မအေးပွင့်၊ မြင့်မြင့်စန်း လမ်းသုံးဆယ်က ၁၇နှစ်သမီးကတည်းက သန်းနောက်ကို လိုက်နေတာ။ သန်း ကိုပြုံးနဲ့ အိမ်ထောင်ကျပြီး စင်ကာပူမှာ နေနေတဲ့အချိန် ဖေဖေဆုံးလို့ ရက်လည်အမှီပြန်အလာမှာ ဒီကားရိုက်ဖို့ ထပ်ဖြစ်လာတာ အဲဒါရိုက်တော့ အသက်၃၀ကျော်နေပြီ အဲဒီကားရုံတင်တော့ ဆေးရောင်စုံကားလေ၊ ကာလာနဲ့ ပထမဆုံး အကယ်ဒမီလိုချင်တာပေါ့။ အဲဒီနှစ်မှာ ခုနှစ်စဉ်အလွမ်းနဲ့သွားပြီးတိုက်တယ်။ မမနု (ခင်သန်းနု)က ရသွားတယ်။ ခုနှစ်စဉ်အလွမ်းက တရုတ်ဖလင်ကြီး၊ ပြီးတော့ အဖြူ အမည်းလေ ဦးဝဏ္ဏတို့ရိုက်တာ။ အကယ်ဒမီပြကွက်တွေမှာ ဆီတွေမစင်တော့ အကွက်လိုက် အကွက်လိုက်ကိုဖြစ်နေတာ။
2 окт 2024