သိန်း ၂၀၀၀ ကျော်တန်တဲ့ အိမ်နဲ့ခြံကို ရောင်းပြီး အောက်ဆီဂျင်လှူမယ့်သူ
================================
" လူဟာ အသက်ရှင်နေသမျှ ကာလပတ်လုံး ဘဝကို ပြန်စလို့ရတယ်။ အားလုံးကို အသက်ရှင်ခွင့်ပေးခြင်တယ်။ဒါကြောင့်မို့လို့ အိမ်ကိုရောင်းချပြီးတော့ တကယ်လို့များ အောက်ဆီဂျင်အိုးနဲ့ လဲလှယ်ပေးမယ့်သူရှိရင် ကျွန်တော့မြို့က လူတွေရော ပြည်သူတွေကိုပါ ပေးချင်ပါတယ်"
ဟင်္သာတခရိုင် လူနာတင်ယာဉ်၊ နာရေးနှင့် သဘာဝဘေးကူညီမှုပရဟိတအဖွဲ့များကွန်ရက်ရဲ့ ဒု ဥက္ကဌ(စီမံ) ဖြစ်တဲ့ ဦးထွန်းထွန်းနိုင်ဟာ ဟသ်ာတက သူတို့ မိသားစုနေထိုင်တဲ့ မြန်မာကျပ်ငွေ သိန်း ၂၀၀၀ ကျော်တန်တဲ့ အိမ်နဲ့ခြံကို ရောင်းချပြီး အောက်ဆီဂျင်အိုးတွေ လှူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
သူ့အနေနဲ့ ဘာကြောင့် အိမ်နဲ့ခြံကိုရောင်းပြီး အောက်ဆီဂျင်လှူဖို့ ဆုံးဖြတ်ခဲ့တာလဲဆိုတာကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါတယ်။
6 окт 2024