Тёмный

သတင်းစာ scholar အကြောင်း (Shinbun scholar)  

Ye Thiha Tun
Подписаться 302
Просмотров 2,7 тыс.
50% 1

ကျနော် ကတော့ လက်ရှိ 10လပိုင်းမှာ မြန်မာနိုင်ငံကလာပြီး သတင်းစာ scholar နဲ့ ကျောင်းတက်အလုပ်လုပ်နေတဲ့သူပါခင်ဗျ။
လာရောက်အမေးများကြလို့ post တင်လိုက်ပါတယ်။
လိုအပ်ချက်တွေကတော့....
*အနဲဆုံး N4အောင်ရပါမယ်။
*ပြီးတော့ ကားလိုင်စင်ရှိရပါတယ်
(ခ )လိုင်စင်မရှိရင်တောင် (က)လိုင်စင် သက်တမ်း တစ်ခုအထိရှိဖို့လိုအပ်တယ်။ ဆိုင်ကယ် (50 CC)နဲ့ သတင်းစာပို့ရမှာမို့ပါ
*Passport PV ၆လသက်တမ်းရှိရမယ်။
*ပညာအရည်အချင်း ဘွဲ့ရor တက္ကသိုလ် ပထမနှစ်၊ or diploma ရှိရမယ်။
*မိန်းကလေးလဲလျှောက်လို့ရပါတယ်
*ကျန်းမာရေးကောင်းရမယ်
မနက် ၁နာရီ သော်လည်းကောင်း ည၁၂ သော်လည်းကောင်း ထပြီးမနက်ပိုင်းသတင်းစာ ပို့ရမှာမို့လို့ ကျန်းမာနေမှရမယ် ပြီးရင်ကျောင်း၉နာရီ သွား၁၂ခွဲ ပြန်လာပြီး
ညနေ၁နာရီ ၄၅နေ့လည်ခင်းသတင်းစာ ထပ်ပို့ရမယ်။
၄ခွဲ ၅နာရီလောက် ကိုယ်ပို့မြန်ရင်မြန်သလောက်နားချိန်ရမယ်
ပြောရရင် တော်တော်ပင်ပန်းမှာဖြစ်တဲ့တွက် သန်မာနေမှရမယ်အကျိုးခံစားခွင့်ကတော့ ကျောင်းတက်လို့ရမယ့်အပြင် တစ်ယောက်ခန်းအဆောင်ပေးမယ်။
မီတာခ တဝက်ဆောင်ပေးတယ် ။ လစာပေးပါတယ် ၊၈‌သောင်းကျော်၊ ၉သောင်း၊၁၀သောင်း (စစဝင်ချင်း လစာနဲတတ်ပါတယ် နောက်ပိုင်း တဖြေးဖြေးများလာမယ်လို့ စီနီယာတချို့ပြောပါတယ်)
အဲ့ဒီအပြင်ကျောင်းလခကို တလ ၆သောင်း (မြန်မာငွေ ၁၂သိန်း ဝန်းကျင်ထောက်ပံ့ပေးထားပါတယ်)[ထောက်ပံ့တာခြင်းမတူပါ]
ရသောလစာ
[ ၉သောင်း+ ကျောင်းစရိတ် ၆သောင်းး+အခွန်ပါ]
ကျောင်းသွားဖို့ ရထားခကို ၃ပုံ၁ပုံသော်လည်းကောင်းစိုက်ပေးပါတယ်။
ဥပမာ ၁၀၈၀၀ လပေးရထားကတ် ပြုလုပ်မယ်ဆိုရင်
ကိုယ့်ဘက်က ၃၅၀၀ပဲပေးရပါမယ်၊ ကျန်တာ သတင်းစာတိုက်ဘက်ကပေးပါတယ်။
မြန်မာကနေ ဂျပန်ကိုသွားဖို့‌ေဒါ်လာ၂၃၀၀ရယ် (အပြောင်းလဲရှိနိုင်)
‌ေလယာဥ်ခ ရင်းရမယ်။
တခြား ပိုက်ဆံနဲ့ကျောင်းတက်တဲ့သူဆိုရင် သိန်း၂၅၀ ဝန်းကျင် ကုန်နိုင်ပါမယ်။(ကျောင်း နေရာပေါ်မူတည်၍ ဈေးပြောင်းနိုင်)
COE အောင်တာများပါတယ် scholar မို့လို့။
အဲ့တာတွေအကုန်အဆင်ပြေရင်တော့ အေဂျင်စီ ရှာဖို့အရေးကြီးပါတယ်
သတင်းစာ scholar နဲ့ ခေါ်ကြတာ များပါတယ်
Majaကနေလဲ interview အဆင့်ဆင့်နဲ့ ခေါ်တာတွေရှိပါတယ်
တခြား အေဂျင်စီလဲရှိပါတယ်
ကျနော်ကတော့ Kumudua Language Training School ကနေ လာတာပါ။ ဆရာနဲ့ဆရာမ
ကတော့ ရေကုန်ရေခန်း ကြိုးစားပေးလို့ ခုထက်ထိ ကျေးဇူးမဆပ်နိုင်လို့ အားနာနေရပါတယ်...
A Lin Yaung ဒါကတော့ ကျနော်ဂျပန်စာသင်ခဲ့တဲ့နေရာပါ... Scholar မဟုတ်တောင် အလုပ်လား၊ကျောင်းလား အများကြီး ရွေးချယ်လို့ရပါတယ်...အခွင့်လမ်းများပါတယ်၊သင်ပြ ကောင်းပါတယ်
ပုံလေးတွေတင် ပေးထားပါတယ်
ကျနော် ပို့ခဲ့တဲ့နေရာလဲပါပါတယ်
နေရာကတော့ Saitama မှာမို့ မြို့နဲ့တော့ကွဲပါတယ်။
လက်ရှိနေတဲ့အခန်းပုံလဲတင်ထားပါတယ်။
လက်ရှိ လုပ်နေတဲ့ နေရာမှာတော့ မြန်မာစီနီယာ မရှိပါဘူး။ ဂျပန်စကား n3၊n2 လောက်ထိ သင်လာခဲ့မှအဆင်ပြေပါမယ်ခင်ဗျ....
ဖတ်ရှူပေးတဲ့တွက်ကျေးဇူးပါ...

Опубликовано:

 

3 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 83   
@Ar-yi9zy
@Ar-yi9zy 13 дней назад
သတင်းစာ ပေးပို့တဲ့ ပထမဆုံးနေ့အတွက် ဖောက်သည်ရဲ့ လိပ်စာကို ဘယ်လိုရှာရမလဲ၊ အရင်ဆုံး လေ့ကျင့်မှု ရှိပါသလား။
@YeThihaTun-jl1kl
@YeThihaTun-jl1kl 13 дней назад
@@Ar-yi9zy အဲ့တာက ကိုယ့်ဘက်က လုပ်ရတာမဟုတ်ပါဘူးဗျ၊ သတင်းစာတိုက်ဘက်က ပို့ရတဲ့ စာရင်းနဲ့ရပ်ကွက်ကရှိပြီးသားပါ အဲ့နေရာကို ကိုယ်ကအချိန်ပိုင်းအလုပ်နေနဲ့ ဝင်လုပ်ရုံပါ
@YeThihaTun-jl1kl
@YeThihaTun-jl1kl 13 дней назад
@@Ar-yi9zy သူတို့ဘက်က အနဲဆုံး တပတ် လောက် နေရာလိုက်ပြပြီးမှတ်မိအောင်လုပ်ခိုင်းပါတယ်
@khinekhin6850
@khinekhin6850 2 месяца назад
Thanks ❤ for vlog
@moditachi4249
@moditachi4249 5 дней назад
ကိုကြီးရေ ညီလေး လည်း သတင်းစာပို့ လုပ်ငန်း လုက်ဖို့ ဂျပန်စာကိူ ခုမှ စလေ့လာမှာ ဘယ်နှနှစ်လောက် တတ်ပြီးရင် အဲ့အလုပ်ကို ရလဲဗျ ကိုကြီး ဖြေပေးပါအုန်း
@YeThihaTun-jl1kl
@YeThihaTun-jl1kl 4 дня назад
@@moditachi4249 ဂျပန်စာအရည်ချင်းမြင့်လေ ပိုအဆင်ပြေလေပါ ခု မြန်မာနိုင်ငံကသင်တန်းအရ n5 course တစ်ခု ၄လတွက်ရင် n4အပြီး အောင်အောင်ဖြေတာအပြီး ရယ် n3 ထိရယ်ဆို အနဲဆုံး၁နှစ်ဝန်းကျင် ခန့်မှန်ခြေပါ သတင်းစာအင်တာဗျူးဖြေတာကစလို့စာရင်းဇယားစလုပ်ရင်တော့၈လ၉လထပ်ပေါင်းရင်၂နှစ်ဝန်းကျင်ခန့်မှန်းခြေပါ
@MomoChaw-e8w
@MomoChaw-e8w 8 дней назад
deposit ‌ကြေးကyan100,000 ,သင်တန်းကြေးls ကိုပေးရမှာကyan100,000, အဆောင်ခ၂လစာနဲ့လိုင်စင်ကြေးကyan150,000အဲလောက်တောင်းတယ် အဲတာဆိုများလား
@hsuhsu7653
@hsuhsu7653 3 месяца назад
သတင်းစာစကော်လာကို ဝန်ဆောင်ခဒေါ်လာ2200နဲ့ စာရွက်စာတမ်းကြေး၊လေယာဉ်လက်မှတ်ခ ပေးရတာပုံမှန်ပဲလားသိချင်ပါတယ်။
@thazin7643
@thazin7643 6 месяцев назад
Majaကနေလျောက်ရင် rejected ဖြစ်ထားရင်မရဘူးပြောလို့လေ ဘယ်လိုလုပ်ပြီးလျှောက်ရမလဲရှင့်
@YeThihaTun-jl1kl
@YeThihaTun-jl1kl 6 месяцев назад
တခြားပုဂ္ဂလိက အေဂျင်စီဘက်က ခေါ်တာမျိုးရှိပါတယ် ရုံးချုပ်ကမဟုတ်ပဲ သတင်းစာဆိုင်အသေးတွေဘက်ကလဲခေါ်ပါတယ် လိုင်းမှာရှာကြည့်ပေးပါ
@htethtetoo5388
@htethtetoo5388 4 месяца назад
ဘွဲ့ရပြီးတဲ့သူရော သတင်းစာ စကော်လာ လျှောက်လို့ရလားရှင့် ❤
@YeThihaTun-jl1kl
@YeThihaTun-jl1kl 4 месяца назад
၂၇အောက်ဆိုရပါတယ်
@yuzana6732
@yuzana6732 7 месяцев назад
သတင်းစာစကော်လာနဲ့ဆိုဘယ်လောက်ကုန်လဲအကို
@YeThihaTun-jl1kl
@YeThihaTun-jl1kl 7 месяцев назад
ခေါ်တဲ့အေဂျင်စီပေါ်မူတည်ပါတယ် ဒေါ်လာဈေးပေါ်မူတည်ပါတယ် တချို့နေရာက ဒေါ်လာ ၁၈၀၀ကုန်ပါတယ် Language school ကြေးပါအပြီး အဆောင်ကြေး၊ အလုပ်တခါထဲဝင်။ တချို့နေရာက သိန်း ၄၀,၅၀ပါ သေချာတော့မပြောပြတတ်ပါဘူးခင်ဗျ။
@13_Dy
@13_Dy 3 месяца назад
ဂျပန် Level ကရော ဘယ်လောက်ထိရှိရမလဲအကို လူကောင်သေး ပြီး အပင်ပန်းခံနိုင်တဲ့မိန်းကလေးဆိုရင်ရောရလား တစ်ချို့ကျ လူကောင်သေးရင်အပင်ပန်းမခံနိုင်ဘူးထင်လို့လေ
@YeThihaTun-jl1kl
@YeThihaTun-jl1kl 3 месяца назад
အနဲဆုံး n4ပါ ပေါင်၁၀၀‌ဆိုရပါတယ်
@marys6342
@marys6342 2 месяца назад
Coe 2ခါကျဖူးတယ်ရှင့် လျှောက်လို့အဆင်ပြေမလားမသိဘူးရှငိ့😢
@YeThihaTun-jl1kl
@YeThihaTun-jl1kl 2 месяца назад
@@marys6342 ကျနော်အရမ်းအာမမခံနိုင်ပေမဲ့ အေဂျင်စီနဲ့တိုင်ပင်ကြည့်တာပိုကောင်းပါတယ်
@EiSandar-fc8lx
@EiSandar-fc8lx 3 месяца назад
အကို့ သတင်းစာစကော်လာနဲ့ဂျပန်စာn4 အမှတ်ကိုကြည့်လားဗျ အေဂျင်စီက130,16ကြားရမှပြောလို့ပါ
@YeThihaTun-jl1kl
@YeThihaTun-jl1kl 3 месяца назад
မကြည့်ပါဘူးဗျ ဒါပေမဲ့ အေဂျင်စီအမျိုးမျိုးဆိုတော့သေချာတော့မသိပေမဲ့ အမှတ်မကြည့်တာများပါတယ် ဆေးစစ်ချက်နဲ့ အင်တာဗျူးအပြောဆိုအဆင်ပြေရင်ရပါပြီ
@TunTunOo-dv2gt
@TunTunOo-dv2gt 2 месяца назад
သူခိုးဓားမြရန်တွေအရက်မူးသမားရန်တွေရောကြောက်ရလား အဲ့လို ရှိလားဗျ မေးကြည့်တာပါ
@YeThihaTun-jl1kl
@YeThihaTun-jl1kl 2 месяца назад
@@TunTunOo-dv2gt သူခိုးလဲမရှိသလို အရက်မူးသမားလဲမရှိပါဘူး ဘူတာနားမှာအမူးသမားရှိနေနိုင်ပေမဲ့ ပို့ရတဲ့နေရာက လူနေအိမ်ကောင်းတွေပါ အမူးသမားရှိသလောက်ပါပဲ အမူးသမားရှိရင်တောင် ရန်မမူပါဘူး မနက်၄ဆိုတာနဲ့ ဂျပန်လူမျိုးအများအပြားထကြပြီး ခွေးလေးတွေနဲ့လမ်းလျှောက်ထွက်တတ်ကြပါတယ်
@TunTunOo-dv2gt
@TunTunOo-dv2gt 2 месяца назад
​@@YeThihaTun-jl1klကျေးဇူးပါ အကို
@khaingzarlynn2423
@khaingzarlynn2423 4 месяца назад
အသက်က 27ကျော်ရင်လျှောက်လို့မရတော့ဘူးလားရှင့်❤
@YeThihaTun-jl1kl
@YeThihaTun-jl1kl 4 месяца назад
လျှောက်လို့ရပေမဲ့ အခြားသူနဲ့ယှဉ်ရင် percentageတော့လျော့တာပေါ့ ဒါပေမဲ့ 27နဲ့လာတဲ့သူတွေလဲရှိပါတယ် မြန်မြန်လေးလျှောက်ကြည့်ပါဗျာ
@SanaMinatozaki-ox3vf
@SanaMinatozaki-ox3vf 4 месяца назад
shinbun interview မှာမေးတတ်တာလေးတွေပြောပြပေးလို့ရမလားရှင့် agency တစ်ခုကိုအပြင်ကျောင်းသားအနေနဲ့လျှောက်ထားလို့ပါရှင့် お願いいたします。
@YeThihaTun-jl1kl
@YeThihaTun-jl1kl 4 месяца назад
ရာသီဥတုဒဏ်ခံနိုင်လား အလုပ်လုပ် ကျောင်းတက် ရင်း အချိန်ကုန်မှာဖြစ်တဲ့ အတွကိအချိန်ဘလိုအသုံးချမလဲ ဆိုတာမျိုးတွေ ကျောင်းပြီးဘာလုပ်မလဲဆိုတာတွေ ပိုက်ဆံဘလိုစီမံခန့်ခွဲမလဲ Background ကထောက်နိုင်လား Interview တွေကတော့ အခြေခံအားဖြင့် "အရမ်းပင်ပန်းမှာဖြစ်တဲ့တွက် ကျန်းကျန်းမာမာနဲ့စိတ်အားထက်သန်စွာ လုပ်နိုင်လား"ဆိုတဲ့မေးခွန်းကိုပဲ အဓိကမေးတာပါ၊ ကျန်တာကတော့ grammar form ကျကျပြောတတ်ရတာတို့၊ သူမေးတဲ့မေးခွန်းတိုင်းအပြုံးမပြတ်ဖြေနိုင်ရင်ရပါတယ် ။ interview ကကျနော့တုန်းက ၃ခါလောက်ဗျူးရပါတယ်။ အရမ်းမခက်ပါဘူး။
@YeThihaTun-jl1kl
@YeThihaTun-jl1kl 2 месяца назад
@@SanaMinatozaki-ox3vf ru-vid.com/video/%D0%B2%D0%B8%D0%B4%D0%B5%D0%BE-TdEDqDPQdCw.htmlsi=RWlLdNc2mZCjKRSn
@minhtet8028
@minhtet8028 2 месяца назад
ယာဥ်မောင်းလိုင်စင်ဖြေရမာမို့ ဘာတွေပြင်ဆင်ထားရမလဲ ဘာတွေမေးနိုင်လဲ vd လေး လုပ်ပေးပါအုံးဗျ
@YeThihaTun-jl1kl
@YeThihaTun-jl1kl 2 месяца назад
@@minhtet8028 ဂျပန်ဘက်ကလားဗျ
@YeThihaTun-jl1kl
@YeThihaTun-jl1kl 2 месяца назад
@@minhtet8028 ဂျပန်ယာဉ်မောင်းလိုင်စင်လားခင်ဗျာ 50cc လိုင်စင်လားခင်ဗျာ
@Mei4223
@Mei4223 5 месяцев назад
တက္ကသိုလ် first year နဲ့နားထားတယ်ဆိုရင် သတင်းစာစကော်လာရလောက်လားရှင့်
@YeThihaTun-jl1kl
@YeThihaTun-jl1kl 5 месяцев назад
ပညာသင်နှစ်သက်တမ်း၁၁နှစ် (Uni first year)ရှိရမယ်ဆိုပေမယ့် အေဂျင်စီကထောက်ခံပေးရင်ရပါတယ် တချို့တွေလဲ ၁၀တန်းအောင်နဲ့လာပါတယ် အဓိကက ဂျပန်စာအရည်ချင်းပါ
@Mei4223
@Mei4223 5 месяцев назад
ဟုတ်ကျေးဇူးပါရှင့်❤
@SuSu-br7fo
@SuSu-br7fo 4 месяца назад
​@@YeThihaTun-jl1klဒါပေမယ့်ပထမနှစ်အောင်မှလို့သူတို့ကပြောထားတယ်ရှင့်
@YeThihaTun-jl1kl
@YeThihaTun-jl1kl 4 месяца назад
@@SuSu-br7fo ခုလက်ရှိ တက္ကသိုလ်ပထမနှစ်မပြီးသေးပဲ သတင်းစာစကော်လာနဲ့လာပြီး အလုပ်လုပ်ကြတာတွေ ရှိပါတယ်။ နောက်နှစ်၂လပိုင်းမှာတောင် language school က‌ေန တက်ပြီးတော့မှာပါ
@aungyinthant9992
@aungyinthant9992 3 месяца назад
ကောလိပ်ပထမနှစ်ကောရလားဘရို ဖြေပေးပါpls
@YeThihaTun-jl1kl
@YeThihaTun-jl1kl 3 месяца назад
@@aungyinthant9992 language school တက်နေတုန်း သတင်းစာပို့တာဘလိုအခြေနေရှိတယ်နဲ့ဆိုင်ပါတယ်။ 奨学金ကဆိုင်တိုင်းတော့မပေးပေမဲ့ ပေးတဲ့ဆိုင်များပါတယ်။
@aungyinthant9992
@aungyinthant9992 3 месяца назад
@@YeThihaTun-jl1kl မဟုတ်ဘူးလေဘရို ကောလိပ်ပထမနှစ်နဲ့ language school လာလို့ရလား တက္ကသိုလ် ပထမနှစ်ပြောလို့ပါ
@aungyinthant9992
@aungyinthant9992 3 месяца назад
@@YeThihaTun-jl1kl ကျန်တောက ကောလိပ်ပထမနှစ်နဲ့ Lsလာချင်လို့ပါ
@YeThihaTun-jl1kl
@YeThihaTun-jl1kl 3 месяца назад
@@aungyinthant9992 ရပါတယ်
@nyiyelynn9886
@nyiyelynn9886 7 месяцев назад
အစောင် ၂၀၀ ကို အကုန်ပို့ဖို့ ဘယ်လိုမှတ်မိနေရမလဲ bro လမ်းကြောင်းကရော ဘယ်‌လိုပြောပြလဲ
@YeThihaTun-jl1kl
@YeThihaTun-jl1kl 6 месяцев назад
လေ့ကျင့်မှုများရင်မှတ်မိလာပါလိမ့်မယ်။ ကိုယ်သတင်းစာပို့ရ မယ့်အိမ်လိပ်စာတွေကို မျှား လေးတွေနဲ့ လမ်းကြောင်း အတိုဆွဲပြပါတယ်။ဘေးကနေ ဂျပန်စီနီယာက လိုက်ပြပေးပါတယ်။ ၂ရက်လောက် လိုက်ပြပါတယ် ။ ကျနော့တုန်းက ၆ရက်လောက် ကိုယ့်ဟာကို နေရာလိုက်ကြည့်ပြီး သတင်းစာစပို့ပါတယ်
@jakeren9035
@jakeren9035 24 дня назад
passport ကရော ဘယ်passport နဲ့သွားရတာလဲ အစ်ကို Pv နဲ့လား
@YeThihaTun-jl1kl
@YeThihaTun-jl1kl 24 дня назад
@@jakeren9035 PV ပါပဲဗျ
@NweYinWin-t7b
@NweYinWin-t7b 8 месяцев назад
မိန်းကလေးလုပ်တဲ့လူကောရှိလားအစ်ကို မတွေ့ဖူးလို့
@YeThihaTun-jl1kl
@YeThihaTun-jl1kl 8 месяцев назад
ရှိပါတယ် ကျနော်လာခဲ့တဲ့ ၉ယောက်အသုတ်မှာတောင် မိန်းကလေး၂ယောက်ပါပါတယ်။ ဂျပန်မှာလဲ ဂျပန်လူမျိုးမိန်းကလေး သတင်းစာပို့တာရှိပါတယ် နဲပါတယ်
@MyoMin-h5p
@MyoMin-h5p 2 месяца назад
ဘာကြောင့်သတင်းစာစကော်လာကိ​ု ရွှေးချယ်တာလဲဆိုတာ ဘယ်လိုဖြေရမလဲခင်ဗျ
@YeThihaTun-jl1kl
@YeThihaTun-jl1kl 2 месяца назад
@@MyoMin-h5p ru-vid.com/video/%D0%B2%D0%B8%D0%B4%D0%B5%D0%BE-TdEDqDPQdCw.htmlsi=RWlLdNc2mZCjKRSn
@YeThihaTun-jl1kl
@YeThihaTun-jl1kl 2 месяца назад
@@MyoMin-h5p ru-vid.com/video/%D0%B2%D0%B8%D0%B4%D0%B5%D0%BE-TdEDqDPQdCw.htmlsi=RWlLdNc2mZCjKRSn
@Scarlett-mf5bl
@Scarlett-mf5bl 4 месяца назад
သတင်းစာ စကော်လာ မိန်းခလေးလျှောက်မယ်ဆိုရော အဆင်ပြေလား နော် 🤍
@YeThihaTun-jl1kl
@YeThihaTun-jl1kl 4 месяца назад
အပင်ပန်းခံနိုင်စွမ်းရှိတဲ့ဘသူမဆိုရပါတယ် မိန်းကလေးတွေလဲ သတင်းစာပို့နေကြတာအများကြီးပါခင်ဗျာ မြန်မာတင်မက တခြားနိုင်ငံကမိန်းကလေးလဲ သတင်းစာပို့တဲ့သူရှိပါတယ်
@kaungmyatsoe4551
@kaungmyatsoe4551 8 месяцев назад
သတင်းစာ scholar ရရင် LS က သတင်းစာတိုက်ကရွေးပေးတာလား ဒါမှမဟုတ် ကို့ဘာသာကိုရှာရတာလား bro scholar ရတာနဲ့ LS ကိုရွေးပေးထားတာလား bro
@YeThihaTun-jl1kl
@YeThihaTun-jl1kl 8 месяцев назад
ဂျပန်ဘက်သတင်းစာ အေဂျင်စီဘက်ကအ ကုန်ရှာပေးတာပါ လိုင်စင်လဲလိုက်လုပ်ပေးပါတယ် ဂျပန်မှာ
@kaungmyatsoe4551
@kaungmyatsoe4551 8 месяцев назад
@nandarwin5561
@nandarwin5561 2 месяца назад
သူက show moneyပြဖို့လိုသေးလားဟင်
@YeThihaTun-jl1kl
@YeThihaTun-jl1kl 2 месяца назад
@@nandarwin5561 ဟုတ် အပြင်အေဂျင်စီဆိုလိုပါတယ်၊ Maja ကမလိုပါ
@YeThihaTun-jl1kl
@YeThihaTun-jl1kl 2 месяца назад
ru-vid.com/video/%D0%B2%D0%B8%D0%B4%D0%B5%D0%BE-TdEDqDPQdCw.htmlsi=6CFRY35cG83eADrb
@SoeMyatMin-eg1du
@SoeMyatMin-eg1du 6 месяцев назад
၁၀န်းအမှတ်ကောင်းမှလား အကို
@YeThihaTun-jl1kl
@YeThihaTun-jl1kl 6 месяцев назад
10တန်းအမှတ်မကြည့်ပါဘူးဗျ
@PhweSuKyawt-hd5nq
@PhweSuKyawt-hd5nq 2 месяца назад
သတင်းစာစကော်လာကသွေးစစ်ရသေးလားရှင့်
@YeThihaTun-jl1kl
@YeThihaTun-jl1kl 2 месяца назад
@@PhweSuKyawt-hd5nq စစ်ရပါတယ် ကျန်းမာရေးကောင်းမှခေါ်တဲ့စကော်လာမျိုးပါ
@MomoChaw-e8w
@MomoChaw-e8w Месяц назад
သတင်းစာsholarကိုလျှောက်ရင်ရလွယ်လား
@YeThihaTun-jl1kl
@YeThihaTun-jl1kl Месяц назад
@@MomoChaw-e8w scholar မို့ ရိုးရိုးကျောင်းကိစ္စလုပ်တာထက်တော့ ခက်ပါတယ်။ အဲ့လောက်တော့မရိုးရှင်းဘူးလို့ထင်ပါတယ်။ အင်တာဗျူးပ်ုဖြေရတာမျိုး Weight တင်ရတာမျိုး ပါ လိုင်စင်မဖြစ်မနေ ယူသွားရတာမျိုး Japan စာ level ပိုလိုတာမျိုးပါ
@MomoChaw-e8w
@MomoChaw-e8w Месяц назад
@@YeThihaTun-jl1kl ဘယ်မှာလျှောက်လို့ရလဲရှင့်
@MomoChaw-e8w
@MomoChaw-e8w Месяц назад
ပညာရေးနဲ့ပတ်သက်တဲ့အချက်အလက်တွေတို့ တခြားပြင်ဆင်ရတာတွေရောရှိလား
@SuSu-br7fo
@SuSu-br7fo 4 месяца назад
ပထမနှစ်အောင်မြင်ကြောင်းတို့ဘာတို့ကိုသေချာစစ်တာလားမသိဘူးရှင့်
@YeThihaTun-jl1kl
@YeThihaTun-jl1kl 4 месяца назад
အေဂျင်စီဘက်က ပညာရေး ထောက်ခံစာနဲ့ဆိုရပါတယ်
@SuSu-br7fo
@SuSu-br7fo 4 месяца назад
@@YeThihaTun-jl1kl majaကလျှောက်မှာဆိုတော့လေပထမနှစ်အောင်မြင်ကြောင်းကိုသေချာစစ်တာလားမသိဘူးရှင့် ညီမက reject ထိမှာဆိုးလို့ရှင့်
@YeThihaTun-jl1kl
@YeThihaTun-jl1kl 4 месяца назад
အရမ်းမစီစစ်ပါဘူး
@SuSu-br7fo
@SuSu-br7fo 4 месяца назад
@@YeThihaTun-jl1kl အခုလိုပြောပြပေးလို့ ကျေးဇူးတင်ပါတယ်နော်
@shweyiaung4710
@shweyiaung4710 9 месяцев назад
ဘယ်agencyနဲ့သွားတာလဲရှင့်
@YeThihaTun-jl1kl
@YeThihaTun-jl1kl 8 месяцев назад
m.facebook.com/story.php?story_fbid=pfbid0AGvp4NWK8C24kdyW4yNUmgkLVQJubqepZBcRDbiMDWkx91a9QvbXDFnWgX7P11QYl&id=100048256905032&mibextid=Nif5oz Kumudua language training school ပါဗျ
@SusuHlaing-pn9hc
@SusuHlaing-pn9hc 9 месяцев назад
သတင်းစာစကော်လာနဲ့ပတ်သတ်ပီးအင်တာဗျူးတွက်ပြင်ဆင်စရာတွေအတွက်vdလေးတင်ပေးပါရှင့်
@YeThihaTun-jl1kl
@YeThihaTun-jl1kl 9 месяцев назад
Interview တွေကတော့ အခြေခံအားဖြင့် "အရမ်းပင်ပန်းမှာဖြစ်တဲ့တွက် ကျန်းကျန်းမာမာနဲ့စိတ်အားထက်သန်စွာ လုပ်နိုင်လား"ဆိုတဲ့မေးခွန်းကိုပဲ အဓိကမေးတာပါ၊ ကျန်တာကတော့ grammar form ကျကျပြောတတ်ရတာတို့၊ သူမေးတဲ့မေးခွန်းတိုင်းအပြုံးမပြတ်ဖြေနိုင်ရင်ရပါတယ် ။ interview ကကျနော့တုန်းက ၃ခါလောက်ဗျူးရပါတယ်။ အရမ်းမခက်ပါဘူး။
@YeThihaTun-jl1kl
@YeThihaTun-jl1kl 2 месяца назад
@@SusuHlaing-pn9hc ru-vid.com/video/%D0%B2%D0%B8%D0%B4%D0%B5%D0%BE-TdEDqDPQdCw.htmlsi=RWlLdNc2mZCjKRSn
@YeThihaTun-jl1kl
@YeThihaTun-jl1kl 2 месяца назад
@@SusuHlaing-pn9hc ru-vid.com/video/%D0%B2%D0%B8%D0%B4%D0%B5%D0%BE-TdEDqDPQdCw.htmlsi=RWlLdNc2mZCjKRSn
@chawzin9631
@chawzin9631 3 месяца назад
ပိတ်ရက်ကရောဘယ်လိုပေးလဲရှင့်
@YeThihaTun-jl1kl
@YeThihaTun-jl1kl 3 месяца назад
အမျိုးမျိုးရှိပါတယ် များသောအားဖြင့် ၁ပတ် ၁ရက် ၁လ၄ရက်ပါ ၁ပတ် ၂ရက်ပိတ်ပေးတဲ့ ရုံးရှိပေမဲ့ရှားပါတယ်
@chawzin9631
@chawzin9631 3 месяца назад
@@YeThihaTun-jl1kl public holidaysတွေရောပိတ်ပေးလားရှင့်
@YeThihaTun-jl1kl
@YeThihaTun-jl1kl 3 месяца назад
Public holiday မပိတ်ပါ
@YeThihaTun-jl1kl
@YeThihaTun-jl1kl 3 месяца назад
မိုးရွာရွာ မုန်တိုင်းရှိရှိ ကိုယ်ပို့ရတဲ့အလှည့်ဆိုပို့ရပါတယ်
@chawzin9631
@chawzin9631 3 месяца назад
@@YeThihaTun-jl1kl ဟုတ် ကျေးဇူးပါရှင့်
Далее
ကျောင်းအပြန် vlog
8:02
Просмотров 1,9 тыс.
Living life on the edge 😳 #wrc
00:17
Просмотров 4,8 млн
Китайка стучится Домой😂😆
00:18
Women’s Celebrations + Men’s 😮‍💨
00:20
Просмотров 2,8 млн
Practicing English and Burmese Vlog: Part 2
7:28
Просмотров 3,7 тыс.
Shinbun Scholar
4:20
Просмотров 1,2 тыс.
Living life on the edge 😳 #wrc
00:17
Просмотров 4,8 млн