Тёмный

သင်တန်းဆင်း NLA ရဲဘော် ၇၇ ဦးကို EROsတွေ အကူအညီနဲ့ လက်နက်တပ်ဆင်ပေးနိုင်ခဲ့ 

Myaelatt Athan
Подписаться 216 тыс.
Просмотров 20 тыс.
50% 1

သင်တန်းဆင်း NLA ရဲဘော် ၇၇ ဦးကို EROsတွေ အကူအညီနဲ့ လက်နက်တပ်ဆင်ပေးနိုင်ခဲ့
စစ်ကိုင်း၊ စက်တင်ဘာ ၃၀၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ကဘော်ဒေသမှာ အမျိုးသားလွတ်မြောက်ရေးတပ်တော် NLA က သင်တန်းသား ၇၇ ဦးပါတဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၅ သင်တန်းဆင်းပွဲကို စက်တင်ဘာ ၃၀ ရက် ဒီနေ့မနက် ၈ နာရီမှာ ပြုလုပ်ခဲ့ပါတယ်။
အမျိုးသား ၇၃ ဦးနဲ့ အမျိုးသမီး ၄ ဦးပါတဲ့ အပတ်စဉ် ၅ အခြေခံစစ်သင်တန်းကို ဇွန် ၂၁ရက်ကနေ စက်တင်ဘာ ၂၁ ရက်အထိ ၃ လကြာ သင်တန်းပေးခဲ့ပြီး သင်တန်းသားအားလုံး ပြီးဆုံးတဲ့အထိ ပါဝင်နိုင်ခဲ့ကြတယ်လို့ အမျိုးသားလွတ်မြောက်ရေးတပ်တော် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
"သင်တန်းမှာတော့ လက်နက်မဲ့၊ လက်နက်နဲ့ စစ်ရေးပြတွေအပြင် စစ်နည်းဗျူဟာဘာသာရပ်၊ နိုင်ငံရေးဖက်ဒရယ်ဘာသာရပ်၊ စစ်ဖက်ဆိုင်ရာ ဥပဒေတွေကို ကျနော်တို့သင်ကြားပြသခဲ့တယ်" လို့ အမျိုးသားလွတ်မြောက်ရေးတပ်တော် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အမျိုးသားလွတ်မြောက်ရေးတပ်တော်ဟာ တအာင်းအမျိုးသားတပ်မတော် TNLAဆီမှာ စစ်ပညာသင်ပြီး စစ်ကိုင်းတိုင်း တမူးဒေသမှာစစ်ရေးလှုပ်ရှားနေတဲ့အဖွဲ့တခုဖြစ်ပါတယ်။
အခု အပတ်စဥ် ၅ အပါအဝင် အခြေခံစစ်ပညာသင်တန်းကို TNLA သင်တန်းဆင်းတွေနဲ့ ဦးဆောင်သူ DSA အပတ်စဉ် ၄၆ ဆင်း စစ်တပ်အရာရှိဟောင်းတဦးတို့က စစ်ပညာသင်တန်းပေးခဲ့ကြတာလို့ ဆိုပါတယ်။
သင်တန်းဆင်းပွဲမှာ ဘက်စုံကောင်းမွန်တဲ့ သင်တန်းသား ၁ ဦး၊ လေ့ကျင့်ရေးမှာ စည်းကမ်းလိုက်နာတဲ့ ၁ ဦး၊ စက်ပစ်ကွင်းမှာ သေနတ်ပစ်တော်တဲ့ လက်ဖြောင့်ရဲဘော် ၁ ဦး၊ သင်တန်းအစကနေအဆုံးအထိ ဇွဲရှိရှိလုပ်ခဲ့တဲ့ အမျိုးသမီးရဲဘော် ၄ ဦးထဲက ၁ ဦးတို့ကို ဆုချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။
သင်တန်းဆင်းပွဲကို မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ CNO/CNDF ကလည်း တာဝန်ရှိတဲ့သူတွေ တက်ရောက်ကြတယ်လို့ သိရပါတယ်။
သင်တန်းဆင်းရဲဘော် ၇၇ ဦးကို သင်တန်းဆင်းပွဲနေ့မှာပဲ EROsနဲ့ မဟာမိတ်တွေက ထောက်ပံ့ပေးတဲ့ KIA ထုတ် ပါရီအမျိုးအစားသေနတ်တွေ၊ RPG 7နဲ့ M 79 တွေအပြင် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဆီကသိမ်းဆည်းရရှိတဲ့ MA အမျိုးအစားသေနတ်တွေကို တပ်ဆင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
အမျိုးသားလွတ်မြောက်ရေးတပ်တော်ကို ၂၀၂၁ အောက်တိုဘာမှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
အဖွဲ့အနေနဲ့ စခန်းသိမ်းတိုက်ပွဲတခုရှိခဲ့သလို မြို့သစ်မြို့သိမ်းတိုက်ပွဲမှာလည်း MOD ရဲ့တပ်ရင်းတွေနဲ့ စစ်ရေးဖော်ဆောင်မှုလုပ်တဲ့အပြင် ၁၀၂၇ ဒုတိယလှိုင်းမှာလည်း မန္တလေး PDF နဲ့အတူ ပူးပေါင်းပါဝင် စစ်ရေးဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
သတင်း - ဒိန်းဂျား၊ စာတည်း - ဈာန်မြင့်၊ တည်းဖြတ် - HP
#မြေလတ်အသံ
#စစ်ကိုင်း #ကဘော် #အမျိုးသားလွတ်မြောက်ရေးတပ်တော် #သင်တန်းဆင်းပွဲ #လက်နက်တပ်ဆင်

Опубликовано:

 

6 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 23   
@kispywillo6749
@kispywillo6749 6 дней назад
အောင်မြင်ပါစေ တော်လှန်ရေးညီအကိုများ❤🎉
@Aung-v6y
@Aung-v6y 6 дней назад
ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ကြ အရေးတော်ပုံ မုချ အောင်ရမည် ကျေးဇူးတင်ပါတယ်
@KingLove-g1c
@KingLove-g1c 6 дней назад
မင်္ဂလာပါ မြေးလေးတို့ ကျန်းမာ ဘေးရန်ကင်းရှင်း အောင်မြင်ကြပါစေ။
@KoGyi-u9j
@KoGyi-u9j День назад
မဂ်လာပါဒို့ရဲဘော်အပေါင်းတို့
@Niraimathimathi-s2c
@Niraimathimathi-s2c 6 дней назад
စစ်​ခေါင်း​ဆောင်​တွေ ဗမာ့ပြည်မှာ နေထိုင်နေကြတာ စစ်ရေး အာကောင်းအောင် ဗမာ့ပြည်မှာ တော်လှန်ရေး တပ်ပွဲ့ဝင်းတွေကို ဝမ်းဝန်း ကူညီကြဖို့လိုပါတယ်
@PhuuPuu
@PhuuPuu 6 дней назад
တိုင်းရင်သားEROS. all respect. par ❤❤❤❤😊😊😊😊😊😊
@LeLe-kb4iu
@LeLe-kb4iu 6 дней назад
တော်လှန်သူများအားလုံးဘေးကင်းကျန်းမာကြပါစေ❤❤❤❤
@KoGo-w8f
@KoGo-w8f 6 дней назад
နိုင်ကိုနိုင်ရမယ်။
@KoWin-ym8bh
@KoWin-ym8bh 5 дней назад
❤❤❤❤❤❤
@myintsoe4260
@myintsoe4260 6 дней назад
❤ Good 👍👍👍
@UWinOorazaslam-jj7wy
@UWinOorazaslam-jj7wy 6 дней назад
အကို အမ ညီ ညီမလေးများသိပီးပီလာ တရုတ်က တိုက်လေယဉ် ၆ စီး မင်းအောင်လှိုင်ကို ပေးလိုက်ပြီ နေပြည်တော်ရောက်လာပီ သတိထားရတော့မယ် သိမ်းပိုက်နယ်မြေတွေ သတင်းအမှန်လာ ပြောပါ
@pancakeyumyum4928
@pancakeyumyum4928 6 дней назад
❤❤❤❤❤💯👍
@kyawgyi-jc8si
@kyawgyi-jc8si 6 дней назад
တော်လှန်ရေးတပ်တွေကြားထဲ ခွေးက ဘာဝင်လုပ် ‌ခွေးတေ ကိုယ့်နေရာ ကိုယ်မနေဘူး ခွေးကို ပြောတာနော် ခွေးကို😂
@myatswe1689
@myatswe1689 6 дней назад
Miangalarbar
@SaiWaiYan-jo8sr
@SaiWaiYan-jo8sr 6 дней назад
❤👍👌💪💕💕💕🦅🦅🦅🇹🇼
@htunlinlin1890
@htunlinlin1890 6 дней назад
သူပုဋ်မွေးနေတဲ့မအေလိုးများသေပါစေအမြန်
@aungzaw9466
@aungzaw9466 6 дней назад
❤❤❤❤❤❤❤❤
@myatswe1689
@myatswe1689 6 дней назад
Miangalarbar
@kozawtun671
@kozawtun671 6 дней назад
မအလစကစအကြမ်းဖက်ကျရှုံးရမယ်ဖက်ဆစ်မင်းအောင်လှိုင်အလိုမရှိ
@minaung342
@minaung342 6 дней назад
❤❤❤❤❤
@myatswe1689
@myatswe1689 6 дней назад
Miangalarbar
@KoGo-w8f
@KoGo-w8f 6 дней назад
🫡🫡🫡💪💪💪🎉🎉🎉
Далее
Epic Reflex Game vs MrBeast Crew 🙈😱
00:32
Просмотров 3,8 млн
ဘုတလင် အောင်ပွဲ
15:19
Просмотров 143 тыс.