ပဲပြုပ်ထမင်းကြော်နဲ့ တွဲပြီးစားလို့ကောင်းတဲ့ ဝက်ချိုဟင်းလေးပါ။
ပထမဆုံး ဝက်သားကို အရသာစနှပ်ပါမယ်။ ကျွန်တော်က ဝက်ပေါင်သားကို သုံးထားပေမယ့် ဝက်သုံးထပ်သားဆိုရင် ပိုပြီးစားကောင်းပါတယ်။
ဝက်သားထဲကို အချိုမှုန့် အနည်းငယ်။ တရုတ်ငါးမျိုးစပ် မဆလာ။
ပဲငံပြာရည်အကြည်။ ပဲငံပြာရည်အပျစ်။ ရှာလကာရည်ကို နည်းနည်းထည့်မယ်။ ခြစ်ထားတဲ့ ချင်း (ဂျင်း) ကို အရည်ညှစ်မယ်။
အားလုံးကို နှံ့စပ်အောင်နယ်ပြီး ၁ နာရီလောက်နပ်ထားပါ
ဝက်ချိုပေါင်းမှာ ကြက်သွန်ဖြူကို များများထည့်ပေးပါ
ကြက်သွန်နီကို ပါးပါးလှီးပေးထားပါ။
ပထမဆုံး ဒယ်အိုးထဲမှာ သကြားကို စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး သကြားတူးကျိုပါမယ် ။ မီးအားမများပါနဲ့။ သကြားတွေ နီလာပြီဆိုရင်
နှပ်ထားတဲ့ ဝက်သားတွေထည့်ပြီး ၅ မိနစ်လောက်မွှေပေးပါ။
ပြီးရင် ကြက်သွန်နီထည့်ပြီး ထပ်မွှေပေးပါ။
ဝက်ချိုချက်နည်း က တယောက်နဲ့တယောက်တော့ မတူပါဘူးခင်ဗျာ။
နောက်ဆုံးမှာ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူထည့်ပြီး မွှေပေးပါ။ ပြီးမှ ရေထည့်ပြီး မိနစ် ၅၀ လောက်တည်ပေးရင် ဆိုပဲ နူးအိသွားပြီဖြစ်ပါတယ်။
ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်ချိုပေါင်းရပြီဖြစ်ပါတယ်။
8 сен 2024