Тёмный

သားမြေးတွေခြံရံ၍ - ဆင်ဖြူကျွန်းအောင်သိန်း (ကိုဆေးရိုးဝတ္ထုတိုပေါင်းချုပ်) 

Listener's Heaven
Подписаться 98 тыс.
Просмотров 984
50% 1

သားမြေးတွေခြံရံ၍
ကိုဆေးရိုးဝတ္ထုတိုပေါင်းချုပ်
စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
စာဖတ်သူ - အိမ့်ထက်
ကြာချိန် - ၂၀မိနစ်
စာမြည်း
“အမေကြီး ပြောင်းဖူးပေါက်ပေါက် လှော်ကျွေး မယ်၊ ကောင်းကောင်းနေကြ၊ ကြားလား”
ဟူ၍ ဆက် လိုက်သောအခါ “ဝေး” ခနဲအော်လိုက်ကြသည်။
“ဖြစ်လာပြီလား ဟင်” အိုးကွဲကရွတ်ကြီး ကောက်ကိုင်ကာ အံကြိတ်သံ ဖြင့်ကြိမ်းမှ ငြိမ်သွားကြ၏။ ရမ်းဘိုကုန်းရွာသည် မချောစိန်တို့ အပျိုအရွယ်ကလောက် မရှားပါးတော့ ပါ။ ပိုက်ဆံသာရှိလျှင် ရွာတောင်ဖျား တာလမ်းဘေး၌ သရေစာအတိုအထွာ ဆိုင်ကလေးတွေ ရှိပါသည်။ သစ်ဆိုင်နားရောက်အောင်သွားနိုင်လျှင်မူ မုန့်ဟင်းခါး၊ ငါးပေါင်းကြော်၊ အသုပ်စုံ ရနိုင်သည်။ သည်နှယ်ရှိ နေပေငြား ပါးစပ်ခုနစ်ပေါက်အတွက် ရီးကျီးဒန် ဝယ် မကျွေးနိုင်ပါ။ ငွေကြေးဖြင့် မဝယ်နိုင်ပေမယ့် ကလေး တို့ အာသာပြေစေရန် အကုန်အကျလည်းနည်းပါး၊ ကလေးများလည်း သဘောကျမည့် ပြောင်းဖူးပေါက် ပေါက်ကို ကြံစည်ရခြင်းဖြစ်ပေ၏။ မကြာမီပင် မြူအိုးတစ်လုံးကို ယောက်မဖြင့် မွှေ သံကို ဝါပြန့်ဘေးမှ ကလေးများ ကြားကြရသည်။ အိုးမှာ ထန်းသမားသုံးသော မြူအိုးဖြစ်၏။ မြူအိုး သည် မြေထမင်းအိုး၊ ဟင်းအိုးထက် ထူသောကြောင့် ရုတ်ခြည်းကွဲမည် မစိုးရိမ်ရသည့်အတွက် လှော်သည့် ကိစ္စများတွင် ရီးကျီးဒန် သုံးစွဲလေ့ရှိ၏။ ရွှေသံကို ကလေးများ ကြားနေရခြင်းမှာ အိုးထဲ တွင် သဲထည့်ပြီး မွှေနေခြင်းဖြစ်၏။ သဲပူမှ ပြောင်းဖူး စေ့ ထည့်လိမ့်မည်။ ရွှေသံရပ်သွားပြီးနောက် မကြာမီ တဖြောင်းဖြောင်း အသံများကို ကြားကြရလေသည်။
“ပစ်ပြီကွ”
[ယခု စာအုပ်များ ကို ကြော်ငြာ မပါဘဲ .mp3 နဲ့ လိုချင်ရင် အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။]
အဖွဲ့ဝင်လိုပါက အခု link မှတစ်ဆင့် (သို့မဟုတ် ) facebook messenger မှတစ်ဆင့် စာပို့ထားပေးပါ။
✅ link
m.me/listenersh...
(သို့) viberlink
invite.viber.c...

Развлечения

Опубликовано:

 

5 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 2   
Далее
skibidi toilet multiverse 042 Trailer
01:57
Просмотров 2,9 млн
Mcdonalds cups and ball trick 🤯🥤 #shorts
00:25
Просмотров 403 тыс.
ОТКАЗАЛИ ТОРМОЗА #shorts
0:27
Просмотров 6 млн