Тёмный

လူဖြစ်ကျိုးနပ်ပါစေတရားတော်-ပါမောက္ခချုပ်ဆရာတော် 

Dhamma Channel
Подписаться 11 тыс.
Просмотров 19
50% 1

တရားတော်အလှူသည်သာ အမြင့်မြတ်ဆုံး
++++++++++++++++
ဘုရား ပစ္စေကဗုဒ္ဓါကလွဲရင်
တရားအလွဴမရွိဘဲ တရားထူးရတဲ့သူ
တရားအလွဴမပါဘဲ
သံသရာလွတ်မြောက်တဲ့သူ
ရှေးကလည်းမရှိခဲ့ ခုလည်းမရှိ
နောင်လည်း ဘယ်တော့မှရှိမှာမဟုတ်ပါဘူး
တရားထူးရရေး သံသရာလွတ်မြောက်ရေးမှာ
တရားအလှူဟာ မပါမဖြစ်
မရှိမဖြစ်တဲ့အတွက်
တရားအလွဴ ဓမၼဒါနဟာ
' အနှိုင်းမဲ့ အလှူ ' ဖြစ်ပါတယ်
ဆရာတော် အရှင်ဆန္ဒာဓိက
( ရွှေပါရမီတောရ)
****************************************
တရားတော်အလှူသည်သာ အမြင့်မြတ်ဆုံး
"*"*"*"*"*"*"*"*"*"*"*"*"*"*"*"*"*"
- "ဓမ္မဒါန = တရားတော်အလှူ " ဟူသည် မိမိတို့ တတ်သမျှ မှတ်သမျှ တဆင့်ပြန်လည်၍ ဟောပြော သင်ကြား ရေးသား ညွှန်ပြခြင်း၊ စာပေကျမ်းဂန်များကို သင်ကြားပို့ချခြင်း၊ တရားတော်နှင့် ဆိုင်ရာပြဿနာများကို ဖြေရှင်းခြင်း နှင့် ကမ္မဋ္ဌာန်းတရားကို ညွှန်ုကြားပြသခြင်း စသည့် (ဓမ္မဒေသနာ) လုပ်ငန်းများ ဖြစ်၏။ ယင်းသို့ ပြုခြင်းသည် တရားတော်ကို ပူဇော်ခြင်း (ဓမ္မပူဇာ) လည်း မည်၏။ ဤဓမ္မဒါန၊ ဓမ္မပူဇာ ကုသိုလ်များ၏ အကျိုးတရား ထူးခြား ကြီးမြတ်ပုံကို ကျမ်းဂန်တို့၌ အောက်ပါအတိုင်း ပြဆိုထားပါသည်။
- "စကြာဝဠာ တစ်ခုလုံးပြည့် ဗြဟ္မာ့ပြည်တိုင်အောင် သီတင်းသုံးတော်မူကြသည့် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာပုဂ္ဂိုလ်တို့အား အဝတ်သင်္ကန်းများ အစေ့အငှ ပေးလှူစေကာမူ ယင်းအလှူထက် အစည်းအဝေးတစ်ခု (တရားပွဲတစ်ခု) ၌ လေးပါဒရှိ တစ်ဂါထာ အနုမောဒနာ တရားအလှူကပင် သာလွန်မြင့်မြတ်သည်။ တစ်ဆယ့်ခြောက်စိတ် တစ်စိတ်ပင် မမီနိုင်။
- ဒါနပြုသူ ဟူသမျှ တရားတော်ကို နာကြားကြရ၍သာ ဒါနပြုကြကုန်၏။ အရှင်သာရိပုတ္တရာ စသော မထေရ်မြတ်တို့သည်လည်း မိမိတို့ သဘောအလျောက် သောတာပတ္တိဖိုလ် စသည်တို့ကို ရကြသည် မဟုတ်။ အရှင်အဿ ဇိ စသော မထေရ်တို့၏ ဓမ္မဒေသနာကြောင့်သာ ရကြပေသည်။ (ဓမ္မပဒ၊ ဋ္ဌ၊ ၂။ ၃၅၂)
- လောကီရေးရာအဖြာဖြာတို့ကြောင့် စိတ်မချမ်းမသာဖြစ်၍ စိတ်ရှုပ်ထွေးညစ်နောက် သောကပွေလီနေချိန်တွင် ပကတိသောရေသည် ပကတိသောအပူမီးကို ငြိမ်းအေးစေနိုင်သကဲ့သို့ တရားတည်းဟူသော ရေစင်ရေအေးကို သောက်သုံးပြီး မှတ်သားလိုက်နာရုံမျှဖြင့် သောက၊ ပရိဒေဝ စသော အပူမီးများကို တစ်ခဏချင်း ငြိမ်းအေးကင်းပျောက် ချမ်းသာရောက်ရမည်မှာ မလွဲဧကန်သာတည်း။
မေတ္တာဖြင့်
အရှင်ဂုဏိန္ဒ (ခေတ္တ-ဟဲဟိုးဖားအောက်တောရ)

Опубликовано:

 

13 ноя 2023

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
DIY rocking horse for your kid #diy #parenting
00:57
Старый Дим Димыч вернулся😱
00:16
DORA implementation - tricks and traps
41:04
Просмотров 6 тыс.
အာဋာနာဋိယ သုတ်
4:44
Просмотров 4,7 тыс.
DIY rocking horse for your kid #diy #parenting
00:57