Тёмный

လားရှိုး ရမခ ကို သိမ်းစဉ် ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေထဲက လူ(၁၀၀၀)ကျော်ကို အသုတ်ခွဲပြီး ပြန်လွတ်ပေး၊ 

Подписаться
Просмотров 8 тыс.
% 213

မှူးအိန်ဂျယ်လ်/MFP၊ ဩဂုတ် - ၈
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် - ရမခ ကို MNDAA ဦးဆောင်တဲ့ ပူးပေါင်းတပ်က သိမ်းပိုက်စဉ် ဖမ်းမိထားတဲ့ စစ်သုံးပန်းနဲ့ မိသားစုဝင်တွေထဲက စုစုပေါင်း လူ(၁၀၀၀)ကျော်ကို ပြန်လွတ်ပေးခဲ့တယ်လို့ MNDAA နဲ့ PDF တပ်ပေါင်းစု ရှေ့တန်း သတင်းရင်းမြစ်က ပြောပါတယ်။
ရမခကို သိမ်းပိုက်စဉ် ဖမ်းမိသူတွေထဲက ဩဂုတ်(၆)ရက်မှာ (၃၈၅)ဦး၊ ဩဂုတ်(၇)ရက်မှာ (၄၄၅)ဦးနဲ့ ဩဂုတ်(၈)ရက် ဒီနေ့မှာ (၃၀၈)ဦးကို လွှတ်ပေးခဲ့တာ ဖြစ်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် ‌SSPP/SSAကလည်း ပူးပေါင်း ကူညီခဲ့တယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့ PDF တပ်ပေါင်းစုတွေနဲ့ MNDAA ကိုးကန့်တပ်ဖွဲ့မှ လားရှိုး (ရမခ) သိမ်းပိုက်ခဲ့စဉ်က ဖမ်းဆီး ရမိခဲ့တဲ့ စစ်သုံ့ပန်း မိသားစုတွေကို နေ့စဉ် လွတ်ပေးနေတဲ့ နေရာမှာ မနေ့ (ဩဂုတ်-၆)က (၃၈၅)ယောက်၊ ဩဂုတ်(၇)ရက်မှာ (၄၄၅)ယောက် လွတ်ပေးလိုက်ပါတယ်။ စစ်သုံ့ပန်း မိသားစုတွေကို လွတ်ပေးတဲ့ လုပ်ငန်းစဉ်မှာ SSPP မှလည်း လာရောက် ပူးပေါင်း ကူညီ ဆောင်ရွက် ပါဝင်ပေးပါတယ်။ ဒီနေ့ (၃၀၈) ဦးကို လွှတ်ပေးလိုက်ပါတယ်။ လွှတ်ပေးတဲ့အခါ အရင်နေ့တွေလိုပဲ SSPP မှ လာရောက် ခေါ်ယူပေးပါတယ်"
စစ်သုံ့ပန်းမိသားစု တစ်ဦးကို ခရီးစရိတ် ကျပ်(၅၀၀၀၀)ပေးပြီး ပြန်လွှတ်ပေးခဲ့တာလို့ MNDAAက ဆိုပါတယ်။
"MNDAA တပ်သည် အာဏာသိမ်း တပ်၏ တပ်သားမိသားစု ဝင်များကို လွှတ်ပေးခဲ့ပြီး ၎င်းတို့ တစ်စုစီအတွက် ခရီးစရိတ် ၅၀၀၀၀ ကျပ် ပေးခဲ့သည်" လို့ MNDAA က ဩဂုတ်(၈)ရက် မနေ့က ထုတ်ပြန်ပါတယ်။
အာဏာသိမ်း စစ်အုပ်စု လက်အောက်ခံ တိုင်းစစ်ဌာနချုပ် (၁၄)ခုအနက် လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)ကို ကိုးကန်းတပ် MNDAA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက ဇူလိုင်(၃)ရက်မှာ စတင် ထိုးစစ်ဆင် တိုက်ခိုက်ပြီး တစ်လအကြာ ဩဂုတ်(၃)ရက်မှာ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာပါ။
ရခမ တိုက်ခိုက်ပွဲကနေ ထောင်ချီတဲ့ စစ်သုံ့ပန်းတွေ ဖမ်းမိသလို စစ်အုပ်စုရဲ့ ဗိုလ်ချုပ်အဆင့်၊ ဗိုလ်မှူးချုပ်အဆင့်နဲ့ ဗိုလ်မှူးကြီး အဆင့်တွေကိုလည်း ဖမ်းမိထားပါသေးတယ်။
#Mandalay_Free_Press_MFP

Опубликовано:

 

8 авг 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 12   
@SuYadanarw7m
@SuYadanarw7m 2 месяца назад
❤❤❤
@nansoesoehtwe4058
@nansoesoehtwe4058 2 месяца назад
@reddglare5817
@reddglare5817 2 месяца назад
Very good
@laminhtun6013
@laminhtun6013 2 месяца назад
လွှတ်ပေးရမှာပဲလေ EAOs တွေဆိုတာ တပ်မတော်က ငယ်နိုင်ပါ ဟဲဟဲ
@rainom1552
@rainom1552 2 месяца назад
တော်လှန်ရေးသမားတွေနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကပညာတတ်တွေဖြစ်တယ်မတရားမှုကိုသာဆန့်ကျင်တိုက်ခိုက်နေတာဖြစ်ပြီးဖမ်းမိသောစစ်သုန့်ပမ်းတွေကပညာမတတ်ကြေးစားလက်နက်ကိုင်တွေဖြစ်သော် လည်းလူသားချင်းဆာနာထောက်ထားပြီးညှင်းပမ်းနှိပ်စက်ခြင်းမပြုဘဲပြန်လွှတ်ပေးမြဲဖြစ်တယ်စကစစစ်တပ်ထဲကလူတွေကတော်လှန်ရေးတပ်သားတွေကိုဖမ်းမိရင်တော့သူတို့ကိုပညာပေးထားတဲ့အတိုင်ညှင်းပမ်းနှိပ်စက်ပြီးကြိုက်သလိုလူမဆန်တဲ့ပြုမူကျုးလွန်သွားတာတွေမရေမတွက်နိုင်အောင်ရှိနေပြီဖြစ်တယ်ဘာကွာလဒဆိုတော့အသိစိတ်ဓာတ်ခြင်းကွာခြားတယ်ဆိုတာသိစေလိုတယ်
@kispywillo6749
@kispywillo6749 2 месяца назад
ဒါတောင် စစ်လော်‌ဘီတွေက ကျေးဇူးမတင်ဖင်လှန်ပြလုပ်ချင်သေးတယ် PDFက မင်းတို့ စစ်မိသားစု၀င်တွေကို ဘာမှမလုပ်ဘူး မင်းတို့အဘ မင်းအောင်လှိုင်ဘဲ မင်းတို့ကိုထိုးကျွေးတာ ယောကျာ်က လက်နက် ချရင် မိန်းမကိုဖမ်းတဲ့ ကောင်တွေ 😅
@NNA-excellent-partner-channel
@NNA-excellent-partner-channel 2 месяца назад
နယ်မြေသိမ်းတာက သိမ်းတာပဲ... ပျားရေနဲ့ဝမ်းမချနဲ့...
@winsoe4179
@winsoe4179 2 месяца назад
ရမခ မကျဘူး မင်းမေပစ္စည်းကျသွားတာကွ
@win-h4k
@win-h4k 2 месяца назад
လွှတ်ပေးပြီးဗုံးနဲ့တန်းဗြင်းတာလောက်ကိုင်ကိုခုလဲလွှတ်ပေးပြီးမှဗုံးနဲ့လာဗြင်းမှာလွှတ်ပေးသူတွေကရင်ထပ်ပြန်ပို့😂
@Sos-o8e
@Sos-o8e 2 месяца назад
❤❤❤❤❤
@levinho590
@levinho590 2 месяца назад
မမေးသုံးချက် မေးသုံးချက် လောက်တောလုပ်ပြီးမှပြန်လွှတ်သင့်တယ် စခ တွေလုပ်သလို ပြန်လုက်သင့်တယ်
@winsoe4179
@winsoe4179 2 месяца назад
ရမခ မကျဘူးကွ မင်းမေစပပဲကျသွားတာ