Тёмный

DHAMMA KARMA CHANNEL
Подписаться 14 тыс.
Просмотров 23 тыс.
50% 1

#သာသနာနှစ်(၅၀၀၀)#ပြည့်သော်_ဖြစ်လာမည့်_အကြောင်းအရာ ( ၁၇)#ချက်
===============
ဓမ္မပဒကျမ်း အတွဲ( ၄) စာအုပ် စာမျက်နှာ ၃၆ . ၃၇ မှ ကူးယူဖော်ပြသည်။
#Credit_to_owner....✍
၁။ ကမ္ဘာတစ်ဝန်းက ဘုရားဓာတ်တော်တွေ ဗောဓိညောင်ပင်သို့ ပြန်စုပြီး နိမ္မိတဘုရား အဖြစ် တကြိမ်တရားဟောမည်။
၂။တရားဟောသောအခါ နတ်ဗြဟ္မာများ ဝိဇ္ဇာပုဂ္ဂိုလ်များ အရိယာသောတာပန်များ သူတော်စဉ်ရသေ့များ တရားနာကြားပြီး ကျွတ်တမ်းဝင်ကြမည်။
၃။တရားဟောပြီးသောအခါ နိမ္မိတဘုရားသည် ဓာတ်တော် ပြန်ဖြစ်ကာ ဓာတ်တော်သည်လည်း ထိုနေရာတွင် တေဇောဓာတ်မီးလောင်ကာ ချုပ်ငြိမ်းသွားတော့မည်။
၄။ထိုအချိန်တွင် လူသက်တမ်းက ၁၀ နှစ်သာရှိတော့ပြီး ၅ နှစ်တွင် အိမ်ထောင်ပြုကြမည်။
၅။ကြီးသူကိုရိုသေခြင်းမရှိတော့ဘဲ လောဘ ဒေါသ မောဟ များက အတိုင်းအဆမရှိ အားကြီးမည်။
၆။မကောင်းမှုဒုစရိုက်တွေသာ များပြီး ခိုးဆိုးလုနှိုက်သတ်ဖြတ်ကြပြီး တရားဥဒေ ကင်းမဲ့မည်။
၇။ တကမ္ဘာလုံး စစ်မီးများသာတောက်ပြီး လူများစွာ သေကြမည်။ စစ်မဖြစ်သော နေရာတွင် ကပ်သုံးပါးနှိပ်စက်၍ သေကြမည်။
၈။စစ်ဘေး ကပ်ဘေး ရန်ဘေးများ ကြောင့် သူတော်ကောင်း အနည်းစုသည် တောနက်ထဲ ဝင်ပုန်းကြမည်။
၉။ ကမ္ဘာတစ်ခုလုံး ကလူသားများ စစ်မီး ကပ်ဘေး များကြောင့် သေဆုံးကြသောအခါ တောနက်ထဲက သူတော်ကောင်း အနည်းစုသာကျန်မည်။
၁၀။ မြို့တိုင်းရွာတိုင်းသည် ပျက်စီးကာ လူသေများ အပုပ်များ ပြည့်နှက်နေကာ အချိန်ကြာသော် တောကြီးဖုံးအုပ် ကာ တောနက်ဖြစ်သွားမည်။
၁၁။ သူတော်ကောင်းတို့ နေသောတောနက်များသည် မြို့သစ်များ မြို့ကြီးများ ဖြစ်လာမည်။
၁၂။ သူတော်ကောင်းများသာ ရှိ၍ ကမ္ဘာတွင်အေးချမ်းသာယာမည်။ တက်ကပ်ပြန်ဖြစ်လာမည်။
၁၃။ လူ့သက်တမ်း ၁၀ နှစ် မှသည် တဖြည်းဖြည်းပြန်ရှည်ကာ တစ်သိန်းတမ်းအထိရှည်မည်။
၁၄။တစ်သိန်းတမ်းအထိရှည်ပြီး ဆုတ်ကပ်ပြန်ဖြစ်ကာ နှစ်ရှစ်သောင်းတမ်းတွင် အရိမေတ္တယ မြတ်စွာဘုရားပွင့်လိမ့်မည်။
၁၅။ အရိမေတ္တယ ဘုရားသည် လည်း သာသနာတော် နှစ် သုံးသိန်းခြောက်သောင်းထားခဲ့လိမ့်မည်။
၁၆။ ထိုသုံးသိန်းခြောက်သောင်းပြည့်သော် ဘုရားငါးဆူပြည့်၍ ဤ ဘဒ္ဒကမ္ဘာကြီး ပျက်စီးသွားမည်။
၁၇။ ပျက်စီးပြီးနောက် ( မဏ္ဍ)ကမ္ဘာအသစ်ပြန်ဖြစ်မည်။ ထိုကမ္ဘာတွင် ဘုရား နှစ်ဆူ ပွင့်မည်။
ဤအကြောင်းအရာများသည် မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်အခါ ရှင်သာရိပုတ္တရာမှ မေးလျောက်သဖြင့် မြတ်စွာဘုရားက ဖြေကြားခဲ့လေသည်။ သာသနာငါးထောင်ပြည့်သော် ဗောဓိညောင်ပင်တွင် ဓာတ်တော်များပြန်စုရန် မြတ်စွာဘုရားက ပရိနိဗ္ဗာန် မပြုခင် ဘုရားရှင်ကိုယ်တိုင် အဓိဌာန်ထားရှိခဲ့လေသည်။
(သာသနာ နှစ်(၅၀၀၀)ဆိုသည် မှာ ဘုရားပရိနိဗ္ဗာန်ပြုသည့်နေ့မှ စ၍ ရေတွက်လေသည်။ယခုဆိုလျင် သာသနာနှစ် ၂၅၆၄ ခုနှစ်ရှိပြီဖြစ်လေသည်။) ၆၇
ထိုနောက် မြတ်စွာဘုရားသည် ရှင်သာရိပုတ္တရာအား ဟောကြားသည်မှာ ချစ်သား
ငါဘုရား၏သာသနာ နှစ်ငါး(၅၀၀၀) အတွင်းမှာ
သာသနာပြု မင်းငယ် (၁၀၇)ပါး နဲ့ သာသနာပြု မင်းကြီး ( ၂)ပါး ပေါ်ထွန်းလိမ့်မယ်။
ရှင်သာရိပုတ္တရာ။ ဘယ်လိုမင်းကြီး မင်းငယ်လဲဘုရား
ချစ်သား သာရိပုတ္တရာ မင်းငယ်ဆိုသည်မှာ မိမိအုပ်ချုပ်သော တိုင်းပြည်တွင်း ၌ ငါဘုရား၏ သာသနာကို ထွန်းလင်းစေသည်။ မင်းကြီးဆိုသည်မှာ ငါဘုရား၏ သာသနာအား အရပ်လေးမျက်နှာကို ဖြန့်ကျက်လိမ့်မည်။
ထိုမင်းကြီး ( ၂) ပါးသည် ငါဘုရား၏ သာသနာနှစ် (၅၀၀၀)တွင် (၂၅၀၀)တိုင်းတွင် တစ်ပါးစီပေါ်လိမ့်မည်။
ပထမ မင်းတစ်ပါးသည် ငါဘုရား၏သာသနာ နှစ် ( ၅၀၀)အတွင်း ပေါ်မည်ဖြစ်ပြီး တိုင်းနိူင်ငံ ပေါင်းများစွာကို ဖြန့်ကျက်ထွန်းလင်းစေမည်။
ဒုတိယ မင်းတစ်ပါးသည် ငါဘုရား၏ သာသနာနှစ် (၂၅၀၀)ပြည့်ပြီး ကျန်ရှိသောနောက်ထပ်(၂၅၀၀) နှစ်အတွင်းပေါ်လိမ့်မည်။ငါဘုရား၏ သာသနာနှစ် ( ၂၆၀၀)တွင်ဖြစ်လိမ့်မည်။ထိုမင်းသည် စစ်မက်ကိုမလိုလားသော အေးချမ်းသောမင်းဖြစ်ကာ ငါဘုရား၏ တရားဓမ္မကို မွေ့လျော် ကျွမ်းကျင်ပြီး သာသနာတော်အား ဇမ္မူတစ်ခွင့်ဖြန့်ကျက်လိမ့်မယ် ချစ်သား သာရိပုတ္တရာ။
ဓမ္မပဒကျမ်း အတွဲ( ၄) စာအုပ် စာမျက်နှာ ၃၆ . ၃၇ မှ ကူးယူဖော်ပြသည်။
#Credit_to_owner....✍
#DHAMMA KARMA Channel
#buddha
#dhamma
#buddhism
#buddhist
#တရားတော်
#တရားတော်များ
#တရားတော်များစုစည်းရာ
#dhammachannel
#မြတ်စွာဘုရား
#buddhateachings
#buddhaquotes
#buddhastory
#buddha_stories
#buddhainspired
#buddhapurnima2023
#buddha_face_carving

Опубликовано:

 

6 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 15   
@winkyi5849
@winkyi5849 Месяц назад
🙏🙏🙏🙇‍♀️
@user-eo5vp7di4cဉီစောမွန်အောင်
ဗုဒ္ဓဘုရာသဘာဝတရာမှာဟောထာသည်ကမ္ဘာတည်တ၍သာသနာတည်ရမည်အဘိဓမ္မာမဟာကုလိုလ်အကျယ်မှာရှာကြည့်ပါ
@ohmaraung8474
@ohmaraung8474 5 месяцев назад
ကျေးဇူးတင်ပါတယ်ရှင့်
@DHAMMAKARMACHANNEL
@DHAMMAKARMACHANNEL 5 месяцев назад
ဟုတ်ကဲ့
@PyaeSone-lm4yu
@PyaeSone-lm4yu 6 месяцев назад
မှန်လှပါဘုရား ဘာသာ​ရေးများများလုပ်ကြပါ ဆုပ်ကပ်​ရောက်​နေပါဘီ🙏🙏
@aungthu3890
@aungthu3890 7 месяцев назад
အခုတောင် သံဃာအတုတွေ ဘာသာတိုင်းမှာနိုင်ငံတိုင်းမှာဆင်းရဲအောင်လုပ်ပြီးပြီးရင်အစိုးရရဲနဲ့ပြည်သူတွေနဲ့ဥပဒေတွေနဲ့နှိပ်ကွက်ကြောက်ရွံအောင်လုပ်ပြီးတခြားနိုင်ငံကနေ့ဝင်မစွတ်ဖက်အောင်လဲသူတို့အမျိုးသားရေးဘာသာရေးဆိုပြီးအချိတ်အဆက်လုပ်ပြီး ကမ္ဘာစစ်တောင်ဖြစ်နိုင်သေးတဲ့ မိဘတွေငါသားသမီးတွေ ငါတို့မရှိရင်ဒီကမ္ဘာကြီးမှာ ဘယ့်လိုနေမလဲ ဆိုတဲ့စိတ်မရှိပဲ ဖြစ်ဘုန်းကြီးတွေကလဲလောဘနဲ့ လုပ်လူတွေကလဲလောဘတရားတွေကြောင့် ငါတို့ကဆင်းရဲပြီးတခြားသူတွေချမ်းသာတာကိုကြည့်ပြီး လူခိင်ဖျက်ချင်တော့ဆူပူမှုဖြစ်ရင် လုလို့ရတဲ့ပြုလို့ရတဲ့ အဲ့မှာ အစိုးရပိုင်းကရဲကလဲပါရင် အမှုလဲမပေါ်တော့ ဒုစရိုက်မှုက ဘာသာရေးမှိုင်းကိုလုပ်ပြီးတော့ လုပ်နေမှာပဲသူတို့က ဥပဒေအရရှင်းစရာမလိုဘူး ဥပဒေအရဆိုရင်ပြေးပြီ အဲ့တော့အခုတောင်ကမ္ဘာကြီးပျက်စီးဖို့နည်းနည်းပဲကျန်တဲ့အချိန်မီလူအများကိုယ့်သားသမီးရှေ့ရေးအတွက်ဝိုင်းမထိန်းရင်အဲ့ဒါကြောင့်ဓဇ္ဇကသုတ်ကိုမြတ်စွာဘုရားကထားခဲ့တာသိကြားသာသနာဆိုတာက နတ်တွေနဲ့ဆိုင်တဲ့ သူတို့ဘုံလဲဘုရားတဆူနဲ့တဆူကြား အခုသာသနာအတွင်းမှာသူတို့လဲ တုတိသာ တာဝတိံသာ စတုမဟာရာဇ်နတ်ပြည်မှာစူဠသောတာပန်တွေကများတဲ့ သူတို့နတ်သက်နဲ့ တောင်အခုသာသနာအတွင်းမှာ လူပြန်ဖြစ်တဲ့သူနဲ့ ဒါန သီလ လောက်နဲ့ရောက်ပြီး ငရဲ တိရစ္ဆာန် ရောက်တဲ့သူတွေလဲရှိလို့ သူတို့ထိတ်လန့်သေးလို့ သာသနာကိုဝိပသာနာတရားကိုစောက်ရှောက်နေကျတာ လူပြည်ကိုကြည့်နေတာ လူတွေရဲ့ကောင်းမှုကုသိုလ်တွေကိုယူပြီးပြန်ကယ်တင်နေတာ နတ်ပြည်မှာဘုရားတဆူနဲ့တဆူကြားသရဏံဂုဏ်ကို ရွတ်ပြီး သေရင်တောင်မေ့လျော့ပြီးအဲ့ဘုံကမြဲတဲ့ဆိုပြီးငါကုသိုလ်ကံကြောင့်ရောက်ရတဲ့ဆိုပြီးတော့ အယူရှိရင် အပ္ပါယ်ငရဲလဲကျနိုင်တာကိုသိတဲ့ဒါကြောင့်ခရစ်ယာဘာသာမှာလဲ သခင်ယေရှု့က father အဖေနေရာကနေ့တမန်တော်အဖြစ် ကိုယ့်သားသမီးကလေးတွေရှိတဲ့လူတွေကို သန့်ရှင်းသောစိတ်နဲ့ နေပြီး တော့ နေဖို့ အရက်သေစာမကောင်းမှု မလုပ်ဖို့ ကိုကောင်းမှုကုသိုလ်နဲ့စင်ကြယ်ကျဖို့ သူကညွှန်ပြတော့ မကောင်းမှုလုပ်တဲ့သူတွေကအခုလိုပဲအာဏာပိုင်တွေနဲ့ပေါင်းပြီးသတ်တာပဲ ဘုရင် ကနောက်မှသိတော့လူတွေမကျေနပ်ဖြစ်တဲ့အခါ ကိုးကွယ့်မှုဘာသာတရားအဖြစ် ထုတ်ပြန်တာပဲ အဲ့ဒါကြောင့်မိုဟာမက်တို့ဘက်ကအဲ့အချိန်ကအရက်ဆိုင်တွေ ဘာတွေမရှိပဲသူဘာသာတရားက ဥပဒေတရပ်အနေနှင့်တောင်ရှင်ဘုရင်တွေကသူတို့လဲကျင့်ထားတော့ရလို့ ဥပဒေတရပ်အနေနဲ့နဲ့တောင်ထုတ်ပြန်ထားတာအခုအစ္စရေးဘက်ကိုကြည့်လေ စုတ်ပြတ်ပြီးဘာမှလုပ်စားလို့မရတဲ့နိုင်ငံကအစ္စရေးဘက်မှာ အရက်သေစာ တွေ မူးယစ်ဆေး တွေ အလွယ်တကူသွင်းလို့မရအောင် ဖိနှိပ်ထားလို့ တိုးတက်လာတဲ့ အမေရိကန်နိုင်ငံလဲကြည့်လေ ဥပဒေတွေထဲမှာ ပြဠာန်းထားပြီး သောက်တဲ့သူတွေလဲဥပဒေထဲကနေ့သောက်ဖို့ ထည့်သွင်းထားတဲ့ဒါကြောင့်နိုင်ငံလဲတိုးတက်နေတာ မြန်မာပြည်ကိုကြည့်လေ အရက်ဆိုင်က ဈေးတခုမှာသုံးဆိုင်လောက်ရှိတဲ့ဒါတောင် နေဝင်းအာဏာသိန်းပြီးမှ ဘိန်းစိုက်ပြီးတော့ လုပ်တော့အခု အာဖဂန် ဘုရားပုထိုးတွေရှိတဲ့ သံဃာမရှိဘူး သူတို့နိုင်ငံလဲသူတို့ကိုးကွယ်နေတဲ့ဘာသာတရားကတူနေတာတောင်မှ ကောင်းတဲ့လမ်းညွှန်တဲ့ဘာသာရေးဆရာတွေကို အစ္စလာမ်ဘာသာတရားနဲ့မညီဘူးဆိုပြီးသေနတ်ကိုင်ပြီးဖိနှိပ်ပြီး လုပ်လာလို့ တာလီဘန် ကျောင်းသားအစုဆိုပြီးဖြစ်လာပြီးအဲ့တာလီဘန်ထဲမှာမှ အစိုးရနဲ့ပေါင်းပြီးစီးပွားရှာပြီး ဘာသာတရားအကြောင့်ပြပြီး အကြမ်းဖက်မှုတွေလုပ်ပြီး နိုင်ငံတွေကို ပြသာနာရှာပြီးရင်သူတို့ခေါင်းကြီးပိုင်းကရှင်းလို့မရရင်ပြေးသေရင်သူတို့သာကောင်းကင်ဘုံဘုရားသခင်နားမှာရောက်မယ့်ဆိုရင် သူတို့ကိုသူတို့အရင်သတ်သေပြီးတော့သွားပြီရှင်းမရဘူးသိမှကိုယ့်ကိုကိုယ့်သတ်မသေဘူး
@user-bk8xg7wx1i
@user-bk8xg7wx1i 6 месяцев назад
🙏🙏🙏.......
@hlamyo1274
@hlamyo1274 7 месяцев назад
တူရကီ😊ဆီရီးယား😊ချော်တန်😊ဆော််ဒီအာရေဗျာ😊အီရတ်😊 အီရန်😊ပါကစ္စတန်😊အာဂပန်နစ္စတန်😊အာရှကင်😊ကူဝိတ်😊ဘာရိန်😊ကာသာ😊အိုမင်း😊အိုန်း😊အီသီယိုးပီယား😊ကင်ညာ😊တို့သည်အရှင်သုစိတ္တပရဟိတမလွန်ဆန်အသင်းဖွဲ့ထားသည်ဆိုဒဲ့အမိန့်ဂတိရှိ မရှိကျန်မကျန် 😊။ 😊
@user-di6zo2xy5r
@user-di6zo2xy5r 6 месяцев назад
အသေခ်ၤထိ႐ွည္မွာမဟုတ္ဘူးလား
@user-eo5vp7di4cဉီစောမွန်အောင်
ဒီမိုကရေစီသည်ဘာသာပေါင်စုံသုံးရှင်သန်လွတ်မြောက်သောဒီမိုကရေစီဖြင့်၏ဒီမိုကရေစီဆိုတာအကျင့်တရာနဲ့ကျင့်မှဝေဖန်ပုချခြင်ကင်ရမည်ခွင်ရေယူခြင်ကင်ရမည်ကို့ဒုက္ခချပြခြင်ကင်ရမည်သူတပါထိပါမှုပြောဆိုခြင်ကင်ရမည်တန်တူမေတ္တာနဲ့နေရမည်ဗိုလ်ချုပ်အောင်ဆန်ရဲ့ဝါဒဖြစ်သည်တိုင်ပြည်အုပ်ချုပ်လို့မရတဲ့ပရဟိတတပ်မတာ်သာကိုဝေဖန်မရှိဆင်ရဲသာတွေသေခံပြည်သူကျင့်ရမယ်ဒီမိုကရေစီကိုမကျင့်ဘယ်တောင်ယူလို့မရတဲ့အရာဆင်ရဲသာမျာခွင်သမာဖြစ်အနစ်မရှိပါတီစွဲအနာဂတ်ကလေတွေသေပွဲဝင်ရ၏အဖြစ်မရှိတဲ့ပရဟိစစ်သာစိတ်စိတ်မွာမွာသွေခွဲကြ၏ဒါကအနာဂတ်အလှလာပညာနဲ့တွေပြီမီမွှေပါအတ္တနဲ့တွေရင်တွေချောင်စီပြီအတ္တပင်လယ်မြစ်ငယ်ဖြစ်အောင်အနာဂတ်လူငယ်အတွက်ပညာရမက်ပေသင့်ကိုအသိပညာရှင်အတတ်ပညာရှင်တို့သိဖို့လိုအပ်နေပြီ
@aungkyi8393
@aungkyi8393 6 месяцев назад
ကျေးဇူများလှပါသည်
@tanakon6989
@tanakon6989 6 месяцев назад
🙏🙏🙏
@Ulay-jj9ll
@Ulay-jj9ll 6 месяцев назад
ကျေးဇူးအများကြီးတင်ပါတယ်သာဓုခေါ်ဆိုနိုင်ကြပါစေ
@ukoko8753
@ukoko8753 6 месяцев назад
အနှစ်ငါးထောင်ပြည့်ရင်ဗုဒ္ဓဘုရားရှင်အားဖူးရမဲ့အထဲမှာလူသားတွေမပါဘူး
@user-fb4ce7ds8h
@user-fb4ce7ds8h 7 месяцев назад
သာဓုသာဓုသာဓုပါဘုရား🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
Далее
Fake watermelon by Secret Vlog
00:16
Просмотров 4,7 млн