သရုပ်ဆောင် မဖြစ်ခင် မန္တလေးမှာတုန်းက ကဗျာလွတ် အကဆရာမကြီး ဒေါ်သြဘာသောင်း ရဲ့ တပည့်တစ်ဦးဖြစ်ခဲ့သလို၊ ရန်ကုန်ရောက်လာတော့လည်း ရန်ကုန်ပန်တျာကျောင်းက ဆရာမကြီး ဒေါ်ခင်ညွှန့် ရဲ့ ရန်ကုန်ပန်တျာမူနဲ့လည်း သင်ယူခဲ့ရတဲ့ အကယ်ဒမီ မေဝင်းမောင်၊ ဝင်းဦး စီစဉ်တဲ့ စန္ဒာမဂ္ဂဇင်းမှာ မျက်နှာဖုံးရှင်အဖြစ် ပထမဆုံး ပါဝင်ခဲ့ပြီး၊ ကျော်ဟိန်း၊ စန္ဒာတို့ သရုပ်ဆောင်မယ့် "လှချင်လျက် စက်စက်ယို"
ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် စန္ဒာက ကိုယ်ဝန်ကြီးနဲ့ ဖြစ်နေလို့ သူ့နေရာမှာမေဝင်းမောင်နဲ့ အစားထိုးပြီး သရုပ်ဆောင်စေခဲ့တဲ့အတွက် မေဝင်းမောင်ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကား ဖြစ်ခဲ့ပါတယ်။ကား ၃၀မြောက်ဖြစ်တဲ့ “ ကြည်ပြာ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီ ဆုကို ရယူနိုင်ခဲ့တဲ့ အကယ်ဒမီ မေဝင်းမောင်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
3 окт 2024