မင်္ဂလာပါ Jab ကနေ ပြန်လည်ကြိုဆိုပါတယ်ခင်ဗျ။
လက်ရှိ ခေတ်မှာတော့ လေယာဉ်တင်သင်္ဘောတစီးထဲကပဲ နိုင်ငံတနိုင်ငံရဲ့ စစ်အင်အားကို ပြောင်းလဲပစ်နိုင်စွမ်းရှိနေတယ်ဗျ။
ဒီသင်္ဘောတွေဟာ ကမ္ဘာပေါ်က စစ်တပ်တွေရနိုင်တဲ့ အင်အားအကောင်းဆုံး လက်နက်တခုဖြစ်တာကြောင့်လည်းပါပါတယ်။
နိုင်ငံတကာဥပဒေအရဆိုရင် AC တွေနဲ့သာဆိုရင် ကြိုက်တဲ့နိုင်ငံရဲ့ ကမ်းခြေကနေ ၁၄မိုင် (23 km) အကျော်ဘက် နေရာမဆို နေလို့ရပါတယ်။
ဘာလို့လဲဆိုတော့ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်နက်ဆိုတာ ကမ်းစပ်ကနေ 14မိုင်အထိပဲ သက်ရောက်လို့ဖြစ်ပါတယ်။
ဒီလိုမျိုးနိုင်ငံတနိုင်ငံရဲ့ ကမ်းခြေနဲ့ မိုင်အနည်းငယ်အကွာမှာ လေတပ် စခန်းတခုလိုမျိုး စိတ်ကြိုက်ထားနိုင်တာဟာ ဘယ်လောက်တောင် အကျိုးကျေးဇူး ကြီးမားလည်းဆိုတာ တွေးကြည့်လေ မြင်လေပဲဗျ။
လက်ရှိ ကမ္ဘာ့လူဦးရေရဲ့ 80%က ကမ်းခြေကနေ မိုင် 60 (100 km) အတွင်းမှာပဲ နေထိုင်ကြတာပါ။
စစ်သင်္ဘောအများစုမှာ ရဟတ်ယာဉ်တင်ဆောင်နိုင်ကြပေမယ့် တကယ် တမ်းဒေါင်လိုက်တက်ဆင်းလေယာဉ် (VTol) မဟုတ်တဲ့ လေယာဉ်တွေ တက်/ဆင်း လုပ်နိုင်တဲ့ ပြေးလမ်းပါတဲ့ လေယာဉ်တင်သင်္ဘောအကြီးစားဟာ တကမ္ဘာလုံးမှာ 19စီးပဲရှိနေတာပါ။
12 окт 2020