လွမ်းစေတီ
ရေး✍ ဝဏ္ဏကျော်ထင်စိန်မြမောင်
🎼♩♪♫♬♩♪♫♬🎼
(သစ္စာနှောင်ဖွဲ့ မောင့်ရဲ့ ချစ်သူထံပါးဆီ ကျေးစေတိုင် တည်ရတုအညီ ရေးသီအပြိုင်ပြိုင်ပြုပါသည်
ခုတော မပေါ်လာ မျှော်ကာငေး ဆွေးရစ်တဲ့သူဆီ မယ့်ကိုလည်း မောင်လွမ်းသည် မောင့်ကိုလည်း
မေလွမ်းသည် ကြံကာသာပန်းပါဘိ “ လမ်းဘယ်မမြင် ရွှေပင်လယ် ကာဆီးသည်သို့ နီးတောမယ် … နီးမယ်မထင်ပါသည် မယ့်ကိုလေလွမ်းသမျှ တမ်းတတဲ့လွမ်းစေတီ ….) ၂
( လွမ်းစေတီ မယ်နဲ့မောင်ချစ်တာ တစ်ခုသာ သစ္စာပြု
ပါသည် … ချစ်သူငယ် သူ့အား …ဝေးပါပေါ့ဘုရားလို့ တမ်းတပါသည် လွမ်းရတာရှည် မယ့်ကိုရည်မှန်းလို့ တည်ထားခဲ့မည် လွမ်းစေတီ) ၂
မောင့်ဒါလီ ငွေပုလဲ ရွှေအသည်းကြွေမည် အသည်းကြွေမည် ဘယ်ဝယ်ဘယ်ဆီ သြော်မျှော်ကာမှန်း
အို မလွှမ်းနိုင်ပါပြီ နန်းကေသီ လွမ်းစေတီ
မယ်လာဖူး မောင်ခေါ်ရင် မယ်ထူး ရင့်ကျူးမည်
ဖြေမဆီ သွေဖီသွား သနားလှဲ့ တအားငဲ့ အားနွဲ့ရရှာပြီ လွမ်းစေတီအပါးမှီ အပန်းဖြေကာနားမည် လွမ်းသလေ သြော်မောင်ကြီး
(CHO) ( လွမ်းစေတီ............
မယ့်ကိုရည်မှန်းတည်ထားခဲ့မည်လွမ်းစေတီ )
🎼♩♪♫♬♩♪♫♬🎼
⟣⃟⸻⚀༻༺⚀⸻⃟⟢
🎸မူရင်းတင်သူများအား ကျေးဇူးတင်လျှက်🎸
🎸မူရင်းတင်သူများအား Credit ပေးပါသည်🎸
𝕬𝕾𝖔𝖒𝖆
18 сен 2024