Myanmar Celebrity Dailay ၏ တရားအလှူ | သင်္ဂင်္ဟ ဂါထာတော် | တန်ပြန်ဂါထာ သရဖူဆောင်း ဂါထာ
=======================
ဂါထာတော် ၏ အစွမ်းနှင့် အသုံးပြုပုံ မှာ.. ရေ (သို့ ) ဆေး ကို ၃ ခေါက်ရွတ် ပြီး သောက်က ဆေးအာနိသင် ထက်မြတ်စေ၏ ။
၎င်း ဂါထာ အား ကျောက်စရစ်ခဲ လုံး ကို(၃၇) ခေါက်ရွတ်ဆို ပြီး အိမ်ပေါက်ဝ ထားက သူခိုး ဓားပြအန္တ ရာယ် ကင်းဝေး ၏ ။
ည အိပ်ရာဝင် (၇) ခေါက် ရွတ်ပြီးအိပ်က လောကီအစီအရင် စုန်း နတ် ပယောဂ ကင်း၏။
၎င်း ဂါထာ ကို နေ့ည မပြက် ရွတ်ဖတ် ပုတီးစိပ် က ဘုန်းတန်ခိုး အာနုဘော် ကြီးစေ၏ ။ကျက်သရေ တိုးစေ၏ ။ လူ နှင့် နတ်များ ချစ်ခင်၏ ။ သူတစ်ပါး မကောင်း မကြံစည်နိုင်။
ရောင်းကုန်စွံလိုလျှင် ရောင်းလိုသောပစ္စည်း အား ထိုဂါထာရွတ်ဖတ်ထားသော ရေ သနပ်ခါး ဖြင့် ပက်ဖြန်းပါ။ ၎င်း ဂါထာတော်သည် တာဝတိံသာ ဝေဇယန္တာနန်းမြို့လေးထောင့် တွင် စိုက်ထားသော ကျောက်တိုင်လေး တိုင် တွင် ရေး သား ထား သည့်ဂါ ထာ ဖြစ်လေ သည်။
1 окт 2024