင်အတွင်း စစ်ဉပဒေတွေကို အတိအကျ လိုက်နာဖို့ အချက် ကိုးချက်ပါ စည်းမျဉ်း စစ်ဥပဒေကို MNDAA က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ဇွန်၂၉ ရက် မနက်ပိုင်းက စပြီး လားရှိုးမြို့ မြောက်ဘက် နမ့်ဖူးယိုင်ရှိ မဟာမိတ်တပ်များ ကာကွယ်ရေး နယ်မြေကို စစ်အုပ်စု တပ်ရင်း-၅၇၉ က ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် MNDAAနဲ့ စစ်အုပ်စုတို့အကြား တကြော့ပြန် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
တရုတ်ရဲ့ ကြားဝင်မှုကြောင့် မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်အုပ်စုတို့အကြား အပစ်ရပ်ဖို့ ချုပ်ဆိုထားတဲ့ ဟိုက်ဂင် သဘောတူညီချက်ကို စစ်အုပ်စုဘက်က စတင် ချိုးဖောက်ခဲ့တာမို့ ရှမ်းမြောက်မှာ အခုလို တကြော့ပြန် တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာတာ ဖြစ်တယ်လို့ MNDAA က အသိပေး ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမှာ လားရှို့မြို့ ဟိုပိတ်ရွာမှာရှိတဲ့ စစ်အုပ်စု စခန်းတစ်ခုကို ဇူလိုင် ၉ရက်က MNDAA နဲ့ တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။
#Mandalay_Free_Press_MFP

Опубликовано:

 

15 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 28   
Далее