This video is subtitled in English & Thai Language.
ကျွန်တော်ပြီးခဲ့တဲ့လက အောင်ပန်းကို စက်ဘီးစီးခရီးစဉ်ထွက်ဖြစ်ခဲ့ပါတယ်။
အဲ့ခရီးစဉ်ထဲမှာမှ ဒီ ခရီးစဉ်လေးဖြစ်တဲ့ 'လှေ' မစီးပဲ အင်းလေးဖောင်တော်ဦးဘုရား သို့ 'စက်ဘီး' နဲ့သွားဖြစ်ခဲ့တာကလဲတော်တော်လေးစိတ်ဝင်စားစရာဖြစ်ခဲ့aပါတယ်။
သွားလာကြဖူးတဲ့ စက်ဘီးသမားတွေရှိတယ်လို့ပြောကြပေမယ့်
ကျွန်တော်ကတော့ အင်းလေးဖောင်တော်ဦးဘုရားကို လှေနဲ့သွားလို့ရတာကို မသိခဲ့ပါဘူး.
ခုတော့ အောင်ပန်းစက်ဘီးသမားတွေဖြစ်တဲ့ ဦးထွန်းအောင် - ကိုအတုံး - ကိုသန်းဇော်ဟိန်း - ကိုသိန်းမော်+မနှင်းနှင်းဦး - ကိုဖိုးကျော် - ကိုလေးချိုး - ချစ်လေးကို - ကိုဇော်ဇော် - စိုင်းလောဝ်ခမ်း(တောင်ကြီးသား)တို့ ခေါ်ဆောင်ရာကိုလိုက်ပါရင်း ဘုရားကြီးဆီကို စက်ဘီးနဲ့ရောက်အောင်သွားဖူးခဲ့ပါတယ်။လိုက်ပို့တဲ့သူအားလုံးကိုလဲကျေးဇူးအများကြီးတင်ပါတယ်..
ကျွန်တော့်အတွက်တော့အထူးအဆန်းတစ်ခုလိုဖြစ်နေခဲ့ရပါတယ်။
သွားတဲ့လမ်းမှာ အထင်ကရနာမည်ကြီး ရွှေအင်းတိန်ဘုရားကိုဝင်ရောက်ဖူးမျှော်ခဲ့သလို၊ဘ၀သံသရာ ရထားလမ်းကြီးကိုလဲဝင်ရောက်ဖြစ်ခဲ့ပါသေးတယ်။
အိမ်တွေကြားမှာ တွန်းလိုက်၊ထမ်းလိုက်၊နင်းလိုက်နဲ့ ဖြတ်သန်းသွားခဲ့ကြရသလို နှစ်ခါပြန်ကြည့်ခွင့်မရနိုင်အောင်လှပတဲ့ သဘာ၀အလှအပ ရှု့ခင်းတွေကိုခံစားနိုင်ဖို့ ရိုက်ကူးခဲ့တာကြောင့် မိနစ်လေးရှည်သွားပါတယ်။
သဘာ၀ကိုချစ်မြတ်နိုးတဲ့ကြည့်ရှု့သူတွေအတွက်ကတော့ အရမ်းကိုကြိုက်နှစ်သတ်မယ့် vlog လေးဆိုတာကို အာမခံနိုင်ပါတယ်ဗျာ။
ကျွန်တော့်ရဲ့ RU-vid Channel လေးကိုလဲ Like & Subscribe လေးလုပ်ထားပေးခဲ့ကြပါအုံးနော်။
လေးစားစွာဖြင့်
Shein Zar Cyclist
/ sheinzarcyclist
/ sheinzarcyclist
#sheinzarcyclist #cyclingtravelvlog #cyclinginmyanmar #cyclingvlog
#cyclingvlogger #cyclistmyanmar #cyclingtrip #travel #travelvlogger #cyclingknowledge
15 сен 2024